2020.07.02FOOD
Dessert ကြိုက်နှစ်သက်သူတွေအတွက်

ကိုရီးယားDessert အရသာစစ်စစ်စားရမယ်ဆို ယုံမလား
ဆိုင်လေးက ဗိုလ်တစ်ထောင်မှာ ဆိုင်ခွဲအနေနဲ့ ဖွင့်ထားတာ မကြာသေးဘူး။ Dessert ကြိုက်နှစ်သက်သူတွေအတွက် နေရာကောင်းလေးတစ်ခု ဖြစ်မှာပါ။ အခုဆိုင်လေးဆို အခုနောက်ပိုင်း မြင်တွေ့လာရတဲ့ မုန့်လုပ်တာကို ငေးကြည့်ခွင့်ရတာကလည်း သဘောကျစရာတစ်ခုပါပဲ။
ကိုရီးယားသံဇဉ်တွေနဲ့ စီးမြောမယ်ဆိုတဲ့သူတွေ၊ Date လုပ်ချင်တဲ့သူတွေ ၊ ဓာတ်ဖမ်းချင်သူတွေနဲ့ ကိုရီးယား Dessert ကောင်းကောင်းစားချင်သူတွေ လာရောက်သင့်တဲ့ဆိုင်လေးလို့ပြောရပါမယ်။
Junction City မှာလည်းရှိပြီး Junction City ကဆိုင်မှာ 31.07.2020 ထိ Monday to Thursday ကို Any 2 Items ကို 10% ပေးထားပြီး Any 3 Items နှင့် အထက်ကို 15% Off ပေးထားတာပါပဲ
ဆိုင်နာမည်လေးက Rain Café ဖြစ်ပါတယ်။ Rain Café မှာ Desserts နဲ့ Hot Coffee, Ice Coffee, Frappe, Mojito, Smoothies နဲ့ Latte ပေါ့ပေါ့ပါးပါးစားစရာတွေ စုံပါတယ်။

ဆိုင်ထဲကနေ အပြင်ကို လှမ်းမြင်ရတဲ့ ရှုခင်းက ကြည်နူးစရာ။ အရသာတစ်ခုခြင်းကို ပုံလေးတွေအောက်မှာ ရေးထားပါတယ်။
S’more Golden Toast 6000 Ks
Dessert ဆိုပေမဲ့ ဗိုက်အီတဲ့ Dessert မဟုတ်ပါဘူး။ ပထမဆုံး S’more Golden Toast ။ Icecream ကို အရသာ နှစ်မျိုးနဲ့ရတယ်။ အခုစားခဲ့တာဆိုရင် စတော်ဘယ်ရီအရသာပါ။ပေါင်မုန့်မီးကင်ကလည်း အထဲမှာနူးညံ့ပြီးတော့ ထောပတ်အနံ့လေးမွှေးနေတာ ဆွဲဆောင်မှုရှိတဲ့ အရသာမျိုးပေါ့။ အသဲပုံ ဂျယ်လီလေးတွေလည်းပါသေးတာ။
Original Souffle Pancake 3600 Ks
Original Fruits Pancake ပါ။ တစ်ချပ် နှစ်ချပ် ကိုယ်စားချင်တဲ့အပေါ်မူတည်ပြီး မှာလို့ရပါတယ်။ Green Tea နဲ့ စားခဲ့တာဖြစ်ပြီး စားရတာ နူးညံ့မှုရှိပြီး ပူတင်းနံ့လေးရပါတယ်။ အပေါ်ကဆမ်းထားတဲ့ Cream ကလည်း ကောင်းတယ်။ ပြင်ဆင်မှုကောင်းသလို လက်ရာကလည်း Top ပါပဲ။
Mojito Mango 4000 Ks
Mojito mango ကလည်း သရက်သီးနဲ့ Sodaနဲ့ လုပ်ထားတာ ချဉ်ချဉ်လေးဆိုတော့ Dessert နဲ့ ကွက်တိပါပဲ
Blueberry Latte 3800 Ks

Blueberry Latte မှာ Blueberry ကတော့ သောက်ဖူးသမျှထဲ အရသာ တော်တော်ကောင်းပါတယ်။ ဒါကတော့ Sweet ဘက် နည်းနည်းသွားလို့ လျော့ခိုင်းရင် တော်တော်သောက်ကောင်းပါပြီ။ သူလည်း ရောက်ရင် must try ပါ။
အချိုမကြိုက်ပါဘူးဆိုတဲ့သူတွေတောင် ဒီဆိုင်က Dessert တွေကတော့ Sweet ဘက်မသွားဘဲ လုံးဝ အဆင်ပြေပါတယ်။ Korea Made Dessert ကို Dessert ချစ်သူတွေ လာရောက်မြည်းစမ်းကြည့်သင့်တဲ့ ဆိုင်လေးတစ်ဆိုင် ဖြစ်ပါတယ်။





Rain Cafe
No. 026, 3rd Floor, Junction City, Pabedan Tsp, Yangon
No. 237/ 239, Bo Myat Tun St, Near BEHS4 Puzundaung, Botahtaung Tsp, Yangon
Ph no : 01 8203955
Opening Hours : 10:00Am to 8:00Pm
By : Nay
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ