bnr_tob_1

2020.12.10SOCIAL

ချမ်းသာသောနိုင်ငံများက ကိုဗစ်ကာကွယ်ဆေးပိုဝယ်ထား၍ မြန်မာ အပါအဝင် ဆင်းရဲသောနိုင်ငံများ ဆေးလုံလောက်စွာရရန်ခက်ခဲနိုင်

ချမ်းသာသောနိုင်ငံအချို့မှာ နိုင်ငံ့လူဦးရေ၏ သုံးဆအတွက် ကိုဗစ်ကာကွယ်ဆေးဝယ်ယူထားကြောင်း ကာကွယ်ဆေးစောင့်ကြည့်သောအဖွဲ့က ပြောသည်။ (CNN)

By သတင်းအဖွဲ့

ချမ်းသာသောနိုင်ငံများက COVID-19 ကာကွယ်ဆေးများကို လိုအပ်သောပမာဏထက် ပို၍ဝယ်ယူစုဆောင်းထားသောကြောင့် မြန်မာအပါအဝင် ဆင်းရဲသောနိုင်ငံများတွင် နေထိုင်သူများ ကာကွယ်ဆေး လုံလုံလောက်လောက် မထိုးရဘဲ ရှိနေဖွယ်ရှိကြောင်း တက်ကြွလှုပ်ရှားရေးအဖွဲ့များ ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့က သတိပေး ပြောကြားသည်။

မြန်မာအပါအဝင် ဝင်ငွေနည်းသော နိုင်ငံပေါင်း ၇၀ နီးပါးတွင် လူ ၁၀ ဦးလျှင် တစ်ဦးသာ ကာကွယ်ဆေးထိုးခွင့်ရနိုင်မည်ဖြစ်ကြောင်း လူထုကာကွယ်ဆေးမဟာမိတ်အဖွဲ့က ပြောကြားသည်။

အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca ကုမ္ပဏီတို့က ၎င်း တို့ကာကွယ်ဆေးများ၏ ၆၄ ရာ ခိုင်နှုန်းကို ဖွံ့ဖြိုးဆဲနိုင်ငံများအ တွက်ပေးမည်ဟု ကတိပြုထား သော်လည်း ကာကွယ်ဆေးလုံ လောက်စွာရရှိရေး ခက်ခဲသောအ ခြေအနေနှင့် ကြုံတွေ့နေခြင်းဖြစ် သည်။

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ကမ္ဘာတစ် ဝန်း ကာကွယ်ဆေးအသုံးပြုခွင့်မျှ မျှတတရရှိရေး ကြိုးပမ်းမှုများ လုပ်ဆောင်နေသည်။

Covax ဟုခေါ်သော WHO ၏ ကာကွယ်ဆေးအသုံးပြုခွင့် ကတိပြုရေးအစီအစဉ်က စာရင်း ပေးထားသည့် ဝင်ငွေနည်းပါး သောနိုင်ငံပေါင်း ၉၂ နိုင်ငံအ တွက် ခွဲဝေပေးရန် ကာကွယ်ဆေး အလုံးရေသန်း ၇၀၀ ရယူထားနိုင် ကြောင်း သိရသည်။

သို့သော် ယင်းအစီအစဉ်ကို အကောင်းအထည်ဖော်ထား သော်လည်း ကာကွယ်ဆေးဖြန့် ဝေပေးရန် လုံလောက်မှုရှိမည်မ ဟုတ်ဘဲ ဆေးဝါးကုမ္ပဏီများအ နေဖြင့် ကာကွယ်ဆေးများပိုမို ထုတ်လုပ်နိုင်ရေး ၎င်းတို့၏ကာ ကွယ်ဆေးဖော်မြူလာအား ဝေမျှ ပေးသင့်ကြောင်း Amnesty International၊ Oxfam နှင့် Global Justice စသောအဖွဲ့အစည်း များပါဝင်သည့် လူထုကာကွယ် ဆေး မဟာမိတ်အဖွဲ့ကပြော ကြားသည်။

ဥပမာကနေဒါနိုင်ငံက ၎င်း တို့နိုင်ငံသားအယောက်စီတိုင်းကို ငါးကြိမ်အထိ ကာကွယ်ဆေးထိုး ရန် လုံလောက်သောကာကွယ် ဆေးများစုဆောင်းထားကြောင်း ယင်းအဖွဲ့က ပြောကြားသည်။

ကမ္ဘာ့လူဦးရေ၏ ၁၄ ရာခိုင် နှုန်းကို ကိုယ်စားပြုသောချမ်းသာ သည့်နိုင်ငံများက ၎င်းတို့နိုင်ငံသား များအတွက် ကာကွယ်ဆေးများ အလျှံပယ်စုဆောင်းရန် ကြိုးပမ်း နေသောကြောင့် ဆင်းရဲသော နိုင်ငံများအတွက် ကာကွယ်ဆေး မလုံလောက်ဖြစ်မည်ကို အများ ကစိုးရိမ်နေကြသည်။

အမေရိကန်ကလည်း ၎င်း တို့ထုတ်လုပ်မည့် ကာကွယ်ဆေး များအား နိုင်ငံအတွင်း လောက်င အောင် ဖြန့်ဝေပေးပြီးမှသာအ ခြားနိုင်များသို့ ပေးပို့မည့်သဘော မျိုးပြောဆိုထားသည်။

မြန်မာနိုင်ငံသည် ဆင်းရဲ သောနိုင်ငံများတွင် ပါဝင်နေပြီး ၂၀၂၁ ခုနှစ်အထိ လူ ၁၀ ဦးလျှင် တစ်ဦးသာ ကာကွယ်ဆေးထိုးခွင့် ရမည်ဆိုပါက ကမ္ဘာ့ကပ်ရောဂါ ကို ထိရောက်စွာတားဆီးရန်အင် အားမလုံလောက်သော အခြေအ နေနှင့် ကြုံတွေ့လာနိုင်ခြေရှိနေ သည်။

ဥပမာအားဖြင့် ကင်ညာ၊မြန်မာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန် နှင့် ယူကရိန်းတို့ကဲသို့ဖြစ်ကြောင်းစီအင်န်အင်န် သတင်းဌာနကဖော်ပြသည် ။

မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးဝယ်ယူရန်၊ သယ်ယူပို့ဆောင်ရန်နှင့် ဖြန့်ဖြူးထိုးနှံရန်အတွက် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၆၀ ထောက်ပံ့ရန် လျာထားကြောင်းကမ္ဘာ့ဘဏ်ကလည်း နိုဝင်ဘာ နောက်ဆုံးပတ်က အတည်ပြုခဲ့သည်။

ထို့အပြင် အမေရိကန်၊ ယူ ကေ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ရှိ မြန်မာနိုင်ငံသံအမတ်ကြီးများနှင့်ဆက်သွယ်၍ ဆောင်ရွက်လျက် ရှိကာ နိုင်ငံံ့လူဦးရေ ၂၀ ရာခိုင် နှုန်းထက်ကျော်လွန်၍ လိုအပ် မည့်ကာကွယ်ဆေး ပမာဏကို နိုင်ငံတော်ဘဏ္ဍာငွေနှင့် ကမ္ဘာ့ ဘဏ်ချေးငွေတို့ဖြင့် ဝယ်ယူနိုင် ရန် COVID-19 ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ လမ်းညွှန်ချက် များလည်း ရရှိပြီးဖြစ်သည်ဟုကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပြည်သူများ အထူးသတိပြု ရမည်မှာ ကမ္ဘာ့နိုင်ငံအားလုံးမှ COVID-19 ကာကွယ်ဆေးကို အပြိုင်အဆိုင်ဝယ်ယူရန် ကြိုးစား လျက်ရှိခြင်း၊ COVAX အစီအစဉ် ဖြင့် ကာကွယ်ဆေးရရှိမည့် အ ရေအတွက်မှာ ယင်းအစီအစဉ်နှင့် အကျုံးဝင်သည့် ၉၂ နိုင်ငံနှင့် အချိုးကျမျှဝေ ရရှိမည်ဖြစ်ခြင်း၊ ကာကွယ်ဆေးကို တစ်လုံးတစ်ခဲ တည်းမဟုတ်ဘဲ အသုတ်လိုက် ခွဲရမည်ဖြစ်ခြင်းအပြင် နိုင်ငံတစ် ဝန်းရှိ ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးနှံလွှမ်းခြုံနိုင်ရန်မှာ ဆေးရရှိမှုပမာဏအပေါ် မူတည် သဖြင့် လူထုအတွင်း လုံလောက် သော ရောဂါခုခံကာကွယ်နိုင်မှု ပမာဏအင်အား (Herd Immunity) ကို အချိန်တိုအတွင်း ရရှိနိုင် ရန် ခက်ခဲခြင်းတို့ရှိမည်ဟု ကျန်း မာရေးဝန်ကြီးဌာနက ခန့်မှန်း သည်။

ကိုဗစ်ကာကွယ်ဆေးအဖွဲ့ အစည်း COVAX အစီအစဉ်မှ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ ၏ အများဆုံးရရှိနိုင်မည့် ကာ ကွယ်ဆေးပမာဏမှာ မြန်မာနိုင်ငံ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအ တွက်သာ ရရှိမည်ဖြစ်ပြီး ရရှိခြင်း မှာလည်း တစ်ကြိမ်တည်းနှင့် အကုန်ရရှိမည် မဟုတ်ပေ။

ပထမအသုတ်ရရှိနိုင်မည့်ကာကွယ်ဆေးပမာဏမှာ လူဦး ရေ၏ ၂၀ ရာခိုင်နှုန်းဟု ခန့်မှန်း ထားပြီး ၂၀၂၁ ခုနှစ် ပထမသုံးလ ပတ်တွင် ၃ ရာခိုင်နှုန်း (လူဦးရေ ၁ ဒသမ ၅သန်းခန့်)နှင့် ၁၇ ရာ ခိုင်နှုန်းကို ၂၀၂၁ ခုနှစ် နှစ်ကုန် ပိုင်းတွင်ရရှိနိုင်မည်ဟု အမျိုးသား အဆင့် ကာကွယ်ဆေးထိုးလုပ် ငန်းဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့က ခန့်မှန်းထားသည်။

ကာကွယ်ဆေးများ စတင် ရရှိလာသည့်အခါ လူနာများကို ကိုင်တွယ်ကုသပေးနေရသည့် ကျန်းမာရေးဝန်ထမ်းများကဲ့သို့ ရောဂါကူးစက်နိုင်ခြေများပြားသူများနှင့် အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူများ၊ နေရာဒေသ အလိုက် ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေအပေါ်မူတည်၍  ဦး စားပေးထိုးနှံမည့် အုပ်စုများကို ဝန်ကြီးဌာနက သတ်မှတ်ထား သည်။

ထို့အတွက် နိုင်ငံ၏ ကျန်ရှိ သည့် လူဦးရေအချိုးအစားအ လိုက်ကို ၂၀၂၂-၂၃ ခုနှစ်အတွင်း မှသာ ဆက်လက်ရရှိနိုင်ဖွယ်ရှိ ကြောင်း အမျိုးသားအဆင့်ကာ ကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဒုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစောဝင်းက ရှင်းပြသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ နောင်သုံးနှစ်မှ လေးနှစ်အတွင်း ဆက်လက်ရှိနေ နိုင်သည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြား ထားသည်။  

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံက ကာကွယ်ဆေး ၂၆ သန်းဝယ်ယူရေး AstraZeneca ကုမ္ပဏီနှင့် သဘောတူညီမှုရယူ ထားသည်။ သို့သော် ယင်း ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိသည်ဆို သော ကာကွယ်ဆေးကို ထိုင်းအ စားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေး ဌာနက သုံးကြိမ်စမ်းသပ်ဦးမည် ဖြစ်ကာ အချိန်တစ်လခန့်ကြားနိုင် သည်။ ယင်းနောက်ကာကွယ် ဆေးများထုတ်လုပ်ရန် နောက် ထပ် အချိန်လေးလကြာဦးမည် ဖြစ်သောကြောင့် ထိုင်းနိုင်ငံတွင် မေလရောက်မှ ကာကွယ်ဆေးထိုး နိုင်ခြေရှိနေသည်။

-Ref:BBC/Agencies/CNN

Credit : https://7day.news/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img