2020.11.24FOOD
ကာလဒါနအလှူအဖြစ် ကိုဗစ်-၁၉ ကာကွယ်ကုသသရေးစင်တာများသို့ အစားအသောက်များကို လှူဒါန်းလျက်ရှိတဲ့ Umm (ဟူမ်း) မွန်ရိုးရာစားသောက်ဆိုင်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မွန်ရိုးရာအစားအစာတွေကို ရောင်းချပေးလျက်ရှိတဲ့ Presenter ကောင်းထက်ဇော် ရဲ့ UMM(ဟူမ်း) မွန်ရိုးရာစားသောက်ဆိုင် ကနေ အခုဆို ကာလဒါနအလှူအဖြစ် ကိုဗစ်-၁၉ ကာကွယ်ကုသသရေးစင်တာများသို့ အစားအသောက်များကို စဥ◌်ဆက်မပြတ် လှူဒါန်းလျက်ရှိပါတယ်.
ထို့အတူ YRYEA – Yangon Region Young Entrepreneurs Association
ရဲ့ အစားအသောက်ပံ့ပိုးသူ ပါတနာ အနေဖြင့် လှူဒါန်လိုသူများကို အင်မတန်သက်သာသော ဈေးနှုန်းများဖြင့် အာဟာရပြည့်ဝသော မနက်စာ – နေ့လည်စာ- ညနေစာ ထမင်းဗူးများကိုပါ စီစဉ်လှူဒါန်းပေးနေတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ကုသသရေးစင်တာများရှိကျန်းမာရေးဝန်ထမ်းများအားအထောက်အကူပြုအဖွဲ့တွင် ကိုကောင်းထက်ဇော်၊ မဟန်နီ၊ မမေရူပါ၊ ကိုဘိုဘိုနိုင်၊ ကိုရန်လင်းစိုးနှင့် ကိုမင်းခိုင်မိသားစု မှ နိုဝင်ဘာလ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့အတွက် ငွေကျပ် (၁,၀၃၀,၀၀၀) တန်ဖိုးရှိသော UMM စားသောက်ဆိုင်၏ မွန်ရိုးရာ ထမင်းနဲ့ဟင်းတို့ဖြင့် စားဖွယ်အာဟာရများအား ပါဝင်လှုဒါန်းကျွေးမွေးခဲ့တာဖြစ်ပါတယ်။
ထိုမှ ဆက်လက်ပြီး အခုဆို မြရိပ် မီဒီယာ၊ UAB bank မှ အမများ စသည့်အလှူရှင်များစွာက ဟူမ်းနှင့် တူတူလှူဒါန်းလျက်ရှိပါတယ်။
Umm (ဟူမ်း) မှာ နာမည်ကျော်တာကတော့ ကျန်းမာရေး မုန့်ဟင်းခါးပါ။ အချိုမှုန့် ၊ ငံပြာရည် ပါဝင်ခြင်းမရှိပဲ ငါးအချိုအရသာနှင့် ချက်ပြုတ်ထားတာကြောင့် လူကြီးလူငယ်မရွေး သုံးဆောင်နိုင်ပါတယ်။ မြေပဲဆီသန့်သန့်ပဲ အသုံးပြုထားပြီး ဒေသထွက် ပါဝင်ပစ္စည်းများနှင့်သာ စီမံချက်ပြုတ်ထားသော မွန်လက်ရာဟင်းပွဲပေါင်း အမျိုး(၂၀) ကျော်လောက်ကို ရရှိနိုင်ပါတယ်။

အခုမှာယူလှူဒါန်းမှုများမှာ ဟူးမ်းရဲ့ menu အဖြစ်
မနက်စာမှာဆို
- ကျန်းမာရေး မုန့်ဟင်းခါး
- နန်းကြီးသုပ်
- နန်းပြားသုပ်
- မော်လမြိုင် အသုပ်စုံံ
- အုန်းနို့ခေါက်ဆွဲ
- ကြက်သားပလာတာ
နေ့လည်စာ နှင့် ညစာအတွက်ရွေးချယ်စရာများအဖြစ်
အကြော်များအဖြစ်
- ကြာဇံကြော်
- ခေါက်ဆွဲကြော်
- ထမင်းကြော်
- ထမင်းပေါင်း
- ကြက်ကုန်းဘောင်ကြော်
- ငပိထမင်းကြော်
- ကြက်ခပေါင်းကြော် + ထမင်းဖြူ
စိတ်ကြိုက် ရွေးစရာ ဟင်းပွဲများအဖြစ်
- ကြက်သားသုတ်
- ကြက်မွကြော်
- ကြက်မဆလာဟင်း
- ကြက်မရမ်းပြားဟင်း
- ကြက်သစ်တိုသီးဟင်း
- ပုစွန်အချိုကြော်
- ငါးဖယ်မဆလာဟင်း
- ငါးမွန်ဟင်း
- ငါးသစ်တိုသီးဟင်း
- ငါးခြောက်အာလူးဘဲဥဟင်း
အရံဟင်းပွဲများအနေဖြင့်တော့
- အစိမ်းကြော်
- ခရမ်းချဉ်ကြော်
- ခရမ်းသီးဟင်း
- မကျည်းသီးကြော်
- ကြက်ဥကြော်
- မုန်ညင်းကြော်
- ပဲပင်ပေါက်ကြော်
- ဂေါ်ရခါးသီးကြော်
- ပန်းပွင့်ကြော်
- ကန်စွန်းရွက်ကြော်
- ရုံပတီသီးအစပ်ကြော်
- ပဲသီးကြော်
- ပြောင်းဖူးသုပ်
- ငပိသုပ်
- ငပိထောင်း
ဟင်းချိုကိုတော့
- ပဲကုလားဟင်း
- ပဲနီလေးဟင်းချို စသည်ဖြင့် ရွေးချယ်လှူနိုင်စေဖို့ စီစဉ်ပေးထားပါတယ်။

ဒါ့အပြင် Ummရဲ့ အထူးအတွဲ ထမင်းဘူးများအဖြစ်
- ကြက်သစ်တိုသီးဟင်း + မုန်ညင်းကြော်+ ငပိကြော်+ ထမင်းဖြူ
- ကြက်မွကြော်+ ကြက်ဥကြော်+ ပဲကုလားဟင်း+ထမင်းဖြူ
- ကြက်မဆလာဟင်း+ ပဲပင်ပေါက်ကြော်+ ချဉ်ပေါင်ကြော်+ ထမင်းဖြူ
- ကြက်သားသုပ်+ ခရမ်းသီးဟင်း+ မန်ကျည်းသီးကြော်+ ထမင်းဖြူ
- ကြက်မရမ်းပြားဟင်း+ ပဲနီဟင်းချို+ ပန်းပွင့်ကြော်+ ထမင်းဖြူ
- ကြက်ခပေါင်းဟင်း+ ပြောင်းဖူးသုတ်+ ငပိထောင်း+ ထမင်းဖြူ
- ပုဇွန်ချိုကြော်+ ရုံပတီသီးစပ်ကြော်+ မန်ကျည်းသီးစိမ်းထောင်းကြော်+ ထမင်းဖြူ
- ငါးမွန်ဟင်း+ အစိမ်းကြော်+ ခရမ်းချဉ်ကြော်+ ထမင်းဖြူ
- ငါးဖယ်မဆလာ+ ဂေါ်ရခါးသီးကြော်+ မန်ကျည်းသီးကြော်+ ထမင်းဖြူ
- ငါးခြောက်အာလူးဘဲဥဟင်း+ မန်ကျည်းသီးကြော်+ ကန်စွန်းရွက်ကြော်+ ထမင်းဖြူ
- Top of Form
- ငပိထမင်းကြော်+ ကြက်ဥကြော်+ ကြက်သား+ ထမင်းဖြူ
- ငပိသုပ်+ ပဲသီးကြော်+ ငါးမွန်ဟင်း+ ထမင်းဖြူ များကိုလည်း စီစဥ◌်ပေးထားတာကြောင့် အင်မတန် အဆင်ပြေပါတယ်.
တူတူလှူမယ်ဆိုရင်တော့ 095559799 ကိုဆက်သွယ်လို့ရပါတယ်လို့ ကမ်းလှမ်းထားပါတယ်။
အရသာရှိ အဟာရပြည့်စုံပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအသောက်များကို ကာလဒါနပြုလုပ်နိုင်ဖို့အလို့ငှာ သတင်းကောင်းပေး နိုးဆော်လိုက်ရပါတယ်။
By : TT
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ