bnr_tob_1

2020.02.24SOCIAL

အပန်းဖြေသင်္ဘောတွေစီးရင်း အပန်းဖြေနိုင်မယ့် အပန်းဖြေသင်္ဘော

ရန်ကုန်မြို့တွင်းမှာ အပန်းဖြေအနားယူစရာ နေရာတွေ များစွာရှိပါတယ်။ နေ့စဉ်ရိုးအီနေအောင် မြင်တွေ့နေရတဲ့ မြင်ကွင်းတွေ၊ အပန်းဖြေစရာနေရာတွေထဲမှ ခွဲထွက်ပြီး ရန်ကုန်မြို့ရဲ့အလှအပတွေကို ရန်ကုန်မြစ်ကြောင်းတစ်လျှောက်ကနေ အပန်းဖြေသင်္ဘောတွေစီးရင်း အပန်းဖြေနိုင်မယ့် အပန်းဖြေသင်္ဘောစီး ခရီးစဉ်များကို ပြေးဆွဲပေးနေပြီဖြစ်ပါတယ်။

ရန်ကုန်မြစ်ကြောင်းတစ်လျှောက် အပျော်စီးသင်္ဘောများနှင် အပန်းဖြေစီးနင်းသူများပြားလာသောကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တေဇ အပျော်စီးသင်္ဘာခရီးစဉ်အသစ်ကို ဖေဖော်ဝါရီ (၁၄) ရက်တွင် ဗိုလ်တထောင်ဆိပ်ကမ်း အမှတ်(၅) တံတားတွင် ထပ်မံ၍ ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် အစိုးရပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ၄င်းရေယာဉ်ဖြင့် အပန်းဖြေအပျော်စီးခရီးစဉ်များကို တွံတေးမြို့အထိ စီးလုံးငှား ဝန်ဆောင်မှုများပေးကြောင်း သိရပါတယ်။

 ရန်ကုန်မြစ်ကြောင်းတစ်လျှောက်  အပန်းဖြေခရီးစဉ်အတွက် ဗိုလ်တထောင်ဆိပ်ကမ်း အမှတ်(၅) တံတားမှ စတင်ကာ ရန်ကုန်မြစ်တစ်လျှောက် ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်း တို့ပေါင်းစုံရာ မြစ် (၃)ခွ အကျော်ထိ မောင်းနှင်ပြီး ထိုမှတစ်ဆင့် ပန်းဆိုးတန်း၊ လသာ၊ မော်တင်၊ အလုံ MICT ဆိပ်ကမ်းတစ်လျှောက် မောင်းနှင်ပြေးဆွဲပေးကြောင်း သိရပါတယ်။

မိသားစု အပန်းဖြေ အပျော်ခရီးစဉ်အဖြစ် တွံတေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် တွံတေးရွှေဆံတော်ဘုရား၊ အိုးလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများကို လည်ပတ်လေ့လာနိုင်မည့် စီးလုံးငှားဝန်ဆောင်မှုများကို စျေးနှုန်းချိုသာစွာဖြင့် ပြေးဆွဲပေးသွာမှာဖြစ်ပြီး ပါတီပွဲ၊ event ပွဲ၊ မင်္ဂလာဧည့်ခံပွဲ၊ မွေးနေ့ပွဲများကိုလည်း လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။

၄င်းအပျော်စီးသင်္ဘောတွင် ခရီးသည် (၁၂၀)ဦး လိုက်ပါစီးနင်းနိုင်ပြီး အမြန်နှုန်း ရေစုန် တစ်နာရီ (၁၀)မိုင်၊ ရေဆန် တစ်နာရီ (၆)မိုင်နှုန်း ဖြင့် ပြေးဆွဲပေးလျက်ရှိပါတယ်။ ငှာရမ်းခမှာ silver package (287700)ကျပ် , platinum package (529200) ကျပ် သတ်မှတ်ထားပြီး မြစ်တွင်းသုံအတွက် အချိန် တစ်နာရီထပ်တိုးလျှင် (50000) ကျပ် ထပ်ပေးဆောင်ရန် သတ်မှတ်ထားကြောင်း သိရပါတယ်။

ထို့အပြင် Royal Green River Prince အပျော်စီးသင်္ဘောမှလည်း ခရီးသည် (၂၅၀)ဦးလိုက်ပါစီးနင်းနိုင်သော အပန်းဖြေခရီးစဉ်များ၊နှင့် ရန်ကုန်မြို့၏ညအလှရှု့ခင်းများကို ကြည့်ရှု့ခံစားနိုင်ရန်အတွက် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိပါတယ်။ ၄င်းအပန်းဖြေအပျော်စီးသင်္ဘောအတွက် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၂၀)ဖြစ်ပြီး ပြည်တွင်း ခရီးသည်တစ်ဦးလျှင် (၁၅၀၀၀)ကျပ် နှုန်း သတ်မှတ်ထားကြောင်း သိရပါတယ်။

By: Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img