fb_icon

bnr_tob_1

2019.10.21TRAVEL

အသိပညာတိုးပွား၊လေ့လာရေးခရီးသွားကြမလား

ဗဟုသုတများလည်းတိုးပြီး အလည်အပတ် စိတ်အပန်းပြေနိုင်တဲ့ နေရာကောင်းတစ်ခုကို Yangon Style ပရိသတ်ကြီးအတွက် လမ်းညွှန်ပေးချင်ပါသည်။ ရန်ကုန်မြို့တွင်းမှ အဝေးကြီးသွားစရာမလို သောနေရာလေးတစ်ခုမှာပဲ ဖြစ်ပါသည်။
ရန်ကုန်မြို့ထဲမှနေ မိနစ် ၂၀ခန့်ကြာကားမောင်းနှင်လိုက်ရုံဖြင့် သာကေတမိကျောင်းမွေးမြူရေးစခန်းကို ရောက်နိုင်ပါသည်။

အဆိုပါမိကျောင်းမွေးမြူရေးစခန်းသည်ရန်ကုန်မြစ်ထဲသို့စီးဝင်နေသောပုစွန်တောင် ချောင်းဘေး၊ မြခွာညိုလမ်း၊ သာကေတမြို့ နယ်တွင် တည်ရှိပါသည်။
မိကျောင်းများကို အရွယ်အစား၊ အသက်အလိုက်ခွဲခြားမွေးမြူထားပါသည်။ လေ့လာသူများအနေဖြင့် မိ ကျောင်းပြုစုကန်များနှင့်သဘာဝကန်ကို စိတ်လှုပ်ရှားဖွယ် မြင်တွေ့နိုင်မှာ ဖြစ်ပါသည်။ ပြုစုကန်များတွင် မိ ကျောင်းပေါက်လေးများကို မွေးမြူထားပြီး သဘာဝကန်တွင်တော့ အရွယ်ရောက်နေပြီဖြစ်သော မိကျောင်းများ ၏ နေထိုင်ကူးခတ်သွားလာပုံတွေကို သဘာဝအတိုင်း ကြည့်ရှု့လေ့လာနိုင်မှာ ဖြစ်ပါသည်။

လေ့လာသူများအနေနှင့် မိကျောင်းများကို အနီးကပ်သေချာစွာ လေ့လာနိုင်ပြီး ကိုယ်တိုင်လည်း အစာကျွေးနိုင်သလို ဓတ်ပုံများရိုက်ကူးပြီးလည်း မှတ်တမ်းသိမ်းဆည်းထားနိုင်ပါသည်။ သာကေတမိကျောင်း မွေးမြူရေးစခန်းသည် ဧက (၄၀)ခန့်ကျယ်ဝန်းပြီး တစ်ပေအရွယ်မှ ၁၀ပေအထက် အရွယ်စုံ မိကျောင်းကောင် ရေ ၅၀ဝကျော်ကို မွေးမြူထားပါသည်။ ထူးခြားချက်မှာ ကမ္ဘာပေါ်တွင် ရှားပါးနေပြီဖြစ်သော ရေငန်မိကျောင်း တစ်မျိုးတည်းကိုသာ ထိန်းသိမ်းပြသလျက်ရှိခြင်း ဖြစ်သည်။


သာကေတမိကျောင်းမွေးမြူရေးစခန်းကို ၁၉၇၈ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး အပန်း ဖြေစခန်းအဖြစ်ကိုတော့ ၁၉၉၇ခုနှစ်တွင် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ယနေ့တိုင် ပိတ်ရက်မရှိဖွင့်လှစ်ထားပြီး အခါကြီးရက်ကြီးနှင့်ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူများအား တာဝန်ရှိသူများက မိကျောင်းများ နှင့်အတူ စိတ်ဝင်စားဖွယ်ပြကွက်များကို စီစဉ်ပြသလျက်ရှိသည်။
ဝင်ကြေးအဖြစ် လူကြီးတစ်ဦးလျင် ၅၀ဝကျပ်နှင့် ကလေးများကိုအခမဲ သတ်မှတ်ပေးထားပါသည်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img