2021.02.01LIFE&TREND
အမျိုးသား၊ အမျိုးသမီး ရုံးသမားတွေအတွက် အသင့်တော်ဆုံး တန်ဖိုးသင့်ရေမွှေ: (EAU DE PARFUM )

ဒီတစ်ခေါက်မှာတော့ နာမည်ကြီး Blogger ဖြစ်တဲ့ The Rosie Edit ရဲ့ ရီဗျူးတွေအပြီးမှာ တော်တော်များများစမ်းသုံးကြည့်ချင်ကြတဲ့ GG – EAU DE PARFUM
ရေမွှေးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မရိုစီရဲ့ ရီဗျိုးကို ကိုးကားပြီ: ဒီ Perfume set လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ သူ့မှာ White Princess, Pinky Queen, Golden King လို့ခေါ်တဲ့ အနံ့တွေပါ၀င်ပါတယ်။

White Princess
Top Note – Orange, Pear
Middle Note – Jasmine, Rose, Muguet, Freesia
Base Note – Musk, Amber, Patchouli
သူ့အနံ့က ပန်းနံ့ခပ်သင်းသင်းလေး။ ပန်းနံ့ပေမယ့် ခေါင်းမူးလောက်အောင်အီနေတာမျိုးလုံးဝမဟုတ်ဘူး။

စစချင်းစွတ်လိုက်ရင် pear (သစ်တော်သီးအနံ့) လိုမျိုးကပိုပြီးတော့ရတယ်။ စွတ်ပြီးနာရီဝက်လောက်နေရင် middle noteဖြစ်တဲ့ စံပယ်နဲ့ freesia ပန်းအနံ့ကိုပိုပြီးတော့ရတယ်။ အနံ့လေးရရင် စိတ်အေးတယ်။ ။ Base note ကစွတ်ပြီး တစ်နာရီခွဲအကြာလောက်မှာတက်လာတဲ့ musk နဲ့ patchouli အနံ့က လွင်လွင်လေးမွှေးပြီးတော့ ငြိမ်ငြိမ်လေးဖြစ်တယ်ပေါ့။ မိန်းကလေးဆန်တဲ့အနံ့မျိုး။ အနံ့ယဥ်ယဥ်သင်းသင်းလေးတွေကြိုက်တတ်ရင်ဒီတစ်ခုကိုကြိုက်မယ်လို့ထင်တယ်။ ဒ
Pinky Queen
Top Note – Lemon, Pineapple
Middle Note – Iris, Muguet, Orchid
Base Note – Sandalwood, Velvet Musk, Vanilla
သူကလည်း ယဥ်ယဥ်လေးနဲ့မွှေးတယ်။ ဒါပေမယ့် အနံ့က White Princess နဲ့ယှဥ်ရင်နည်းနည်းချိုတယ်။ ဒါပေမယ့် အီနေတာမျိုးမဟုတ်ဘူး။ စစချင်းဖြန်းလိုက်ရင် နာနတ်သီးနဲ့သံပယိုနံ့လိုမျိုးရတယ်။ ဒါပေမယ့် နာရီဝက်လောက်ကြာရင် တက်လာတဲ့ အနံ့ကတော်တော်မွှေးတယ်။ ပန်းနံ့မွှေးမွှေးလေး။ Base note အထိရောက်သွားချိန်မှာတော့ Sandalwood (နံ့သာ), Musk အနံ့ကိုရောပြီးတော့ အနံ့လေးနည်းနည်းစွက်ထားတာလေးက ကျန်ခဲ့တာ။ ပန်းနံ့နဲ့ ချိုမွှေးမွှေးအနံ့လေးမျိုးကိုကြိုက်ရင်ဒါမျိုးကိုစွတ်သင့်တယ်။ မိန်းကလေးဆန်ပြီး ချိုမွှေးမွှေးအနံ့လေးမျိုးကိုကြိုက်ရင်ဒီတစ်ခုကိုစမ်းကြည့်ဖို့ recommend လုပ်တယ်။

Golden King
Top Note – Bergamot, Orange, Lemon
Middle Note – Jasmine, Violet, Rose, Marine
Base Note – Musk, Cedarwood, Patchouli, Vanilla
သူကတော့ Powerful ဖြစ်တဲ့အနံ့။ ယောကျာ်းလေးတွေအတွက် ပိုသင့်တော်တဲ အပေါ်ကအနံ့တွေလိုမျိုး ပန်းနံ့တွေသိပ်မရှိဘူး။ Strong and powerful ဖြစ်တဲ့အနံ့ကိုကြိုက်တဲ့သူတွေကြိုက်မယ်။ သူက strong and confident ဖြစ်စေတဲ့ feeling ကိုရတယ်လို့ထင်တယ်။

ပြီးတော့ ဒီရေမွှေးတွေကအနံ့စွဲတဲ့အတွက် စွတ်ရင်တစ်နေရာကိုဘဲစွတ်သင့်တယ်။ တချို့တွေက လက်ကောက်ဝတ်ရော အင်္ကျီရောမှာစွတ်လိုက်တတ်လို့လေ။ ဒီရေမွှေးကို အဲ့ဒီလိုနေရာအများကြီးစွတ်လိုက်ရင် ရေမွှေးကိုတိုင်ကီလိုက်လောင်းချလိုက်သလိုဖြစ်ပြီး မွှေးကြိုင်နေတာထက်ကို ကိုယ့်နားဘယ်သူမှမကပ်ချင်တာမျိုး အနံ့ရပြီးမူးသွားတာမျိုးဖြစ်သွားမယ်။ တစ်နေရာကို အလွန်ဆုံး pump ကိုတစ်ခါ (အလွန်ဆုံးနှစ်ခါ) ညှစ်စာလောက်ဘဲစွတ်။

နောက်တစ်ခုက ရေမွှေးကိုပုလင်းထဲကထုတ်ရင်ပုလင်းအပြည့်မပါလာတာကိုတွေ့ရမယ်။ စိုးရိမ်စရာမရှိပါဘူး။ ရေမွှေးထုတ်တဲ့စက်ရုံက ရေမွှေးတွေကိုထည့်တဲ့အခါ စက်နဲ့ချိန်ပြီးထည့်တာဖြစ်တဲ့အတွက် ပါတဲ့ပမာဏကဘူးပေါ်မှာရေးထားတဲ့အတိုင်းဘဲပါမှာ။ ဘူးနဲ့အပြည့်ဘာလို့မထည့်ထားတာလည်းဆိုတော့ မတော်တဆယိုဖိတ်တာမျိုးဖြစ်သွားမှာစိုးတဲ့အတွက်ကြောင့်မို့ ပုလင်းကိုနည်းနည်းလေးပိုကြီးထားတာလို့ထင်တယ်။
ဈေးတွေအနေနဲ့ကလည်း reasonable ဖြစ်တယ်။
10 ml – 11,000 MMK
35 ml – 24,000 MMK
50 ml – 33,000 MMK (White Princess ဘဲရသေးတယ်။ သူကတော်တော်လေးကို popular ဖြစ်လို့ဆိုင်ကဘူးကြီးပါထုတ်လိုက်တာ)
ဆိုတော့ ကိုယ်ကဘူးအကြီးဝယ်မစွတ်ချင်ရင်တောင် 10 ml size လောက်ဝယ်ထားလည်းရတယ်။ 10 ml size ဆိုရင် တစ်နေ့တစ်ချက်စွတ်ရင်တောင် ၃-၄ လနီးပါးလောက်ခံမယ်လို့ထင်တယ်။ ပြီးတော့ ရေမွှေးအားလုံးကို Korea မှာထုတ်ပါတယ်။
ပစ္စည်းရဲ့ကွာလတီကို ကြည့်ပြီးမှ ရီဗျူးရေးပေးတတ်တဲ့ မရိုစီတစ်ယောက် က ပြောပြပေးထားဖြစ်လို့ ဒီရေမွှေးလေးကို စွတ်ကြည့်ရင် နောင်တမရနိုင်ပါတယ်။ စမ်းကြည့်ချင်တယ်ဆိုရင်တော့
Girl Generation korea comestic online store
မှာ သွားပြီးတော့စမ်းကြည့်လို့ရပါတယ်။ သွားပြီးစမ်းကြည့်ဖို့လည်းတိုက်တွန်းပါတယ်။
၀ယ်လည်း၀ယ်ယူနိုင်ပါတယ်။
By : Theingi Kyaw
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
မြန်မာငွေ ၆သောင်းကျော်ပေးရတဲ့ Kiehl’s Calendula Herbal Extract Alcohol Free Toner
-
SOCIAL
ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအတွက် ငွေထုတ် ယူခွင့် ရပ်ဆိုင်းကြောင်း သတင်းထုတ်ပြန်-ဖေဖော်ဝါရီ -၂၅
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ
Error: API requests are being delayed for this account. New posts will not be retrieved.
Log in as an administrator and view the Instagram Feed settings page for more details.