2020.02.24TRAVEL
နှစ်သောင်းကျော်လောက်နဲ့ Camping အရသာကိုခံစားလို့ရစေမယ့် ရန်ကုန်မြို့နဲ့မနီးမဝေးက ဒင်ကြီး Camping Site ⛺️⛺️⛺️

TD တို့နေခဲ့တဲ့ Camp Site
သဒ္ဓါတို့တွေ ရုံးပိတ်ရက်ကရက်ရှည်လဲမရဘူး ?
ခရီးအဝေးကြီးသွားဖို့လဲအဆင်မပြေဘူး? စရိတ်လဲသက်သာချင်တယ် 🤔
camping အရသာကိုလဲခံစားချင်တယ်ဆိုတဲ့သူများအတွက်
ရန်ကုန်မြို့နဲ့မနီးမဝေးမှာရှိတဲ့ Din Gyi Camping site
ဆိုတဲ့နေရာသစ်လေးတစ်ခုရှိပါတယ်။ Din Gyi ဆိုတဲ့နာမည်ကတော့
အဲ့မှာကျက်စားနေထိုင်တဲ့ ဒင်ကြီးလို့အမည်ရတဲ့ငှက်နာမည်ကို
အစွဲပြုထားတာဖြစ်ပါတယ်။🤗
သူငယ်ချင်းတွေအများကြီးခေါ်သွားဖို့တော့လိုမယ်နော်။ ဒါမှအရမ်းပျော်ဖို့ကောင်းမှာသေချာတယ်။ ရန်ကုန်မြို့ Drama City ကနေခဏလောက် ရှောင်ထွက်ပြီး လက်ဆက်တဲ့သဘာဝလေထုနဲ့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်အသစ်လေးမှာ Camping လေးလုပ်ကြည့်ပါ။ နောက်နေ့ ရုံးသွားဖို့၊ ကျောင်းသွားဖို့ ခွန်အားအသစ်တွေရော အကြံညဏ်သစ်တွေရော ရလာမှာသေချာပါတယ်။
⛺️ဒင်ကြီး Camping Siteကိုဘလိုသွားမလဲ?
••••••••••••••••••••••••••••••••••••••••••
Budget ချွေတာချင်ရင်တော့ စော်ဘွားကြီးကုန်းကနေ ပဲခူးကားတွေစီးပါ။
တစ်ယောက်မှ ၁၀၀၀၊ ၁၅၀၀ကျပ်ပဲကျပါတယ်။ ကိုယ်ပိုင်ကားရှိရင်လဲကားနဲ့
သွားလို့ရတာပေါ့။ ပဲခူးကားကိုစီးပြီး အင်းတကော်မြို့ ဆိုင်းဘုတ်အကျော်မှာ
ရပ်ပေးပါလို့ပြောပါ။ အဲ့နားမှာ နန်းဦးလွင်တောရကျောင်းသို့ဆိုတဲ့
ဆိုင်းဘုတ်လေးရှိပါတယ်။ မျှားပြထားတဲ့အတိုင်း အထဲကဝင်ရမှာပါ။ ဒင်ကြီး Camp
siteလို့ပြောလိုက်ရင် ဆိုင်ကယ် ကယ်ရီတွေရှိပါတယ်။ တစ်ယောက်ကို ၁၅၀၀
ကျပါတယ်။ လမ်းလျှောက်မယ်ဆိုရင်တော့ နေလဲပူပြီးအတော်လှမ်းပါသေးတယ်။
သဒ္ဓါတို့လဲလမ်းမှားပီး လမ်းလျှောက်ခဲ့ရလို့ ကိုယ်တွေ့ပါ😂
ကဲပြီးရင်တော့ camp site reception ကိုရောက်ပါပြီ။
လက်မှတ်ဝယ်ထားတာလေးကိုပြပြီး ဝါးရုံတောတွင်းလမ်းလေးကိုခဏလေးလျှောက်လိုက်ရင်
ကန်ရေပြင်အကျယ်ကြီးနဲ့ သာယာတဲ့ Camping site ကြီးကိုရောက်ပါပြီရှင် 🤗🤗
⛺️Camping အတွက်လက်မှတ်ဘယ်လိုဝယ်မလဲ?
•••••••••••••••••••••••••••••••••••••••••••••••
https://www.facebook.com/Dingyicamping/
Page မှာမနက် ၇နာရီကနေ ည၇နာရီအတွင်းဝယ်လိူ့ရပါတယ်။ လက်မှတ်က တစ်ယောက်ကို ၉၀၀၀ပါ။ Tent ကတော့တစ်လုံးကို ၁၀၀၀၀ကျပ်ပါ။ တစ်လုံးကို ၂ယောက်အိပ်လို့ရပါတယ်။ Tent မထိုးတက်ရင်လဲ သူတို့ကူထိုးပေးပါတယ်။ ကိုယ်နေချင်တဲ့နေရာကိုရွေးပီးနေလို့ရပါတယ်။ Bushcraft Cabin သစ်သားအိမ်ပုံစံလေးတွေလဲရှိပါတယ်။ နေမယ်ဆိုရင် တစ်လုံးကို ၁၀၀၀၀ထပ်ပေးရမှာပါ။ ဒါပေမယ့် ပုံမှန်ဆိုမလိုပါဘူးနော်☺️ သန့်စင်ခန်းလေးတွေလဲရှိတော့ အဆင်ပြေပါတယ်။ ထင်းလဲ နှစ်စီးပေးလိုက်သေးတယ် 😊 ဒါပေမယ့် တညလုံးစကားတွေပြောနေကြမှာဆိုတော့ မလောက်ဘူးလေ ထပ်မှာလို့ရပါတယ်။ တစ်စီး ၅၀၀ပဲ 😍
Tent ထိုးမယ့်နေရာရွေးတော့ သဒ္ဓါတို့သွားတုန်းကတော်တော်ဘရုတ်ကျပီး ဆူဆူညံညံအဖွဲ့တဖွဲ့ရှိနေလို့ နေရာကောင်းကိုတော့မရလိုက်ပါဘူး ☹️ နောက်တစ်ခါသွားရင်လဲ အဲ့လိုအဖွဲ့မျိုးတေနဲ့မဆုံရဖို့မျှော်လင့်ပါတယ်။ စည်းကမ်းလေးတွေလဲပိုထုတ်ပေးစေချင်ပါတယ်။👌👌👌
Camping site မှာဘာတွေလုပ်လို့ရသေးလဲ?
•••••••••••••••••••••••••••••••••••••••••
ကန်အလည်ခေါင်မှာ Roofed Raft လေးရှိတော့ အဲ့မှာထိုင်ပြီး
ငါးမျှားလို့ရပါတယ်။ လှေစီးလို့လဲရပါတယ်။ တစ်စီးကို ၃
ယောက်ပဲစီးလို့ရပါတယ်နော်။ တစ်ချို့တွေ ၄ ၅ ယောက်တက်စီးပြီး
လှေတောင်မနိုင်ပဲ ပျော်ပါးနေကြတာတွေ့ခဲ့ရပါတယ်။
ဝန်ထမ်းတွေကတောင်ပြောမနိုင်ဆိုမနိုင်တွေမလို့ သဒ္ဓါတို့လဲ
လှေနားတောင်မကပ်ခဲ့ရပါဘူး။ နောက်တခါမှအေးဆေးသွားနေပါဦးမယ် 😾😾
ပြီးတော့ Organic Farm ရှိပါတယ်။ လက်လက်ဆက်ဆက် ကန်စွန်းရွက်တွေခူးပြီး ကိုယ်တိုင်ကြော်စားလို့ရပါတယ်😍
အဖွဲ့လိုက်ဆိုရင်တော့ Game တွေကစားပြီး ဟိုနားသွားပြီး ဓာတ်ပုံရိုက်လိုက် Tent ထဲဓာတ်ပုံရိုက်လိုက်နဲ့ ပျော်စရာကြီးပေါ့ 🤗 ဟော့ပေါ့လဲမှာစားလို့ရသေးတယ်နော်။ ဒါပေမယ့် ဟော့ပေါ့က လက်မှတ်ဝယ်တည်းကကြိုမှာရတာပါ။
Camping သွားရင်ဘာတွေယူသွားရမလဲ?
••••••••••••••••••••••••••••••••••••••••
📍တစ်ကိုယ်ရေသုံးပစ္စည်းအချို့
📍 စောင်ပါးပါးတထည်နဲ့ ခေါင်းအုံးလို့ရမယ့်အရာတခုခု Tent ကပါးတော့ မနက်ဆိုအရမ်းအေးပါတယ်။
📍ဖျာလိုပါတယ်။ ကိုယ့်လူအပေါ်မူတည်ပြီး
📍ထမင်းဟင်းကတော့ လူခွဲပြီးထည့်လာကြပါတယ်။
📍 ကော်ဖီသောက်တတ်ရင် ကော်ဖီခွက်လေးလဲထည့်ခဲ့ပါ။
📍 အနွေးထည်
📍Wet Tissue ရိုးရိုး Tissue ယူခဲ့ပါ။
📍ပေါ့ပေါ့ပါးပါးအဝတ်စားတွေပဲယူခဲ့ပါ။
📍power bank, ဓာတ်မီးယူခဲ့ပါ
📍 အရေးကြီးတာ UNO 🤪 ဂိမ်းကစားတဲ့ဟာတွေ
ဒီလောက်ဆိုရင် Camping သွားလို့အဆင်ပြေပါပီ။ ကိုယ့်အပေါ်မူတည်ပြီး စားချင်သောက်ချင်တာလေးတွေလဲထည့်သွားလို့ရပါတယ်။
Camping ရဲ့အရသာကိုသိချင်ရင်တော့ ဖုန်းလေးကိုခဏပိတ်ပြီး ညဖက်ရောက်ရင်
မြက်ခင်းပြင် (သို့) ဖျာပေါ်လှဲပြီး ကြယ်တွေကြည့်ပါ။ ဘဝရဲ့အရသာတစ်ခုပါပဲ😊 သဒ္ဓါကတော့ မီးပုံဘေးမှာ ကော်ဖီလေးသောက်ပြီး ကိုယ်ချစ်တဲ့သူတွေနဲ့ ကြယ်တွေထိုင်ကြည့်နေရတဲ့အရသာကို ဘာနဲ့မှမလဲနိုင်ပါဘူး ☺️
ရန်ကုန်မှာနေရင် ကြယ်တောင်ကောင်းကောင်းမမြင်ရပါဘူး။ သဒ္ဓါကတော့ရောက်တုန်းရောက်ခိုက် ကြယ်တွေကို တစ်ဝကြီးထိုင်ကြည့်ခဲ့တယ်လေ 🥰
ပြီးရင်တော့ သူငယ်ချင်းတွေနဲ့ ဂိမ်းတွေကစား၊ UNO တွေဆော့ တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြ ရယ်မောကြရင်း အကင်တွေကင်စား😍
တစ်ယောက်တစ်မျိုး မတူညီတဲ့ဟာသအပြောအဆိုလေးတွေနဲ့ ရင်းနှီးမှူတွေ ပိုတိုးစေမယ့်ညလေးတစ်ညဖြစ်မှာသေချာပါတယ်။
သဒ္ဓါဆို တစ်ညလုံး မီးပုံဘေးမှာ ကော်ဖီတစ်ခွက်နဲ့ စကားတွေထိုင်ပြောနေတာ အိပ်ရမှာတောင်မေ့သွားတယ် 😁
အဲ့ကြောင့် ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်စေ ချစ်သူနဲ့ပဲဖြစ်စေ တယောက်နဲ့တစ်ယောက်ကြားထဲ ရင်းနှီးမှုပိုတိုးစေပြီး ငွေ၊ အချိန်ကုန်ကြေးကျသက်သာတဲ့ ဒင်ကြီး Camping ကိုတော့ တစ်ခါလောက်သွားကြည့်စေချင်ပါတယ်။😍 ပြန်လာရင် စိတ်လက်ပေါ့ပါးသွားမှာတော့အမှန်ပါ။
❌အမှိုက်တော့လုံးဝပစ်မချခဲ့ပါနဲ့နော်❌
❌သဘာဝကိုချစ်မြတ်နိုးရင် စည်းကမ်းရှိပေးပါနော်❌

















ော့လိုမယ်





ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုသလို ❤️
ဓာတ်မီးလေးတွေကိုယ်စီနဲ့ စားခဲ့တဲ့ ဖက်ထမင်း သိပ်အရသာရှိတာပေါ့






ါသေး




တဲ့ မီးဘေးကကယ်လာတဲ့ အကင်တွေ 😂😂😂






အဆုံးထိ ဖတ်ပေးလို့ အားလုံးကိုကျေးဇူးတင်ပါတယ်ရ
ှင့် 🤗🤗🤗
အားလုံးပဲ စိတ်ချမ်းချမ်းသာသာနဲ့ ဘေးအန္တာရယ်ကင်းစွာ ခရီးသွားလာနိုင်ကြပါစေ ❤️
-
ENTERTAINMENT
Vanguard
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ