bnr_tob_1

2020.09.03SOCIAL

Covid 19 ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်း သိကောင်းစရာ

            တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေတဲ့ Covid 19 ဟာ မြန်မာနိုင်ငံမှာ ဒုတိယအကျော့အနေနဲ့ ပြန်လည် ကူးစက်နေပြန်ပါပြီ။ ဒီတကြိမ်မှာတော့ ပထမအကြိမ်ထက် ပိုပြီး ကူးစက်မှုနှုန်းဟာ မြန်ဆန်နေတာကို တွေ့ရ ပါတယ်။ နေ့စဉ်နဲ့အမျှ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာလည်း များသထက် များလို့သာနေပါတယ်။ သက် ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ တခြားပရဟိတအဖွဲ့တွေကလည်း အချိန်နဲ့တပြေးညီ ရောဂါကူးစက်ခံရသူတွေကို ကူ ညီလို့ နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများအနက် ရောဂါပြင်းထန်စွာ ခံစားနေရသူများကို ဆေးရုံများ ရှိ အထူးကြပ်မတ်ကုသဆောင်တွေမှာ ကုသမှုတွေကို ပေးနေပါတယ်။

            ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူတွေအနေနဲ့ လက်ရှိခံစားနေရတဲ့ ဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာများ သာမက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့အခါမှာ နောက်ဆက်တွဲရေရှည် ဆိုးကျိုးတွေကို ခံစားစေရနိုင်ပါ တယ်။ အဲ့ဒီ နောက်ဆက်တွဲရောဂါတွေကိုအကြောင်းကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဆိုပါ နောက်ဆက်တွဲ ရောဂါတွေကို မခံစားရစေဖို့အတွက် မိမိတို့ရဲ့ အနေအထိုင်၊အသွားအလာကို ကနဉီးသတိပြု ဆင်ခြင်ဖို့ လိုအပ်ပါတယ်။

            ကိုရိုနာဗိုင်းရပ်စ်ရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေကိုလည်း သတိပြုဆင်ခြင်ဖို့အတွက် ကြိုတင် သိရှိထားဖို့ လိုအပ်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ –

(၁) နုလုံးကြွက်သားများ ထိခိုက်ပျက်စီးစေပြီး ရေရှည်မှာ နုလုံးကောင်းစွာ အလုပ်မလုပ်နိုင်တော့ပဲ နုလုံးရောဂါ အမျိုးမျိုး ခံစားလာရနိုင်ပါတယ်။

(၂) အဆုတ်အတွင်းမှာရှိတဲ့ လေအိတ်ငယ်တွေကို ပျက်စီးစေပြီး အဆုတ်မှာ အမာရွတ်တွေကျန်ခဲ့ကာ နောက် ဆက်တွဲ အနေနဲ့ အသက်ရှူရခက်ခဲပြီး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများစွာကို ဖြစ်ပေါ်ခံစားလာ ရနိုင်ပါတယ်။

(၃) အသက်ငယ်သူများမှာတောင် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး လေဖြတ်ခြင်း၊ တက်ခြင်း၊ အကြောသေခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်း စတဲ့ ရောဂါတွေကို ခံစားလာရနိုင်ပါတယ်။

(၄) ဗိုင်းရပ်စ်ပိုးကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေထဲမှာ သွေးခဲခြင်းများ ဖြစ်ပေါ်ပြီး ဦးနှောက်သွေးခဲ ခြင်း၊ နုလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်သွေးပြန်ကြောများ ပိတ်ခြင်း စတဲ့ ရောဂါတွေအပြင် အသည်းနဲ့ ကျောက်ကပ်ရောဂါတွေကိုပါ ဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။

(၅) ကိုရိုနာဗိုင်းရပ်စ်ပိုးကင်းစင်သွားပြီး ရောဂါသက်သာလာသော်လည်း အထူးကြပ်မတ်ကုသဆောင်မှာ ကာလ ရှည်ကြာစွာ သီးခြားခွဲပြီး ကုသခံယူရတဲ့အတွက် စိတ်ဓာတ်ကျခြင်းတွေ၊ စိုးရိမ်ပူပန်ခြင်းတွေ စတဲ့ စိတ်ပိုင်းဆိုင် ရာ လက္ခဏာများကိုလည်း တွေ့ကြုံခံစားရနိုင်ပါတယ်။

(၆) သက်ကြီးရွယ်အိုအဘိုး၊အဘွားများနဲ့ ဆီးချိုရောဂါကဲ့သို့သော နာတာရှည်ရောဂါတွေကို ခံစားနေရသူတွေ အနေနဲ့ ပိုမိုစိုးရိမ်ဖွယ် အခြေအနေဖြစ်ပါတယ်။ အဆိုပါသူများမှာ ဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲလက္ခဏာများအနေ နဲ့ အလွန်အမင်းမောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်တွေနာ ကျင်ကိုက်ခဲခြင်း၊ စတဲ့ ရောဂါတွေကို ပိုမိုပြင်းထန်ဆိုးရွားစွာ ကာလရှည်ကြာခံစားရနိုင်ပါတယ်။

            ဒါ့ကြောင့် လတ်တလော ပြန်လည်ဖြစ်ပွားလာသော Covid 19 Second Wave ကို သက်ဆိုင်ရာဝန်ကြီး ဌာနတွေက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို သေချာလိုက်နာပြီး ကြိုတင်ကာကွယ်သင့်ပါတယ်။ ကြိုတင် ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်စေနိုင်တဲ့အတွက် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအနေနဲ့ မပေါ့မ ဆ သတိပြု နေထိုင်သင်ပါကြောင်း Yangon Style မှ သတိပေးနှိုးဆော်လိုက်ရပါတယ်။

ကိုးကား – ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img