2020.12.24SOCIAL
ရန်ကုန်တိုင်းတွင် ကိုဗစ်ကာကွယ်ရေးစည်းကမ်းများ ဖြေလျှော သင့်၊ မသင့် မြို့နယ်များထံ သဘောထားတောင်း

ရန်ကုန်မြို့ရှိ ပန်းခြံများကို ယာယီပိတ်ထားကြောင်း မဟာဗန္ဓုလပန်းခြံတွင် ထောင်ထားသည့် ကြေညာချက်ဖတ်ရှုနေသော ကလေးမိခင်တစ်ဦး ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
By မင်းလွင်
ကိုဗစ်ကာကွယ်ရေးစည်းကမ်းများ ဖြေလျှော့သင့်၊ မသင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ကိုဗစ်ကော်မတီများထံ တိုင်းဒေသကြီးအစိုးရက သဘောထားတောင်းထားကြောင်း မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌများက ပြောသည်။
အဆိုပါ သဘောထားတောင်းခံခြင်းမှာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ဗဟိုအဆင့်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လုပ်ပိုင်ခွင့်တာဝန်များ လွှဲပြောင်းလာသည့် သဘောဖြစ်ပြီး ဒေသအလိုက် ပီပြင်စွာစီမံခန့်ခွဲနိုင်ရန် ဆောင်ရွက်လာခြင်းဖြစ်နိုင်သည်ဟု ၎င်းတို့က ခန့်မှန်းပြောကြားသည်။
‘‘တိုင်းက သဘောဆန္ဒ တောင်းတယ်။ အဲဒါကြောင့် ကျွန် တော်တို့ကတော့ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ကျန်းမာ ရေးနဲ့ရော အကုန်လုံးညှိတယ်။ နောက်ပြီးတော့ ရပ်ကွက်အုပ် ချုပ်ရေးမှူးတွေခေါ်ပြီး အစည်း အဝေးလည်းလုပ်တယ်။ ကျွန် တော်တို့ဆီမှာတော့ လုံးဝမဖြစ် သင့်သေးဘူးဆိုပြီး သဘောထား မှတ်ချက်ပြန်တင်လိုက်တယ်’’ ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ပြောသည်။
လက်ရှိအခြေအနေမှာ ပိုး တွေ့လူနာစစ်ဆေးတွေ့ရှိမှုနှုန်း များနေသေးပြီး ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများကို အင်နှင့် အားနှင့်လုပ်ဆောင်နေရချိန် ဖြစ် သောကြောင့် စည်းကမ်းချက်များ ဖြေလျှော့ရန် လုံးဝမဖြစ်နိုင်သေး ကြောင်း ၎င်းက ပြောကြားသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်တွင် ပိုးတွေ့လူနာစစ်ဆေး တွေ့ရှိမှုအခြေအနေမှာ ဒီဇင်ဘာ ၂၃ ရက် ညနေအထိ ပိုးတွေ့လူ နာ ၁,၉၀၀ ကျော်ရှိနေပြီး တစ် တိုင်းလုံးတွင် ၁၅ မြို့နယ်မြောက် ပိုးတွေ့လူနာအများဆုံး မြို့နယ် တစ်ခုလည်းဖြစ်သည်။
ရန်ကုန်တစ်တိုင်းလုံးတွင် ပိုးတွေ့လူနာ ၂,၆၀၀ ကျော်ဖြင့် ရှစ်မြို့နယ်မြောက် ပိုးတွေ့လူနာ အများဆုံးဖြစ်သော တောင်ဥက္က လာပမြို့နယ် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးငြိမ်းချမ်းအောင်က ၎င်း တို့မြို့နယ်သို့ သဘောထား တောင်းသည်ကို မဖြေလျှော့သင့် သေးကြောင်း ပြန်တင်ပြထား သည်ဟုဆိုသည်။
‘‘ကျွန်တော်ပြောခဲ့သလိုပဲ စည်းကမ်းချက်တွေကို ဗဟိုကမ ကိုင်တော့ဘူး။ တိုင်းဒေသကြီးကို ပေးထားပြီ။ တိုင်းကလည်း ကျွန် တော်တို့ကို သဘောထားမေး တယ်။ ဘယ်မြို့နယ် ဘယ်ရပ် ကွက်ကို ဖြေလျှော့သင့်လဲဆိုပြီး။ မနေ့ကလည်းဆွေးနွေးပါတယ်။ ကျွန်တော်တို့က ပြောရင်တော့ တစ်မြို့နယ်တည်းမှာ ဒီရပ်ကွက်က (ရောဂါကူးစက်မှု) လျော့လို့ ဒီရပ် ကွက်ကိုတော့ ဖြေလျှော့တယ်။ ဒီရပ်ကွက်ကိုတော့ ထားတယ်။ တစ်မြို့နယ်တည်းမှာ ဒီလိုမျိုး ထားဖို့ ကျွန်တော်တို့ကလက်တွေ့ မှာဘယ်လိုမှမဖြစ်နိုင်ဘူး’’ဟု ၎င်း ကရှင်းပြသည်။
တောင်ဥက္ကလာပမြို့နယ်ဆို လျှင် ရပ်ကွက်ပေါင်း ၁၃ ခုရှိရာ ယင်းအနက် ရပ်ကွက်သုံးခုသာ လျှင် ရောဂါကူးစက်မှုလျော့နည်း ပြီး ကျန်ရပ်ကွက်များမှာ ရောဂါ ကူးစက်မှုယခင် ထက်လျော့သည် ဆိုသော်လည်း ကူးစက်မှုများရှိနေ ဆဲဖြစ်ကြောင်း ဦးငြိမ်းချမ်းအောင် ကပြောသည်။
ပိုးတွေ့လူနာ ၅,၂၀၀ ကျော် ဖြင့် ရန်ကုန်တစ်တိုင်းလုံး၏ ပိုး တွေ့လူနာအများဆုံး ဒုတိယ မြောက်မြို့နယ်ဖြစ်သော လှိုင် သာယာမြို့နယ်အနေဖြင့် စည်း ကမ်းတင်းကျပ်မှုများ ပုံမှန်လုပ် ဆောင်နေသည့် လက်ရှိအချိန်၌ ပင် ရောဂါကူးစက်မှုလျော့နည်း အောင် မနည်းလုပ်နေရကြောင်း ယင်းမြို့နယ်ကိုဗစ် ကော်မတီ ဥက္ကဋ္ဌ ဦးနေမင်းထွန်းကပြော သည်။
‘‘ကျွန်တော်တို့ကတော့ရှင်း ပါတယ်။ အရင်ထက်စာရင် လျော့ကျလာပြီဆိုပေမယ့် ဖြေ လျှော့ဖို့ မဖြစ်နိုင်သေးတဲ့သဘော ရှိပါတယ်။ ဖြေလျှော့မယ်ဆိုတာ တွေက တစ်ရပ်ကွက်ချင်းစီအ လိုက်ပြောတာမျိုး ဖြစ်နိုင်ပါတယ်။ တောင်ပိုင်းခရိုင်တို့ သုံးခွတို့၊ ခရမ်းတို့ ကျောက်တန်းတို့ အဲဒီလို မျိုးတောနယ်ဘက်က ရွာတွေမှာ ဖြေလျှော့ဖို့တော့ လိုအပ်မယ် လေ။ ကျွန်တော်တို့မြို့ပေါ်က လူ ထူထပ်တဲ့ မြို့နယ်တွေတစ်ဆက် တည်းရှိတဲ့နေရာတွေမှာတော့ အဒီလို(ဖြေလျှော့)တာမျိုးလုပ်ဖို့ (အခြေအနေ)မတူဘူးပေါ့’’ဟု ၎င်းက ရှင်းပြသည်။
အုပ်ချုပ်ရေးပိုင်းမှ ကျန်းမာ ရေးဆိုင်ရာစည်းကမ်းချက်များ အတိုင်း ၁၄ ရက်အထိတင်းတင်း ကျပ်ကျပ်ကိုင်တွယ်ခဲ့ဖူးပြီး ထပ်မံ တင်းကျပ်ရန် စဉ်းစားသည့်အခါ ပြည်သူလူထု စားဝတ်နေရေးလို အပ်လာခြင်း၊ စီးပွားရေးလုပ်ငန်း များ နှေးကွေးလာခြင်းအပါအဝင် ပြည်ပရင်းနှီးမြှုပ်နှံမှုအချို့ ထွက် ခွာရမည့်အခြေအနေနှင့် ရင်ဆိုင် ရခြင်းတို့ကြောင့် တိုင်းအစိုးရအ နေဖြင့် စဉ်းစားချင့်ချိန်ရကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြီး ခဲ့သည့်ရက်ပိုင်းတွင် ပြောကြား ထားသည်။
လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုး တွေ့လူနာစစ်ဆေးတွေ့ရှိမှုမှာ ဒီ ဇင်ဘာ ၂၃ ရက်ညနေပိုင်းအထိ ၈၀,၃၈၈ ဦးဖြင့် တစ်နိုင်ငံလုံး တွင် ပိုးတွေ့လူနာတွေ့ရှိမှုအများ ဆုံးဖြစ်သည်။
Credit : https://7day.news/
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ