bnr_tob_1

2020.09.18SOCIAL

နှစ်ပေါင်းများစွာပစ်ထားခံရသည့် ခြံမြေကွက်ကြီးကို တန်ဖိုးရှိသည့် ဥယျာဉ်ဖြစ်လာစေရန် လုပ်ဆောင်နေရဟု ဒေါ်အောင်ဆန်းစုကြည် နမူနာပေး

ဒေါ်အောင်ဆန်းစုကြည် ယမန်နေ့က ပြောကြားနေစဉ် (ဓာတ်ပုံ − MRTV)

By ထက်အာကာကျော်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၆ က အစိုးရတာဝန်ယူရာတွင်  ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများကို နှစ်ပေါင်းများစွာ ပစ်ထားခံရသည့် ခြံမြေကွက်ကြီးကို တန်ဖိုးရှိသည့် ဥယျာဉ်တစ်ခုဖြစ်လာစေရန် လုပ် ဆောင်ရခြင်းဖြင့် နှိုင်းယှဉ်လိုကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံပိုင်ရုပ်သံ(MRTV)က စက်တင်ဘာ ၁၇ ရက်တွင်ထုတ် လွှင့်သော လာမည့် နိုဝင်ဘာရွေး ကောက်ပွဲအတွက် နိုင်ငံရေးပါတီ များ၏ ဟောပြောချက်အစီအစဉ် တွင် အထက်ပါအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌက  ထည့်သွင်း ပြောကြားခြင်းဖြစ် သည်။

 ‘‘ရာသီဥတုဆိုးရွားခြင်း၊ နည်းစနစ် ညံ့ဖျင်းခြင်း၊ အားစိုက် ထုတ်မှုနည်းပါးခြင်း စတဲ့အ ကြောင်းအမျိုးမျိုးတို့ကြောင့် ခြံ စည်းရိုးတွေကကျိုး၊ ပေါင်းပင် တွေ၊ ခလုတ်ဆူးငြောင့်တွေ၊ တန် ဖိုးမဲ့အပင်တွေ၊ ခဲတွေ၊ သဲတွေ၊  ချိုင့်တွေ၊ ကလိုင်တွေနဲ့ပြည့်ပြီး အကျည်းလည်းတန်၊ အန္တရာယ် လည်းများနေတဲ့ အနေအထားမှာ  ရှိနေတဲ့မြေကွက်ကြီးပါ။ ဒါကို လုံခြုံ၊ လှပ၊ တန်ဖိုးရှိတဲ့ဥယျာဉ် ကြီး တစ်ခုဖြစ်အောင်လုပ်ဖို့ ကြိုး ပမ်းရပါတယ်’’ဟု ၎င်းကဆို သည်။

ယခင်က စစ်အာဏာရှင် စနစ်ကြီးစိုးခဲ့ပြီးနောက် ဒီမိုကရေ စီဟုပြောရနိုင်သည့် အရပ်သား အစိုးရ တက်လာသည့်အပေါ် လူ ထုကကျေနပ်လိမ့်မည်ဟု ယူဆ ကြောင်း နိုင်ငံရေးလေ့လာစောင့် ကြည့်သူ ဦးမောင်မောင်စိုးကမှတ် ချက်ပြုသည်။

တက်လာသည့် အစိုးရတစ် ရပ်သည် ယခင်အစိုးရထက် ပို ကောင်းမွန်သည်ဟု ပြောလေ့ရှိ သော်လည်း လက်တွေ့ဖြစ်ပျက် နေသည့် အခြေအနေကိုကြည့် ကာ ပြည်သူလူထုကဆုံးဖြတ်မည် ဟုယူဆကြောင်း ၎င်းကဆက် ပြောသည်။

 နိုင်ငံရေးဆောင်းပါးရှင် မောင်ဉာဏက အထက်ပါ ဒေါ်အောင်ဆန်းစုကြည်၏ ပြော ဆိုချက်ကိုလက်ခံပြီး လက်ရှိ အစိုးရတာဝန် ယူရသည့်အခြေအ နေသည် ဖုန်းဆိုးမြေကို ပြန်လည် သန့်စင်နေရသည့် ကနဦးဖြစ် သည်ဟု သုံးသပ်သည်။

‘‘ငါးနှစ်တည်း၊ ဆယ်နှစ် တည်းနဲ့ ဒီအခြေအနေက ပြည့်စုံ လိမ့်မယ်လို့လည်း မထင်ဘူး။ ပြောရမယ်ဆိုရင် ဒီဖုန်းဆိုးမြေကို တော်တော်သန့်စင်ရလိမ့်ဦးမယ် ထင်တယ်’’ဟု မောင်ဉာဏကဆို သည်။ လက်ရှိဖွဲ့စည်း ပုံအခြေခံ ဥပဒေအရ နိုင်ငံ၏ရွေးကောက် ပွဲများသည် ဒီမိုကရေစီစံနှုန်းစံ ထားများဖြင့် ပြည့်မီခြင်းမရှိ ကြောင်းနှင့် ပြည်ထောင်စုလွှတ် တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်အသီးသီးတွင်  ၇၅ ရာ ခိုင်နှုန်းသော ကိုယ်စားလှယ်များ ကို ပြည်သူလူထုရွေးချယ်တင် မြှောက်ခွင့်ရှိကြောင်း ဒေါ်အောင် ဆန်းစုကြည်ကထောက်ပြသည်။ 

‘‘ဒီတော့ အစိုးရတစ်ခုဖွဲ့ စည်းနိုင်ဖို့ ဒီ ၂၅ရာခိုင်နှုန်းအတား အဆီးကို အင်န်အယ်လ်ဒီကဖြတ်  ကျော်ရပါမယ်’’ဟု ဒီချုပ်ပါတီ ဥက္ကဋ္ဌက ဆက်ပြောသည်။

စတင်ထားသည့် တည် ဆောက်ရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်မည့် အစိုးရတစ် ရပ်ဖွဲ့စည်းရန် လွှတ်တော်အတွင်း နေရာအများစုရရှိရန်လိုအပ်ပြီး  အင်န်အယ်လ်ဒီယှဉ်ပြိုင်သည့် နေ ရာတိုင်းတွင် ၎င်းတို့ပါတီကို အင် တိုက် အားတိုက်မဲပေးရန် ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

ဒီချုပ်အစိုးရလက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံ တော်လုံခြုံရေး၊ ညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးစသည့်လုပ်ငန်းများ ကိုလုပ်ဆောင်ခဲ့ပြီး အခက်အခဲ များနှင့် ရင်ဆိုင်ခဲ့ရကြောင်း ၎င်း ကဆိုသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးသည် အောင်မြင်သည့်အဆင့် မရောက် ခဲ့သော်လည်း ယင်းဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရန် လိုအပ် သော အကြောင်းရင်းများကို  စိတ်ဝင်စားသည့် ပြည်သူများသိ နိုင်ခွင့်ရခဲ့ခြင်းကို အောင်မြင်မှု တစ်ရပ်အနေဖြင့် ယူဆကြောင်း  ဒီချုပ်ပါတီဥက္ကဋ္ဌကပြောသည်။

သို့သော် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ ဦးမောင်မောင် စိုးက ‘‘ကျွန်တော့်အမြင်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးလို့ပြောရင် အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ (တပ်မတော်နဲ့)ဘယ်လောက်ညှိနှိုင်းနိုင်သလဲဆိုတဲ့အပေါ်မူတည်တယ်။ ငါတို့က မှန်တယ်။ သူတို့ကမပြင်ချင်လို့ဆို တာနဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပ ဒေက ဒီတစ်သက်ပြင်နိုင်မှာမဟုတ် ပါဘူး’’ဟု  မှတ်ချက်ပြုသည်။

ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံတော်ကာ ကွယ်ရေးကို အတွင်းရန်သာမက  အပြင်ရန်ကိုလည်း ထည့်သွင်း စဉ်းစားရပြီး ဥပမာအားဖြင့်ဒီချုပ် အစိုးရလက်ထက်တွင် အနောက် ဘက်ခြံစည်းရိုး (မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်)အတွက် ကျပ်ဘီလီ ယံ ၂၀ချထားပေးခဲ့ကြောင်းထည့် သွင်းပြောကြားသည်။

‘‘ဒီထက် ပိုမိုခက်ခဲနက်နဲတဲ့ လုပ်ငန်းကတော့မမြင်နိုင်တဲ့၊ ရုပ် လုံးမပေါ်တဲ့ နိုင်ငံတကာနယ်ပယ် မှာ ကျွန်မတို့တိုင်းပြည်ကို ကာ ကွယ်ရေးလုပ်ငန်းတွေပဲ ဖြစ်ပါ တယ်။ ပြည်သူများသိတဲ့အတိုင်း မှာ ဆယ်စုနှစ်ပေါင်းများစွာက စ တင်ခဲ့တဲ့ ပြဿနာများကြောင့် ကျွန်မတို့ ရခိုင်ပြည်နယ်မှာအခက် အခဲ၊ အကျပ်အတည်း၊ ဒုက္ခ ပေါင်းများစွာ ကြုံတွေ့နေရပါ တယ်’’ဟု ၎င်းကဆက်ပြောသည်။

ငြိမ်းချမ်းတည်ငြိမ်မှု၊ တရား ဥပဒေကပေးသောလုံခြုံမှု၊ ရေ ရှည်တည်တံ့ဖွံ့ဖြိုးမှု၊ ပညာ၊ ကျန်းမာ၊ စိတ်ဓာတ်မြင့်မားသည့် ပြည်သူလူထု စသည့်အရင်းအ မြစ်များ ခိုင်မြဲသည့်အဆင့်ရောက် ရှိရန် ပြည်သူများ၏ထောက်ခံမှု ဖြင့် အင်န်အယ်လ်ဒီအစိုးရက ဆက်လက်တာဝန်ယူဆောင်ရွက် လိုကြောင်း ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။

‘‘ခြံစည်းရိုး စခတ်၊ စတင် ရှင်းလင်းပြီး အရိုင်းအဆင့်က ဥယျာဉ်ပုံစံပေါ်စဖြစ်နေတဲ့ တန် ဖိုးရှိမြေကြီးကို လန်းဆန်းစိုပြည်၊ ဖူးပွင့်ဝေဆာ၊ အာဟာရအပြည့်၊  သစ်သီးဝလံ အရိပ်ပင်သစ်ပင်များ နဲ့ သာယာလုံခြုံရာဘုံဖြစ်အောင်  ဆောင်ရွက်ချင်ပါတယ်’’ဟု ၎င်း ကဆက်ပြောသည်။

ထို့အပြင် မြေအရိုင်းဘဝပြန် မရောက်နိုင်ဟု ပြည်သူများ စိတ်ချနိုင်စေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။

Credit : https://7day.news/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img