bnr_tob_1

2020.08.07FOOD

အဝါရောင်ဆိုင်လေးမှာ ကာဖီသောက်ပါ

ဆူးလေ အနီးမှာ ကာဖီသောက်ပါဆိုတဲ့ ဆိုင်လေးကို ရင်းနှီးနေတာကြာပါပြီ။ ကာဖီသောက်ပါဆိုတဲ့ စကားလုံးကို ရင်းနှီးတာလား၊ အဝါရောင် Theme လေးနဲ့ ဆိုင်ကိုပဲ ရင်းနှီးနေတာလားတော့ မသိဘူး။ အခုတော့ ကာဖီသောက်ပါဆိုတဲ့ ဒီဂျာဘရူး ဆိုင်လေးကို ရောက်ရှိခဲ့ပါပြီ။ ဒီဂျာဘရူးဆိုင်မှာ ဘာတွေရှိမလဲ။

ဒီဂျာဘရူးကို စရောက်တော့ ခံစားမိတာက ကော်ဖီသောက်ရင်း အနုပညာဖန်တီးမှုတွေကို ခံစားနိုင်ဖို့ နေရာကောင်းတစ်ခုပါပဲ။ ဒီဆိုင်က အဓိကကတော့ ကော်ဖီပါပဲ။ ကော်ဖီကိုမှ မြန်မာနိုင်ငံကပဲထွက်တဲ့ ကော်ဖီစေ့ကိုပဲ အဓိက အသုံးပြုထားတာ။ သောက်ကြည့်တော့ ကော်ဖီကလည်း ကော်ဖီနံ့သင်းသင်းလေးနဲ့ အရသာရှိတယ်။ နှစ်သက်မိတဲ့အချက်။ ပြီးတော့ စျေးနှုန်းမှာဆိုလည်း ၂၅၀၀ ကျပ်ကနေ ၄၀၀၀ ဆိုတာ အများဆုံးပါပဲ။ ကော်ဖီစစ်စစ်သောက်ရင်း ဓာတ်ပုံရိုက်မယ်။ အနုပညာလေးတွေခံစားမယ်။

ဆိုင်လေးက အပြင်ကတည်းက ဆွဲဆောင်နေခဲ့တာ။ Vintage ဆန်ဆန်လေးနဲ့ ဓာတ်ဖမ်းဖို့ Location ရှာနေသူတွေ အကြိုက်တွေ့စေမှာပဲ။ ဆိုင်က နှစ်ထပ်ရှိတယ်။ ကျဉ်းပေမဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းလေးတွေနဲ့ ပေါင်းစပ်ပြီး ပြန်လည်ဖန်တီးထားတာမို့ သပ်သပ်ရပ်ရပ်လေးရှိတယ်။ အပေါ်ထပ်မှာ စာအုပ်လေးတွေလည်း ထားပေးထားတာဆိုတော့ ယူဖတ်လို့ရတာပေါ့။ အေးအေးဆေးဆေးလေးဆိုတော့ စကားပြောဖို့ တွေ့ဆုံသူတွေ ပိုအဆင်ပြေတာပေါ့။ ကော်ဖီအပြင် စားစရာလေးတွေရော ဘာတွေရမလဲ။ ဆိုင်ရောက်တုန်း မြည်းစမ်းကြည့်ခဲ့တာဆိုရင်

Chaptatti rolled chicken

Tom Yum Bowl

Thai Basil Ham Spaghetti

တုံယမ်းမြေအိုးဆို ထမင်းအပေါ်မှာမှ အသားအရွက်နဲ့ တုံယမ်းအရသာ ချဉ်ချဉ်လေးတဲ့ တော်တော်ကောင်းခဲ့တယ်။

ချာပါတီဆို ကြက်သားအစာသွပ်လေး အသား သခွားသီးနဲ့ မရောနစ်ပါလို့ ဆိမ့်ဆိမ့်လေးနဲ့ အဆာပြေဆိုလည်း အဆင်ပြေတယ်။

ပင်စိမ်း မွှေးမွှေးလေးနဲ့ ထိုင်းပင်စိမ်းကြက်ပေါင်ခြောက်ကြော် သူလည်း အဆင်ပြေတယ်။ တစ်ခုက စပါကတီ Crazy တွေကတော့ ဒီက စပါကတီကိုတော့ သိပ်အကြိုက်တွေ့မှာ မဟုတ်ပါဘူး။

ကော်ဖီကိုမှ မြန်မာနိုင်ငံကပဲထွက်တဲ့ ကော်ဖီစေ့ကိုပဲ အဓိက အသုံးပြုထားတာ။ ကော်ဖီကလည်း ကော်ဖီနံ့သင်းသင်းလေးနဲ့ အရသာရှိတယ်။

အပေါ်ထပ်မှာ စာအုပ်လေးတွေ ထားပေးထားတယ်။

“Deja Brew”

Café & Art Space

Ph no – 09 2500 98044

Opening Hours – 9:00Am to 7:30Pm

Address : 37th Street Middle Block (Downtown), Yangon

#DejaBrew #localcoffee

#Artspace #Downtown

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img