fb_icon

bnr_tob_1

2019.08.16LIFE&TREND

ဒါဖတ်ပြီးမှ Keto ဝင်ပါ

By မေဝင့်ထည်
ခန္ဓာကိုယ် ဝဖြိုးသည့်အ တွက် ပိန်ချင်သူ များ၊ ခန္ဓာကိုယ် အလေးချိန်လျှော့ချလိုသူများ၊ အ ဆီကျလိုသူများအကြား လတ်တ လောတွင်Keto diet ဆိုသည့် စားသောက်မှုပုံစံလေးတစ်ခု ခေတ်စားနေသည်။

အစားကြိုက်သူတို့နှစ်သက် သည့် အဆီအအိမ့်များ၊ အ ကြော်အလှော်များ ရှောင်စရာ မလိုဘဲ ကီတိုနည်းလမ်းဖြင့်ဝိတ် ချသည့်ရက်ပိုင်းအတွင်း ငါးပေါင် ကျသည်၊ ၁၀ ပေါင်ကျသည်ဖြင့် အချင်းချင်း သတင်းဖလှယ်ရင်း လူသိများခေတ်စားလာခြင်းဖြစ် သည်။

အချိုးအစားသွယ်လျလှပ ပြီး အဆီပိုမရှိသည့်ခန္ဓာကိုယ်ဖြစ် ဖို့အရေးမှာ လူတိုင်းအိပ်မက်ဖြစ် သည်။ ယင်းအတွက်ပင် အစား ရှောင်ကြသည်။ ကယ်လိုရီတွက် ချက်စားသုံးသည်၊ Gym ကစား ကြသည်၊ Zumba တွေကကြ သည်။ Detox တွေသောက်ခြင်း ဖြင့် အလေးချိန်လျော့ကျအောင်၊ ခန္ဓာကိုယ်အဆီတွေ မရှိအောင် နည်းလမ်းအမျိုးမျိုးဖြင့် လုပ် ဆောင်ကြသည်။

အဆိုပါနည်းလမ်းများအ ကြား အဆီအအိမ့်ရှောင်စရာ မလို ရက်ပိုင်းအတွင်း ဝိတ်အ မြန်ကျလွယ်သည့် ကီတိုနည်း လမ်းမှာ diet လုပ်လိုသူများ ကြား တစ်စတစ်စ ပျံ့နှံ့လာခြင်းဖြစ် သည်။ကီတိုနည်းလမ်းဖြင့် ဝိတ် ချခြင်း(Keto Diet)သည် အ နောက်နိုင်ငံများတွင် ခေတ်စား သည်မှာ နှစ်ကာလ ကြာမြင့်ပြီဖြစ် သော်လည်း မြန်မာနိုင်ငံတွင်မူ ခန္ဓာကိုယ်အလေးချိန်လျှော့ချလို သူများအကြား တစ်နှစ်မပြည့် သည့် အချိန်ကာလလေးအတွင်း မှာပင် ခေတ်စားလာခဲ့သည်။

ကီတိုနည်းလမ်းဖြင့် ဝိတ်ချ ရာတွင် အစားကြိုက်သူတို့ ပုံမှန် စားသုံးနေသည့် အဆီအအိမ့် အစားအသောက်များကို ရှောင် စရာမလိုဘဲ ပုံမှန်စားသောက်နိုင် သည်။

‘‘ဝိတ်ချပြီဟေ့ဆို အစာငတ် ကြပြီ။ ကီတိုက အစာမငတ်ဘူး’’ ဟု ကီတိုနည်းလမ်းဖြင့် ဝိတ်ချခဲ့ ပြီး ကီတိုအစားအသောက်ပစ္စည်း များကို တင်သွင်းသည့် Keto Land Grocery Online Store ပိုင်ရှင်မစိုးစိုးမော်က ပြောသည်။

ကီတိုနည်းလမ်းဖြင့် စား သောက်ရာတွင် အဆီဓာတ် ၇၅ ရာခိုင်နှုန်း၊ အသားဓာတ် ၂၀ ရာ ခိုင်နှုန်းနှင့် ကစီဓာတ် ၅ရာခိုင်နှုန်း ဟူ၍ သတ်မှတ်ထားသည်။

ကီတိုနည်းလမ်းတွင် အဆီ အအိမ့်၊အကြော်အလှော်များကို ခန္ဓာကိုယ် ပမာဏအလိုက်လိုအပ် သလို စားသောက်နိုင်သော်လည်း ကစီဓာတ်များပါဝင်သည့်ထမင်း၊ ဂျုံ၊ပဲ ၊အာလူး၊ ကန်စွန်းဥ၊သကြား နှင့် အချိုဓာတ်ပါသည်များကို အဓိက ရှောင်ရှားရမည်ဖြစ်သည်။

ယင်းတို့အစား သံလွင်ဆီ၊ အုန်းဆီ၊ ထောပတ်၊ အသား၊ ချိစ် စသည်တို့ကို စားသုံးနိုင်ပြီး ကီတို နည်းလမ်းဖြင့် ထုတ်လုပ်ထား သည့် ဟင်းခတ်ပစ္စည်းများ၊ သ ကြားအစားထိုးပစ္စည်းများကို ရွေး ချယ်စားသုံးနိုင်သည်။

Keto Diet နည်းလမ်းသည် ခန္ဓာကိုယ်ကို ကီတိုးစစ် (Ketosis) အခြေအနေထိရောက်အောင် ပြုပြင်ခြင်းဖြစ်သည်။ ပုံမှန်အား ဖြင့် ထမင်း၊ပဲ၊ဂျုံများကို စား သောက်သည့်အတွက် ခန္ဓာကိုယ် မှာကစီဓာတ်ဖြင့်လည်ပတ်သည်။

ကီတိုနည်းလမ်းမှာ ကစီ ဓာတ်အစား အဆီစားသုံးရသည့် အတွက် Fatty Acid အဖြစ် ပြောင်းပြီး အသည်းမှ ဂလူးကို့စ် ဓာတ်အစား ကီတုန်း (ketone ) ထွက်လာခြင်းဖြင့် ခန္ဓာကိုယ် လည်ပတ်သည်။ ယင်းအခြေအ နေကို ကီတိုးစ်ဟု ခေါ်ပြီး ယင်း အခြေအနေရောက်၊မရောက် ကီ တိုးစစ် စစ်ဆေးသည့် ဆီးစစ်ကိ ရိယာဖြင့် စစ်ဆေးနိုင်သည်။

‘‘အဆီ များများစားပေးပြီး ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အ ဆီတွေကို ပြန်တိုက်ထုတ်တာ ပေါ့။ ခန္ဓာကိုယ်အတွင်းကအညစ် အကြေးဖြစ်တဲ့ အဆီတွေကိုဆွဲ ချပေးတယ်’’ဟု မစိုးစိုးမော်က ပြောသည်။

အခြားခန္ဓာကိုယ်အလေး ချိန်လျှော့ချသည့်နည်းလမ်းများ နှင့်မတူ ဝက်သုံးထပ်သား၊ ကြက်တောင်ပံကြော်၊ ဝက်ခေါက် ကြော်၊ ချိစ်၊ ထောပတ်စသည် တို့ကို စားသောက်နိုင်ခြင်းက အ စားမရှောင်လိုသူတို့ ကြိုက်နှစ် သက်သည့် ဝိတ်ချနည်းတစ်ခုဖြစ် လာသည်ဟု မစိုးစိုးမော်က ပြော သည်။

‘‘ကီတိုနည်းက ဝိတ်ကျမြန် တယ်ဆိုလို့ ဒီနည်းနဲ့ ဝိတ်ချဖြစ် တာ။ ပြင်းပြင်းထန်ထန် လေ့ကျင့် ခန်းလုပ်ရင်တောင် တစ်လကို သုံးပေါင်ကျဖို့ မလွယ်တဲ့အချိန်မှာ ကီတိုနည်းက တစ်လကို ၁၀ ပေါင်ထက်မနည်း ကျနိုင်တယ်ဆို လို့ ဒီနည်းကိုရွေးဖြစ်တာ၊ ၁၀ ရက်အတွင်း ခြောက်ပေါင်ကျ တယ်’’ဟု keto နည်းလမ်းဖြင့် ခန္ဓာကိုယ်အလေးချိန်လျှော့ချခဲ့ သည့် မယုဝေက ပြောသည်။

အနည်းငယ်ဝသည့် ခန္ဓာ ကိုယ်အတွက် ကိုယ်အလေးချိန် လျော့ကျစေရန် ကယ်လိုရီတွက် ၍ အစားအသောက်စားခြင်း၊ Gym ကစားခြင်းစသည့်နည်းလမ်း များသုံး၍ အလေးချိန်လျှော့ချခဲ့ သော်လည်း ကီတိုနည်းလမ်း လောက်အကျမမြန်ခဲ့ဟု ၎င်းက ဆိုသည်။

‘‘ဂျင်ဆော့တုန်းက ဝိတ် မကျပေမယ့် အခုအချိန်နဲ့ယှဉ်ရင် ပိုပိန်တယ်။ ပိုကျစ်တယ်။ ဂျင် ဆော့ရတာကိုတော့ အကြိုက်ဆုံး ပဲ။ လူပင်ပန်းပေမယ့် ကျန်းမာ လာတယ်လို့ခံစားရတယ်။ အခု ကီတိုလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီအစားအသောက်က ကီတိုဖြစ်ရဲ့လားဆိုတာ တွေး တွေးနေရတယ်’’ ဟု မယုဝေက ပြောသည်။

သို့ရာတွင် ပုံမှန်စားသုံးနေ ကျနည်းလမ်းမှ ကီတိုနည်းလမ်း ဖြင့် ရုတ်တရတ်ပြောင်းလဲ စား သောက်ရချိန်၌ ခန္ဓာကိုယ်တွင်း ပြောင်းလဲသွားသည့် ဇီဝကမ္မဖြစ် စဉ်များကို ဟန်ချက်ညီအောင် မထိန်းနိုင်တော့သည့်အတွက် ကီတိုနည်းလမ်းဖြင့် ခန္ဓာကိုယ် အလေးချိန်လျှော့ချသူအချို့တွင် keto flu ဟုခေါ်သည့် ခေါင်းမူး ခြင်း၊ချွေးအလွန်ထွက်ခြင်း၊ဆံပင် ကျွတ်ခြင်း၊ ဓာတ်မတည့်ခြင်း လက္ခဏာများ ကြုံရလေ့ရှိသည်။

ယင်းအခြေအနေတွင် ကီတို စားသောက်မှုပုံစံကို ရပ်နား၍ တတ်ကျွမ်းသည့် ဆရာဝန်များ ဖြင့် ပြသ၍ ညွှန်ကြားချက်အတိုင်း ဆက်လက် လုပ်ဆောင်သင့်သည် ဟု ၎င်းကဆိုသည်။

‘‘ပထမ တစ်ပတ်ကို ကီတိုflu ဖြစ်ပြီး အရမ်းစိတ်တွေတို တယ်။ သုံးပတ်ရောက်တဲ့အခါ အစ်မလက်က ဆိုးဆိုးဝါးဝါးအ လားဂျစ်ဖြစ်ခဲ့တယ်။ ဆေးခန်း တွေ ပြခဲ့ရပြီး ကီတိုကိုရပ်ခဲ့တယ်’’ ဟု ခရီးသွားဘလော့ဂါ မနော် ထိုက်ထိုက်ထွန်းက ပြောသည်။

အဆာခံစရာမလိုဘဲ ကီတို နည်းလမ်းဖြင့် ဝိတ်ချသည့် သုံး ပတ်အတွင်း ၁၃ပေါင်ကျခဲ့သည် ဟု မနော်ထိုက်ထိုက်ထွန်းကပြော သည်။

‘‘ကီတိုစဝင်တဲ့ နှစ်ရက် လောက်မှာတော့ နုံးတယ်၊ ခေါင်း ကိုက်တယ်။ ကျန်တဲ့ရက်တွေ တော့ အဆင်ပြေတယ်။ ကိုယ့် နံ့ထွက်တာ၊ ချွေးနံ့ထွက်မှာတွေ စိုးရိမ်ခဲ့တာ၊ လူကြားထဲ အလုပ် လုပ်နေရတော့။ ဒါပေမဲ့ အဲဒါတွေ တစ်ခုမှ မဖြစ်လို့ တော်သေး တယ်’’ ဟုမယုဝေကပြောသည်။

ကီတိုစားသောက်မှု ပုံစံမှာ လူထုအကြား ပျံ့နှံ့ချိန်တွင် ကီတို အတွက် သီးသန့်ထုတ်လုပ်ထား သည့် ဟင်းခတ်ပစ္စည်းများ၊ သ ရေစာများ၊ထောပတ်၊ သကြား အစားထိုးပစ္စည်းများလည်းခေတ် စားလာသည်။

ထို့အပြင် ကီတိုနည်းလမ်း အတိုင်း ချက်ပြုတ်ရောင်းချသည့် Keto Meals Plan များစီစဉ်ပေး သည့် ဝန်ဆောင်မှုများလည်း ပေါ်ပေါက်လာသည်။

ကီတို အစားအသာက် ပစ္စည်းများသည် ဈေးနှုန်းထောင် ဂဏန်းမှ နှစ်သောင်းဝန်းကျင်အ ထိ ဈေးနှုန်းရှိပြီး ကီတိုအစားအ စာဝန်ဆောင်မှုများမှာ ရက်နှင့် ဝန်ဆောင်မှု အမျိုးအစားအလိုက် ကျပ်တစ်သိန်းမှ ခြောက်သိန်း ဝန်းကျင်အထိရှိသည်။

ကီတိုသည် ဝိတ်အမြန်ကျ သည်ဟုဆိုသော်လည်း ဝိဝါဒ ကွဲပြားမှုများရှိနေပြီး အာဟာရ ဆိုင်ရာဆရာဝန်များကမူ ရေရှည် တွင် ကျန်းမာရေးထိခိုက်စေမည့် နည်းလမ်းဟု မှတ်ချက်ပြုသည်။

‘‘ကျွန်မကတော့ Keto နည်း လမ်းကိုမကြိုက်ဘူး။ Healthy ဖြစ်တဲ့ နည်းမဟုတ်ဘူး’’ ဟု အာ ဟာရဆိုင်ရာ အထူးကုဆရာဝန် ကြီး ဒေါက်တာဝင်းဝင်းမြင့် ကပြောသည်။

ကီတိုနည်းလမ်းများတွင် စားသောက်နေသည့် အစာများ သည် ကိုလက်စထရောများသည့် အစာများဖြစ်သည့်အတွက် ရေ ရှည်တွင် နှလုံးရောဂါများ၊ အ သည်းတွင် ကျောက်တည်ခြင်း ဝေဒနာများ ခံစားရနိုင်သည်ဟု ၎င်းကဆိုသည်။

ကီတိုနည်းလမ်းဖြင့် အဆီ ဓာတ်များသည့် အစားများကို စား သုံးသည့်အတွက် ဝိတ်မြန်မြန် ဆန်ဆန်ကျစေသော်လည်း ရေ ရှည်တွင် ကိုယ်ခန္ဓာ၌ အာဟာရ မညီမျှသည့်ပြောင်းလဲမှုများ ဖြစ် စေနိုင်သည်ကို သုတေသီများက သတိပေးထားသည်ဟု ဘလော့ ဂါMoefromAmerica (Pharmacist, USA) က ပြောသည်။

ကီတိုနည်းလမ်းကို ရက်၃၀ မှ ၉၀ အထိ ဆက်တိုက်စားပါက ဝမ်းချုပ်ခြင်း၊ ဗီတာမင်ဓာတ်များ ချို့တဲ့ခြင်း၊ ဖျားနာကိုက်ခဲခြင်း၊ မူးဝေအားနည်းခြင်းမှစ၍ ရေရှည် စားသူများမှာ နာတာရှည်ရောဂါ၊ Atrial Fibrillation နှလုံးခုန်မြန် ခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးရော ဂါများ ဖြစ်စေနိုင်သည်ဟု ၎င်းက ဆိုသည်။

ကီတိုနည်းလမ်းဖြင့် စတင် ချိန်တွင် ဝိတ်ကျမှုမြန်သော်လည်း High Fat Diet ဖြစ်သည့်အတွက် ကိီတိုစားသောက်မှု ပုံစံနားချိန် တွင် ခန္ဓာကိုယ်အလေးချိန်မှာပြန် တက်နိုင်သည်။ ခန္ဓာကိုယ်အလေး ချိန် ပြန်တက်လာသည့်နည်းတူ အဆီမှာလည်း ပြန်တက်လာ သည့်အတွက် ယင်းအချိန်တွင် အဆီပြန်ချရခက်သည်ဟု ၎င်း ကဆက်လက်ပြောသည်။

‘‘ခဏတာ Keto စားတာ ပြဿနာမရှိပေမယ့် ရေရှည်စား မယ်ဆို မိမိရဲ့အစားအသောက်နဲ့ ပတ်သက်တဲ့ စိတ်ပျော်ရွှင်မှုကို ရရှိတော့မှာ မဟုတ်တော့သလို ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေလည်းရတော့ မှာ မဟုတ်လို့ ချင့်ချိန်ပြီး လှချင် ကြဖို့ တိုက်တွန်းပါတယ်’’ ဟု MoefromAmerica (Pharmacist, USA) က ပြောသည်။

ကီတိုနည်းလမ်း အသုံးပြုရာ တွင် နေ့စဉ်အဆီနှင့် အသားကို အများဆုံးစားသောက်ရသည့်အ တွက် ငြီးငွေ့လာခြင်း၊ကစီဓာတ် နှင့် အချိုဓာတ်ကို စားသုံးမှု ရပ် လိုက်သည့်အတွက် ထမင်းနှင့် အချိုဓာတ်ပါဝင်သည့် အစားအ စာများကို ယခင်ကဲ့သို့ကြိုက်နှစ် သက်မှုမရှိခြင်းတို့ကြောင့်ရေရှည် တွင် ကီတိုစားသောက်မှု ပုံစံစစ် စစ်မဟုတ်ဘဲ ကာဗိုဟိုက်ဒရိတ် လျှော့ချသည့် နည်းလမ်းဖြင့်သာ လုပ်ဆောင်မည်ဟု ၎င်းတို့ကဆို သည်။

‘‘ကီတိုကနောက်သုံးဖြစ်ဖို့ တော့ရှိတယ်။ ပြန်ချိန်နေတယ်။ အဆီကိုစားရတော့ နှစ်ပတ်၊ သုံး ပတ်ဆို မစားနိုင်တော့ဘူး။မခံနိုင် တော့ ပြန်တော့ချိန်နေတယ်။ ကီ တိုအစစ်မဟုတ်ဘဲနဲ့ ကာဗိုဟိုက် ဒရိတ်ကို ဘယ်လိုလျှော့ရမလဲဆို တာ။ အဆီနဲ့ အသားကို အများ ကြီးမစားနိုင်တော့ဘူးလေ’’ ဟု မနော်ထိုက်ထိုက်ထွန်းက ပြော သည်။

အချုပ်ဆိုရသော် ကီတို နည်းလမ်းကိုသုံး၍ ဝိတ်ချခြင်းကို ခန္ဓာကိုယ်အလေးချိန်များသူများ တွင် ရေတိုအသုံးပြုနိုင်သည်ဆို သော်လည်း ရေရှည်အတွက်မူ ကျန်းမာရေးနှင့် ကိုက်ညီသည့် ကိုယ်လက်လှုပ်ရှားမှုနှင့် နေထိုင် စားသောက်မှုပုံစံကသာ ကျန်းမာ လှပသောဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပေသည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img