bnr_tob_1

2020.04.02SOCIAL

ကမ္ဘာ့ကပ်ရောဂါစာရင်းအရနံပါတ် ၁၂ နေရာမှာ ပါဝင်လာတဲ့ Covid-19

ကမ ္ဘာ့ကပ်ရောဂါ ( Pandemic) အဖြစ် 11.3.2020 ရက်နေ့ မှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ကြေညာခဲ့တဲ့ Covid-19 ရောဂါဟာ မြန်မာနိုင်ငံထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ 1-4-2020 အထိ စာရင်းအရ ရောဂါပိုးတွေ ရှိသူ 16 ဦးရှိနေပြီး ထို 16 ဦးထဲက သေဆုံးသူ 1 ဦး ရှိခဲ့ပါတယ်။

1-4-2020 အထိ ကမ္ဘာ့ကျန်းမာရေး အဖွဲ ့၏ ထုတ်ပြန်ကြေညာချက်အရ ကမ္ဘာတစ်ဝန်း ရောဂါဖြစ်ပွားသူစုစုပေါင်း 823626 ဦး ရှိပြီး သေဆုံးသူစုစုပေါင်း 40598 ဦး ရှိပြီဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ စာရင်းအထောက်အထားတွေအရ

1။ အေဒီ 165 ခု – မက်ဆိုပိုတေးမီးယားဒေသမှာ စတင်ဖြစ်ပွားခဲ့ပြီး အီဂျစ်၊ အီတလီ၊ ဂရိ နဲ့ အာရှနိုင်ငံတွေကို ကူးစက်ပျံ နှံ့ ခဲ့တဲ့ ပလိပ်ရောဂါကြောင့် သေဆုံးသူပေါင်း 5 သန်းခန့် ရှိခဲ့ပါတယ်။

2။ အေဒီ 541-542 ဘိုင်ဇင်တိုင်း အင်ပါယာနဲ့ မြေထဲပင်လယ်ဆိပ်ကမ်း ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ပလိပ်ရောဂါကြောင့် သေဆုံးသူ 25 သန်းခန့် ရှိခဲ့ပါတယ်။

3။ 1346-1353 ဥရောပ၊ အာရှ နဲ အာဖရိက မှာ စတင်ဖြစ်ပွားခဲ့တဲ့ ပလိပ်ရောဂါကြောင့် သေဆုံးသူ 75 သန်းမှ သန်း 200 အထိ ရှိခဲ့ပါတယ်။

4။ 1852-1860 အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ရေ မသန့် ရှင်းမှုကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကာလဝမ်းရောဂါကြောင့် သေဆုံးသူ 1 သန်းခန့် ရှိခဲ့ပါတယ်။

5။ 1889-1890 တာဂျစ်ကစ္စတန်၊ ကနေဒါနဲ့ ဂရင်းလန်းမှာ ဖြစ်ပွားခဲ့တဲ့ တုပ်ကွေးရောဂါ H2N2 ကြောင့် သေဆုံးသူ 1 သန်းခန့် ရှိခဲ့ပါတယ်။

6။ 1910-1911 အိန္ဒိယနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး အရှေ အလယ်ပိုင်း၊ မြောက်အာဖရိက၊ အရှေ့ဥရောပ၊ ရုရှား နဲ့ အမေရိကအထိ ပျံ့နှံခဲ့တဲ့ 6ကြိမ်မြောက် ကာလဝမ်းရောဂါကြောင့် သေဆုံးသူ 8 သိန်းခန့် ရှိခဲ့ပါတယ်။

7။ 1918 စပိန်တုပ်ကွေး ရောဂါ H1N1 ကြောင့် သေဆုံးသူ သန်း 20 မှ သန်း 50 အထိ ရှိခဲ့ပါတယ်။

8။ 1956-1958 တရုတ်၊ စင်္ကာပူ၊ ဟောင်ကောင်၊ အမေရိကန် အထိ ပျံ့ နှံ့ ခဲ့တဲ့ အာရှတုတ်ကွေးရောဂါ H2N2 ကြောင့် သေဆုံးသူ 2 သန်းခန့် ရှိခဲ့ပါတယ်။

9။ 1968 ဟောင်ကောင်တုပ်ကွေး H3N3 ကြောင့် ဟောင်ကောင်၊ စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဩစတြေးလျ အထိ ကူးစက်ခဲ့ပြီး သေဆုံးသူ 1သန်းခန့် ရှိခဲ့ပါတယ်။

10။ 2005-2012 အာဖရိကတိုက် ကွန်ဂိုမှ စတင်ခဲ့ပြီး ကမ္ဘာ့အနှံ့ ပျံ နှံ့ခဲ့တဲ့ HIV / AIDS ရောဂါကြောင့် သေဆုံးသူ 36 သန်း ရှိခဲ့ပါတယ်။

11။ 2009-2010 ကာလီဖိုးနီးယားမှ စတင်တွေ ရှိခဲ့တဲ့ လူ၊ ဝက်၊ ငှက် တုပ်ကွေး H1N1 ကြောင့် သေဆုံးသူ 5 သိန်းခန့် ရှိခဲ့ပါတယ်။

12။ 2019 ဒီဇင်ဘာလ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့ပြီး ကမ ္ဘာအနှံ့ ပျံ နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကြောင့် 1-4-2020 အထိ သေဆုံးသူပေါင်း 40598 ဦး ရှိခဲ့ပါတယ်။

ယခုလက်ရှိ ဖြစ်ပေါ်နေတာကတော့ တရုတ်နိုင်ငံ ဝူဟန်မြိုက စတင်ပျံ့နှံလာခဲ့တဲ့ ကမ ္ဘာ့ကပ်ရောဂါတွေထဲက 12 ခုမြောက် အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ Coronavirus 2019 ဖြစ်ပြီး ယခင်ဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါတွေနဲ ့ နှိုင်းယှဉ်ပါက ကူးစက်ပျံ့နှံနှုန်း မြန်ပေမယ့် သေဆုံးသူအရေအတွက် လျော့နည်းလာတာကို တွေ ရပါတယ်။

အဲဒီလို လျော့နည်းလာခြင်းဟာ ကျန်းမာရေးနဲ့ ပါတ်သက်တဲ့ အသိပညာ၊ နည်းပညာနဲ့ ဗဟုသုတတွေကို လိုက်နာကြလို ့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူလူထုအနေနဲ ့ ဒီကပ်ရောဂါထဲမှာ မပါဝင်ရအောင် ကျန်းမာရေးအသိနဲ ့ နေထိုင်သွားကြဖို အတွက် ဖော်ပြပေးလိုက်ပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img