bnr_tob_1

2020.10.20TRAVEL

ထူးခြားဆန်းပြား စေတီပုထိုးများ (အင်းတကော်)

ဓမ္မသိုက်စေတီတော်မြတ် နှင့် ဘီလူးကြီးနှစ်ကောင်

Covid 19 စီမံချက်တွေကို လိုက်နာနေထိုင်နေရတာကြောင့် ဘုရား၊ စေတီပုထိုးများကို သွားရောက် မဖူးဖြစ်ရတာ အတော်ကြာနေပါပြီ။ မိတ်ဆွေများ Facebook သုံးရင် ဘုရားဖူးနိုင်ရန် အင်းတကော်မြို့က ဓမ္မသိုက်စေတီတော် နှင့် ဘီလူးတစ်ထောင်စေတီ(မြနန်းနွယ်ကျောင်း) များ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ဓမ္မသိုက်စေတီ (အင်းတကော်)

ရန်ကုန်-ပဲခူးကားလမ်းဘေးမှ ဓမ္မသိုက်စေတီတော် အဝင်မုဒ်ဉီး

ဓမ္မသိုက်စေတီတော်ဟာ ပဲခူးမြို့၊ အင်းတကော်မြို့အနီး (ရန်ကုန်-ပဲခူးလမ်းဟောင်း) မှာ တည်ရှိပါတယ်။ ရန်ကုန်ကသွားရင် ရန်ကုန်-ပဲခူးကားလမ်း ညာဘက်မှ ဓမ္မသိုက်စေတီသို့ ဆိုင်းဘုတ်ကနေ အတော်လေး အထဲဝင်ရပါတယ်။ လမ်းမကြီးမှ အတော်လေးဝင်ရတာမို့ ဘုရားဖူးလာသူများ နည်းပါးတာကို တွေ့ရပါတယ်။ အထဲဝင်ရတဲ့ကားလမ်း ကောင်းတာကြောင့် လမ်းပန်းဆက်သွယ်ရေးက တော်တော် အဆင်ပြေပါတယ်။ စေတီတော် အဆင့်မြင့် ပြုပြင်မွန်းမံခြင်းများကိုလည်း ဒေသခံများ၊ ဘုရားဖူးလာ အများပြည်သူများ နှင့် အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ဆောင်ရွက်နေကြတာကို တွေ့မြင်ခဲ့ရပါတယ်။

ဆံတော်တွင်း (ဓမ္မသိုက်စေတီတော်)

ဓမ္မသိုက်စေတီဟာ အခြားသော စေတီပုထိုးများနဲ့ကွဲပြားစွာ ဘုရားရှေ့မှာ ဘီလူးကြီးနှစ်ကောင် စောင့်ကြပ်နေဟန် ထုလုပ်ထားပါတယ်။ ဘီလူးကြီးနှစ်ကောင်ရဲ့ ရှေ့မှာတော့ ဆင်ရုပ်ကြီး နှစ်ခုရှိပါတယ်။ လေ့လာစရာ အနေနဲ့ ဘုရားအတွင်းမှာ ရှေးဟောင်း ဆံတော်တွင်း နှင့် ငွေယားကန် တို့ ရှိပါတယ်။

၂။ ဘီလူးတစ်ထောင်စေတီ(မြနန်းနွယ်ကျောင်း)

သစ်ပင်ကြီးများဖြင့် အုံ့ဆိုင်းနေတဲ့ ဘီလူးတစ်ထောင်စေတီ

ဘီလူးတစ်ထောင်စေတီတွင်းက ဗိသုကာလက်ရာများကတော့ ဆန်းပြားပြီး ထူခြားနေတာတွေ့ရပါတယ်။ ရှေးဟောင်းလက်ရာများတော့ မဟုတ်ပါ။ နဂါးရုံစေတီ၊ ဘီလူးတစ်ထောင်စေတီများ ထုလုပ်တည်ထားသည့်မှာ လက်ရာသေသပ်လှပပြီး တစ်မူထူးခြားနေပါတယ်။

မြနန်းနွယ်ကျောင်းဝင်းတွင်းမှ ဘီလူးရုပ်ကြီး

ဘုရားဖူးလာသူများ အချင်းချင်း ပရုပ်ဆီဆေးဘူးလေးများလဲ ဆေးဒါနပြု လှူဒါန်းကြပါတယ်။ စာကြည့်များ၊ ကွန်ပြူတာ အသုံးများတဲ့ စာရေးသူအတွက် ပရုပ်ဆီဆေးရည်လေးက တော်တော် အစွမ်းထက်ပါတယ်။

ဘုရားဖူးလာသူများ အချင်းချင်း လှူဒါန်းကြတဲ့ ပရုပ်ဆီဆေးဘူးလေး

ကျန်းမာရေးအတွက် အဆောင်အင်းလေး နှင့် လယ်တီဆရာတော်ဘုရားကြီ၏ အန္တရာယ်ကင်း တံဆိပ်တော် များလည်း လက်ဆောင် ရခဲ့ပါတယ်။

ကျန်းမာရေး အဆောင် အင်းကွက်လေး

လယ်တီဆရာတော်ဘုရားကြီ၏ အန္တရာယ်ကင်း တံဆိပ်တော် ပုံနှိပ်ထားပုံကို ကြည့်ခြင်းအားဖြင့် မူရင်း မဟုတ်နိုင်ကြောင်း ခန့်မှန်းနိုင်ပါတယ်။ ပဲခူးဘက်ကို ကြုံကြိုက်ခဲ့ရင် ဓမ္မသိုက်စေတီ နှင့် ဘီလူးတစ်ထောင်စေတီ ကိုလဲ သွားရောက်ဖူးမျှော်ဖို့ တိုက်တွန်းပါတယ်။

လယ်တီဆရာတော်ဘုရားကြီ၏ အန္တရာယ်ကင်း တံဆိပ်တော်

(အင်း၊ အဆောင်၊ လက်ဖွဲ့များအား ယုံကြည်ခြင်း၊ အသုံးပြုခြင်းသည် ကိုယ်ပိုင်ဉာဏ်ဖြင့်သာ ချင့်ချိန်ဆုံးဖြတ်ရန်ဖြစ်ပါတယ်။ ခရီးသွား ဗဟုသုတ အနေဖြင့်သော်၄င်း၊ သတင်းအနေဖြင့်သော်၄င်း တင်ပြခြင်းသာ ဖြစ်ပါသည်။)

By: Laimar

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img