bnr_tob_1

2021.04.07LIFE&TREND

ဗောက်တွေပျောက်အောင် ဘာလုပ်ရမလဲ

ဗောက်တွေ ဘာကြောင့် ဖြစ်ရတာလဲ ?

       ဗောက်တွေက အများအားဖြင့် လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားနဲ့ အမျိုးသမီးတွေမှာ အဖြစ်များနေတဲ့ ဦးရေပြားပြသနာတခု ဖြစ်ပါတယ်။ 

ခြောက်သွေ့ပြီး အေးတဲ့ ရာသီဥတု

စိတ်ဖိစီးမှုများတာ

ခေါင်းကို ပုံမှန်မဖြီးပဲထားတာ

ဦးရေပြားရောဂါတချို့

ခေါင်းလျော်ရည်နဲ့ အခြားသော hair products တွေ၊ Styling gel တွေ အရွေးမှားတာ ကနေလည်း ဗောက်တွေ ဖြစ်လေ့ရှိပါတယ်။ 

        Malassezia လို့ ခေါ်တဲ့ Yeast မှိုတမျိုးက ဆံပင်အမြစ်အိပ်လေးတွေက ထွက်တဲ့ အဆီဓာတ်တွေကို စားသုံးပြီးတော့ ဦးရေပြားပေါ်မှာ သဘာဝအတိုင်းရှိနေတာ ဖြစ်ပါတယ်။ 

အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေကြောင့် Yeast မှိုတွေ၊ ဦးရေပြားမှာရှိတဲ့ အဆီတွေနဲ့ ဆဲလ်တွေ ပုံမှန်ထက်ပိုပြီး ဓာတ်ပြုတဲ့ အခါ ဗောက်တွေ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဗောက်တွေရှိနေရင် ဘာလုပ်သင့်လဲ ?

စိတ်ဖိစီးမှုတွေ လျော့ချပါ

Vitamin-B, Zinc, Evening Primose Oil ပါတဲ့ အစားအသောက်နဲ့ ဖြည့်စွက်စာတွေ စားပါ

ဦးရေပြားကို မနက်စောစောနေရောင်ခြည်နဲ့ ထိတွေ့မှု ရအောင် နေပူစာလှုံပါ

hair styling products တွေ၊ styling gel တွေ Spray တွေ တတ်နိုင်သမျှရှောင်ပါ

အနည်းဆုံး တနေ့ တကြိမ် ပုံမှန်ခေါင်းဖြီးပါ

လေ့လာတွေ့ရှိချက်တွေ တိတိကျကျမရှိသေးပေမယ့် ပုံမှန်ထက်ပိုပြီး လွန်ကဲစွာခေါင်းခဏခဏ လျော်ခြင်း၊ ခေါင်းမလျော်ပဲ အကြာကြီးနေခြင်းတွေကလည်း ဗောက်တွေကို ပိုဆိုးစေတာကြောင့် တရက်ခြား (သို့) တပတ် ၂ ကြိမ် ပုံမှန်ခေါင်းလျော်ပါ

အဆီပြန်တတ်တဲ့ဦးရေပြားဆိုရင် နေ့စဉ် (သို့) တရက်ခြား ခေါင်းလျော်ပါ

ဘယ်လို ခေါင်းလျော်ရည်ကို ရွေးချယ်ရမလဲ ?

ဗောက်တွေ အရမ်းမဆိုးဘူးဆိုရင်တော့ Over-the-counter ရနိုင်တဲ့ Anti-dandruff shampoo(ဗောက်ပျောက်ခေါင်းလျော်ရည်) တွေကို အသုံးပြုပေးလို့ရပါတယ်။

ခေါင်းမလျော်ခင်မှာ ဦးရေပြားမှာ ရှိတဲ့ ဗောက်တွေကို ဘီးနဲ့ အရင် တတ်နိုင်သမျှ ဖယ်ရှားပြီး လျှော်ပေးသင့်ပါတယ်။ 

ခေါင်းလျော်ရည် ရွေးချယ်တဲ့ အခါမှာ 

Ketoconazole

Selenium Sulfide

Zinc Pyrithione

Salicylic Acid

Tea Tree Oil             

စတဲ့ ingredients တွေပါတဲ့ ခေါင်းလျော်ရည်တွေကို ရွေးချယ်သင့်ပါတယ်။ 

ဘယ်လိုချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်သလဲ ?

– ဗောက်တွေ အရမ်းဆိုးနေပြီး အပေါ်မှာပြောခဲ့တဲ့ အချက်တွေ ပြုလုပ်ရုံနဲ့ မသက်သာတဲ့အခါ 

– ဦးရေပြား နီတာ၊ နာတာ၊ ရောင်တာ စတဲ့ လက္ခဏာတွေ ဖြစ်လာတဲ့အခါ

– ပုံမှန် ထက်ပိုပြီး ဦးရေပြား အလွန်အမင်း ယားယံတဲ့ အခါ

– ဦးရေပြားမှာ နှင်းခူ (eczema)၊ ဂျွတ်ပွေးနာ (psoriasis)၊ ဒက် ( tinea capitis)အစရှိတဲ့ အရေပြား ရောဂါတွေ ဖြစ်တတ်တာကြောင့် ပုံမှန် ဗောက်ပုံစံနဲ့ ကွဲပြားနေတဲ့ အခါ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသသင့်ပါတယ်။ 

အဆုံးထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ 

အရေးပြားနှင့်အလှအပဆိုင်ရာ ဗဟုသုတများအတွက် Skin Health by Dr. Yin page လေးကိုလည်း Like & Favourite လုပ်ထားပေးဖို့ မမေ့ပါနဲ့နော်။ 

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.