2020.12.24SOCIAL
မြို့နယ်လေးခုတွင် ထပ်နေသည့် မဲစာရင်းများနှင့် မဲမသမာမှု ဖြစ်စေနိုင်သော မဲစာရင်းများ စိစစ်တွေ့ရှိဟု တပ်မတော်ထုတ်ပြန်

၂၀၂၀ ရွေးကောက်ပွဲတွင် ကမ္ဘာ့ကပ်ရောဂါအပါအဝင် ရွေးကောက်ပွဲကြိုကာလတွင် ခြိမ်းခြောက်မှုများရှိခဲ့သော်လည်း ပြည်သူများက တစ်ခဲနက် မဲထွက်ပေးခဲ့ကြသည်။ ဓာတ်ပုံ −ဂျေမောင်မောင်(အမရပူရ)
By အောင်ဇော်ထွန်း၊ နိုင်လင်း
– ရရှိထားသည့် မဲစာရင်း PDF ဖိုင်များအား Excel ဖိုင်အဖြစ် ပြောင်းလဲပြီး မဲစာရင်းစိစစ်မှုများလုပ်ခဲ့ဟုဖော်ပြထား
– ရရှိထားသည့် မဲစာရင်း PDF ဖိုင်များအား Excel ဖိုင်အဖြစ် ပြောင်းလဲပြီး မဲစာရင်းစိစစ်မှုများလုပ်ခဲ့ဟုဖော်ပြထား
တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ရရှိထားသော မဲစာရင်း (ပုံစံ-၁) PDF ဖိုင်များအား Excel ဖိုင်အဖြစ် ပြောင်းလဲကာ မဲစာရင်းစိစစ်မှုများပြုလုပ်ခဲ့ရာတွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသောမဲစာရင်းများနှင့် မဲမသမာမှု ဖြစ်စေနိုင် သည့် မဲစာရင်းများစိစစ်တွေ့ရှိ ကြောင်း တပ်မတော်က ယမန်နေ့ တွင် သတင်းထုတ်ပြန်သည်။
တပ်မတော်က စိစစ်ပြီးစီး သည့် မြို့နယ်လေးခုဖြစ်သော မန္တလေးတိုင်းဒေသကြီး အောင် မြေသာစံမြို့နယ်၊ ရမည်းသင်းမြို့ နယ်၊ ပျော်ဘွယ်မြို့နယ်နှင့်ကချင် ပြည်နယ် တနိုင်းမြို့နယ်တို့၏ စိစစ်တွေ့ရှိချက်များကို ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ စိစစ်ခဲ့သည့် မဲ စာရင်းသည် ရွေးကောက်ပွဲနေ့၌ အသုံးပြုခဲ့သည့် နောက်ဆုံးမဲစာ ရင်း ဟုတ်၊ မဟုတ်ကိုမူ တပ်မတော်ကဖော်ပြထားခြင်းမရှိပေ။
ယင်းနှင့်ပတ်သက်၍ မေး မြန်ရန် တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်း ထွန်းထံ ယမန်နေ့ညကဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက် သွယ်မရခဲ့ပေ။
အောင်မြေသာစံမြို့နယ် တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC)က မဲရလဒ် ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိ သူ စာရင်းမှာ ၁၈၆,၃၂၃ ဖြစ်ပြီး တပ်မတော်ကစိစစ်သည့် ဆန္ဒမဲ ပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) တွင် ၁၈၁,၅၈၈ ဖြစ်ကြောင်း ထုတ်ပြန် ချက်၌ဖော်ပြထားသည်။ စိစစ်မှု အရ ယင်းမြို့နယ်တွင် တစ်ကြိမ် ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း ၂,၀၉၃၊ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၄,၂၈၉ စုစုပေါင်း ၆,၃၈၂ ဖြစ် ကြောင်း တပ်မတော်ကဆိုသည်။

ရမည်းသင်းမြို့နယ်တွင် UEC က မဲရလဒ်ထုတ်ပြန်ချက် အရ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းမှာ ၁၉၈,၄၃၈ ဖြစ်ပြီး တပ်မတော်က စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူစာ ရင်း (ပုံစံ-၁)တွင် ၁၉၈,၄၁၇ ဖြစ် ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြ ထားသည်။ စိစစ်မှုအရ ယင်းမြို့ နယ်တွင်တစ်ကြိမ်ထက်ပို၍ မဲ ပေးခွင့်ရစေနိုင်သည့် ထပ်နေ သောမဲစာရင်း ၉,၆၉၂၊ မဲမသမာ မှုဖြစ်နိုင်သည့် မဲစာရင်း ၈,၃၉၉ စုစုပေါင်း ၁၈,၀၉၁ ဖြစ်ကြောင်း တပ်မတော်ကဆိုသည်။
ပျော်ဘွယ်မြို့နယ်တွင် UEC က မဲရလဒ်ထုတ်ပြန်ချက် အရ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းမှာ ၂၁၆,၆၉၁ ဖြစ်ပြီး တပ်မတော်က စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စာ ရင်း (ပုံစံ-၁)တွင် ၂၁၃,၈၁၇ ဖြစ် ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြ ထားသည်။ စိစစ်မှုအရ ယင်းမြို့ နယ်တွင် တစ်ကြိမ်ထက်ပို၍ မဲ ပေးခွင့်ရစေနိုင်သည့် ထပ်နေ သော မဲစာရင်း ၂၁,၄၈၁၊ မဲမသ မာမှုဖြစ်နိုင်သည့် မဲစာရင်း ၂၂,၃၇၉ စုစုပေါင်း ၄၃,၈၆၀ ဖြစ်ကြောင်း တပ်မတော်ကဆို သည်။
တနိုင်းမြို့နယ်တွင် UEC က မဲရလဒ် ထုတ်ပြန်ချက်အရ ဆန္ဒမဲ ပေးခွင့်ရှိသူစာရင်းမှာ ၃၄,၃၄၉ ဖြစ်ပြီး တပ်မတော်ကစိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်း (ပုံစံ-၁) တွင် ၃၄,၃၄၆ ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။ စိစစ်မှုအရ ယင်းမြို့နယ် တွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့် ရစေနိုင်သည့် ထပ်နေသော မဲစာ ရင်း ၁,၄၄၄၊ မဲမသမာမှုဖြစ်နိုင် သည့် မဲစာရင်း ၄,၅၂၉ စုစုပေါင်း ၅,၉၇၃ ဖြစ်ကြောင်း တပ်မတော် ကဆိုသည်။
တပ်မတော်ကဖော်ပြသည့် ထပ်နေသော မဲစာရင်းဆိုသည်မှာ နိုင်ငံသားကတ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘတူ အားလုံးတူ သူများရှိသကဲ့သို့ နိုင်ငံသားကတ် တူနှင့်အမည် (သို့မဟုတ်) အ သက် (သို့မဟုတ်) မိဘ စသဖြင့် တူနေသူများဖြစ်ကြောင်း ဇယား နှင့်တကွဖော်ပြထားသည်။ တပ်မ တော်ကဖော်ပြသည့် မဲမသမာမှု ဖြစ်စေနိုင်သည့်မဲစာရင်းဆိုသည် မှာ အသက် (၁၈) နှစ် မပြည့်ဘဲ မဲစာရင်း၌ပါဝင်သူများ၊ နိုင်ငံသား ကတ်မရှိဘဲ မဲစာရင်း၌ပါဝင်သူ များ၊ အသက် (၁၀၀) နှင့်အထက် များစသဖြင့်ဇယားနှင့် ဖော်ပြထား သည်။
တပ်မတော်၏ ထုတ်ပြန် ချက်နှင့်ပတ်သက်ပြီး တိုင်းဒေသ ကြီးရွေးကောက်ပွဲကော်မရှင် အ ဖွဲ့ခွဲနှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူအချို့အား မေးမြန်း ရာ တပ်မတော်ကစိစစ်သည့် မဲ စာရင်းသည် ရွေးကောက်ပွဲနေ့ တွင်အသုံးပြုသည့် နောက်ဆုံးမဲ စာရင်း ဟုတ်၊ မဟုတ် မသိရ ကြောင်း၊ မဲစာရင်းများပြင်ဆင်ရန် ပထမအကြိမ် ကပ်ထားကြေညာ စဉ်က မဲစာရင်းများထပ်နေသော် လည်း ယင်းကိုပြင်ဆင်ပြီး ဒုတိယ အကြိမ်ကပ်ထားချိန်မှစ၍ ထိုသို့ မဲစာရင်းထပ်ခြင်းများ မဖြစ်နိုင် အောင် ပြင်ဆင်ထားခဲ့ကြောင်း ရှင်းပြသည်။
‘‘အဲဒါ ပထမအကြိမ်တုန်းက ဟုတ်ချင်ဟုတ်လိမ့်မယ်။ ဒုတိယ အကြိမ်ပြင်ဆင်ပြီးတဲ့ အချိန်မှာ တော့အဲဒီလိုမရှိပါဘူး။ ပထမ တစ်ကြိမ်ကြေညာတယ်။ ကြေ ညာပြီးရင် ပြည်သူတွေတောင်းဆို ပြင်ဆင်ကန့်ကွက်တဲ့အတိုင်း ပြင် တယ်။ ဒုတိယအကြိမ် ထပ်ကပ် တယ်။ ဒုတိယအကြိမ်ထပ်ကပ်ပြီး ပြင်တဲ့ဟာကိုမှ ရွေးကောက်ပွဲနေ့ မှာအသုံးပြုတာလေ’’ဟု တိုင်းဒေ သကြီး ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ခရိုင်ကော်မရှင် တာဝန်ရှိသူ တစ်ဦးကလည်း ပထမကပ်တုန်း က မှတ်ပုံတင်ထပ်ခြင်း၊ နာမည် ထပ်ခြင်းရှိသော်လည်း ဒုတိယအ ကြိမ်တွင်မရှိကြောင်း၊ ပထမအ ကြိမ်ကပ်ထားသည့် မဲစာရင်းကို ပြည်သူများ ကြည့်ရှုစစ်ဆေးပြင် ဆင်နိုင်ရန် စက်တင်ဘာလတွင် ၂၁ရက်ကြာ ကပ်ထားကြေညာခဲ့ ပြီး ဒုတိယအကြိမ်ကိုလည်း အောက်တိုဘာတွင် ၁၄ရက်ကပ် ထားကြေညာခဲ့သည်ဟု ပြော သည်။
ရွေးကောက်ပွဲ၌ အသုံးပြု ခြင်းမရှိသည့်မဲစာရင်းသည် အ တည်မပြုသေးသည့် မဲစာရင်းဖြစ် ၍ ထိုသို့သောမဲစာရင်းကိုစစ်ဆေး ပါကမမှန်နိုင်ဘဲ လိုအပ်ချက်များ ရှိနေမည်ဖြစ်ကြောင်း ၎င်းကဆို သည်။
ထို့အပြင် တပ်မတော်၏ ထုတ်ပြန်ချက်၌ မဲစာရင်း PDF ဖိုင်များအား Excel ဖိုင်အဖြစ် ပြောင်းလဲပြီး စိစစ်ခဲ့သည်ဟုဖော် ပြထားရာ ယင်းအချက်သည် လည်းမှားယွင်းမှု ဖြစ်နိုင်ကြောင်း ပခုက္ကူခရိုင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းစိန်က ဥပမာများပြောပြ၍ ရှင်းပြသည်။
‘‘ပထမအကြိမ်မှာ မဲစာရင်း မှာနာမည်တစ်ခုတည်းတင် အ များကြီးထပ်တာမျိုး ပခုက္ကူမြို့ နယ်မှာဖြစ်လိုက်တယ်။ ပခုက္ကူ မြို့နယ်မှာတစ်ခုဖြစ်တယ် အမျိုး သမီးတစ်ယောက်ပေါ့။ နောက် တစ်ခါ မိတ္ထီလာမြို့နယ်မှာလည်း အမျိုးသား နာမည်တစ်ခုနဲ့ ဥပမာ ဦးတင်မောင်ဆိုလည်း ဦးတင် မောင်ချည်းဖြစ်တာ အဖေနာမည် မှားယွင်းတာပေါ့။ ဒါတွေက Excel ပြောင်းတဲ့နေရာမှာ မှားယွင်း တယ်လို့တော့ပြောတာပဲ။ ဒုတိ ယအကြိမ်မှာ အဲဒီလိုမှားယွင်း တာမျိုး UEC ကလက်မခံနိုင်ဘူး ဆိုတော့ သက်ဆိုင်ရာမြို့နယ်အုပ် စုအလိုက် သတ်မှတ်ထားတဲ့အဖွဲ့ ဝင်တွေက စိစစ်ရတယ်။ အကုန် လုံး သေချာဖတ်ပြီးတော့ ဒီတစ်ခါ ထပ်ခဲ့ရင်မှားခဲ့ရင် အရေးယူမယ် ဆိုပြီး လုပ်ခဲ့တဲ့အတွက် တော် တော်လေးစစ်ဆေးခဲ့ရတာ။ အ မှားအယွင်း မရှိသလောက်ပါပဲ’’ ဟု ဦးဝင်းစိန်ကဆက်လက်ပြော သည်။
ဒုတိယအကြိမ် ကပ်ထား ကြေညာရာတွင် အမှားအယွင်းမ ရှိစေရန် ပညာရေးဝန်ထမ်းများအ ပါအဝင် သက်ဆိုင်ရာဝန်ထမ်း များ၏အင်အားဖြင့် စစ်ဆေးခဲ့ သည်ဟု ၎င်းကဆိုသည်။
‘‘ဒါတွေက တောက် လျှောက် ပရင့်ထုတ်ပြီးနောက်ပိုင်း ကြိမ်ဖန်များစွာဖတ်ပြီး စစ်ဆေးခဲ့တာ’’ ဟု ဦးဝင်းစိန်က ပြော သည်။
မဲဆန္ဒရှင်စာရင်း ထောင်ဂ ဏန်းမှ သောင်းဂဏန်းအထိ ကွာ ဟမှုရှိနေကြောင်း တပ်မတော်က ပထမဆုံးထုတ်ပြန်သည့် လေးမြို့ နယ်ရှိ မဲဆန္ဒနယ်အများစုတွင် ဒီချုပ်ပါတီဝင်များကသာ အနိုင်ရ ထားသည်။ အဆိုပါ လေးမြို့နယ် အတွက် ပြည်သူ့လွှတ်တော်၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် မဲ ဆန္ဒနယ်များတွင် တစ်နေရာမှလွဲ ၍ ကျန်နေရာအားလုံးကို ဒီချုပ်က အနိုင်ရခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးကမူ တစ်နေရာ သာ အနိုင်ရခဲ့ပြီး ကျန်မဲဆန္ဒနယ် များ၌ ဒုတိယမဲအများဆုံးအဖြစ် ရပ်တည်နေသည်။ ပြည်သူ့လွှတ် တော် မဲဆန္ဒနယ်များအတွက် ခိုင် လုံမဲရလဒ်များအရ အောင်မြေ သာစံမြို့နယ်တွင် ဒီချုပ်အမတ် လောင်းကပြည်ခိုင်ဖြိုး အမတ် လောင်းထက် ခိုင်လုံမဲတစ်သိန်း ခန့် အသာရထားသည်။
တပ်မတော် သတင်းမှန်ပြန် ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ အောင်မြေသာစံမြို့နယ်၌ ကွာဟနိုင်သည့် မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်မှာ ၆,၃၀၀ ကျော် ဖြစ်သည်။
ရမည်းသင်းမြို့နယ်တွင် အ နိုင်ရဒီချုပ်ပါတီဝင်က ပြည်ခိုင်ဖြိုး ပါတီဝင်ထက် ခိုင်လုံမဲ ၆,၅၀၀ ကျော်အသာရထားသည်။ တပ်မ တော်၏ ထုတ်ပြန်ချက်အရ ကွာ ဟနိုင်သည့် မဲပေးပိုင်ခွင့်ရှိသူအ ရေအတွက်မှာ ၁၈,၀၀၀ကျော်ဖြစ် သည်။
ပျော်ဘွယ်မြို့နယ်တွင် အ နိုင်ရဒီချုပ်ပါတီဝင်က ပြည်ခိုင်ဖြိုး ပါတီဝင်ထက် ခိုင်လုံမဲ ၂၄,၀၀၀ ကျော်အသာရထားသည်။ တပ်မ တော်၏အဆိုအရ ယင်းမြို့နယ်၏ မဲပေးခွင့်ရှိသူစာရင်းမှ ၄၃,၀၀၀ ကျော်ခန့် ကွာဟမှုရှိနိုင်သည်ဟု ဖော်ပြထားသည်။
တနိုင်းမြို့နယ်တွင်မူ အနိုင် ရဒီချုပ်ပါတီဝင်က ပြည်ခိုင်ဖြိုးပါ တီဝင်ထက် ခိုင်လုံမဲ ၈၇၆ မဲ အ သာရထားပြီး ယင်းမြို့နယ်၏ မဲ ပေးခွင့်ရှိသူစာရင်းသည် လူဦးရေ ၆,၀၀၀ ခန့် ကွာဟနိုင်ကြောင်း တပ်မတော်က ဆိုထားသည်။
၂၀၁၀ နှင့် ၂၀၁၅ရွေး ကောက်ပွဲများတွင် တပ်မတော် က ရွေးကောက်ပွဲဖြစ်စဉ်အပေါ် ယခုကဲ့သို့ စိစစ်ခြင်းမရှိခဲ့ပေ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲပြဿနာများစွာ ပေါ်ပေါက် ခဲ့သည်။
Credit : https://7day.news/
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ