bnr_tob_1

2020.04.30LIFE&TREND

စျေးကွက်ထဲကို ရောက်နေတဲ့ Crocs ဖိနပ်အတုများ

Crocs LiteRide Collection တွေဟာ မြန်မာနိုင်ငံကို၂၀၁၈ စက်တင်ဘာလကတည်းမှစတင်ပြီး Crocs Myanmar ၏တရားဝင် Page မှတစ်ဆင့်ကြော်ြင်ခြင်း မိတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။

Celebrities များ Blogger များ Social Influencers များနှင့်ပါတွဲဖက်ကြော်ငြာခြင်းများပြုလုပ်ခဲ့သလို Social Media Engagement Campaign များစွာလည်းပြုလုပ်ခဲ့ပါတယ်။ Crocs LiteRide ဖိနပ်လေးများကိုကတည်းက သက်တောင့်သက်သာရှိစေသလို စတိုင်ကျစေတယ် ဒီဇိုင်းပုံဆန်းလေးတွေကြောင့်လည်း Crocs customers များနှစ်ခြိုက်သဘောကျလက်ခံခဲ့ကြပါတယ်။

အထိုက်အလျောက်အောင်မြင်ခဲ့တဲ့နောက် ယခုအခါမှာတော့ Online Shopping Page များမှလည်း လိုက်လံရောင်းချခြင်းများရှိခဲ့ကြပါတယ်။ Showroom တွေ Shopping Mall မှာဖွင့်လှစ်ထားတဲ့ Crocs ဆိုင်များမှာတော့ ဈေးဘယ် လောက်ရှိပါတယ် ယခု Online Shopping Page မှဝယ်ယူမယ်ဆိုရင်တော့ တစ်ဝက်ဈေးလောက်ပဲ ကျသင့်ပါတယ် အစရှိသဖြင့် ကြော်ငြာတွေလည်း မြင်တွေ့ရပါတယ်။

Crocs Myanmar မှလည်း ယခုလိုကြော်ငြာတွေ မြင်တွေနေရပြီး စိတ်ဝင်စားပါတယ်။ ၎င်း Page များမှတစ်ဆင့်တစ်ကယ်လည်းမှာယူခဲ့ပြီး Crocs Head Office သို့ဆက်သွယ်ကာ အရည်အသွေးကွာခြားမှု ရှိမရှိစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှုအပြီးမှာတော့ အရည်အသွေးတွေမှာ ကွာခြားပြီးစစ်မှန်မှုမရှိဘူးဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဘယ်လိုအချက်တွေမှာ ကွားခြားပါသလဲဆိုတာကတော့….

နံပတ်(၁) မူရင်း Crocs ဟာ ဖိနပ်ရဲ့မျက်နှာပြင်မှာ သိသာထင်ရှားတဲ့ ပြောင်ပြောင်လက်လက် တံဆိပ်ဝိုင်းတစ်ခုအမြဲပါပါတယ်။ အတုကတော့ စတေကာအသားနဲ့ပါ။

နံပတ်(၂)  Crocs အစစ်က Crocs Logo နဲ့ ချိတ်တစ်ခု( Hanger ) အမြဲပါ၀◌င်ပါတယ်။

နံပတ်(၃) Crocs အစစ်မှာ size, material, model name, အစရှိသဖြင့် သိသင့်တဲ့ info အစုံပါတဲ့ Label တွေများစွာပါ၀င်ပါတယ်။

နံပတ်(၄) ဖိနပ်အစစ်ရဲ့ခြေနင်း အလယ်မှာ Crocs Logo တစ်ခုပါ၀င်ပါသေးတယ်။ Corcs ရဲ့ အမှတ်အသားဖြစ်တဲ့ တရား၀င် Website ဖြစ်တဲ့ www.crocs.com, ဖိနပ်ဆိုဒ်၊ manufacturer

 အစရှိတာတွေ နဲ့အတူပါရှိတာပါ။

နံပတ်(၅) ပြီးတော့ ဖိနပ်အောက်ခြေရဲ့နောက်တစ်ဖက်မှာပဲ “boulder, colorado” ဆိုတဲ့အမှတ်အသားတစ်ခုပါ ပါ သေးတယ်။ အဆိုပါ စာသားဟာ comma နဲ့သာဖြစ်ပြီး Full stop နဲ့မဟုတ်ပါ။

နံပတ်(၆) တကယ့် Crocs အစစ်တွေကို Brand တံဆိပ်ပါတဲ့ ပလတ်စတစ်အိတ် သို့မဟုတ် စက္ကူအိတ်နဲ့သာရောင်းချပါတယ်။ ဘူးနဲ့ရောင်းချခြင်းမရှိပါဘူး။

နောက်ဆုံးအနေနဲ့ တကယ့် Crocs Lite ride တွေက ဖိနပ်စီးထားသလားလို့တောင်မထင်ရအောင် ပေါ့ပါးလွန်းပါတယ်။ စီးရတဲ့ ကွာလတီက စီးကြည့်ရင် တကယ်ကို ကွာဟနေတာပါ။

(Crocs ဖိနပ်အတုရဲ့ပုံကိုလည်းဖော်ပြထားပါသေးတယ်)

Crocs အမှတ်တံဆိပ်ဖိနပ်လေးများကို ဝတ်ဆင်လိုတဲ့ Crocs ချစ်သူများကို အသိပေးလိုတာက Myanmar Plaza, City Mall St-John, Junction Square, Skywalk Shopping Mall တို့မှာဖွင့်လှစ်ထားတဲ့ Crocs ဆိုင်များတွင် ဝယ်ယူခဲ့သော ၊ Blazon – Department Store မှဦးစီးပြုလုပ်ခဲ့သော Sales Promotion ပွဲများမှ ဝယ်ယူခဲ့သော Crocs အမှတ်တံဆိပ် ဖိနပ်များ နှင့် Khitzay.com တို့မှဝယ်ယူခဲ့သော ဖိနပ်များသည် အရည်အသွေး စစ်မှန်မှန်ကန်မှုရှိပါကြောင်းနှင့် ယုံကြည်စိတ်ချစွာ နှင့် သံသယကင်းစွာဝယ်ယူနိုင်ပါကြောင်း အတုအပများကို အထူးသတိပြုလိုပါကြောင်း ခင်မင်လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img