bnr_tob_1

2020.07.22SOCIAL

အထက်တန်းအဆင့်အတန်းများကျောင်းစဖွင့် ၊ COVID-19 ကာကွယ်ပြင်ဆင်မှု အဆင့် A မရသည့် ကျောင်းထက်ဝက်နီးပါး ပြန်မဖွင့်နိုင်

COVID-19 ကာကွယ်ရေးသးုံ ပစ္စည်းများအသုံးပြု၍ စာသင်ကြားနေသည်ကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)

By ဆုဆက်

 အခြေခံပညာအထက် တန်းအဆင့် အတန်းများကို ဇူလိုင် ၂၁ ရက်တွင် ကျောင်းစတင် ဖွင့် လှစ်သော်လည်း COVID-19 ကာကွယ်ပြင်ဆင်မှု အဆင့် (A)ရသည့် ကျောင်း ၃,၇၇၂ ကျောင်းကိုသာ ပြန်ဖွင့်ခွင့်ပြုခဲ့သည်။

COVID-19 ကပ်ရောဂါကာလအတွင်း အခြေခံပညာ ကျောင်းများ လုံခြုံဘေးကင်းစွာ  ပြန်ဖွင့်နိုင်ရေး ကျောင်းများ၏ ကြိုတင်ပြင်ဆင်ထားမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ တိုင်း အစိုးရ၊ မိဘဆရာအသင်းကိုယ် စားလှယ်တို့ပါဝင်သည့် ကော်မတီဖွဲ့ကာ ဇူလိုင် ၁၇ ရက်မှ ၂၀ ရက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ သည်။

အစိုးရကျောင်း၊ ဘက ကျောင်း၊ ကိုယ်ပိုင်ကျောင်း စုစု ပေါင်း ၇,၁၇၃ ကျောင်းရှိသည့် အနက် ၅,၈၃၀ ကျောင်းကို စစ်ဆေးခဲ့သည့်ရလဒ်အရ (A) အဆင့်ရရှိသည့်ကျောင်း ၃,၇၇၂ ကျောင်းကိုသာ ဖွင့်ခွင့်ပြုကြောင်း ပညာ ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

မန္တလေးတိုင်းဒေသကြီးတွင် ကျောင်း ၈၀၇ ကျောင်းစစ်ဆေးခဲ့ ပြီး (A)အဆင့်ရရှိသည့် ကျောင်း၆၂၉ ကျောင်းရှိခဲ့ရာ ဇူလိုင် ၂၁ ရက်တွင် တိုင်းနှင့်ပြည်နယ်အားလုံးအ နက် ကျောင်းအရေအတွက် အ များဆုံးဖွင့်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ၅၉၆ ကျောင်း စစ်ဆေးသည့်အနက် (A) အဆင့်ရကျောင်း ၅၃၅ ကျောင်းရှိခဲ့ပြီး တိုင်းနှင့် ပြည်နယ်အားလုံး အနက် ကျောင်းအရေအတွက် ဒုတိယအများဆုံး ပြန်ဖွင့်နိုင်ခဲ့ ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန စာရင်းအရ ရခိုင်ပြည်နယ်တွင် စစ်ဆေးပြီးသည့် ကျောင်း ၁၅၄ ကျောင်းရှိခဲ့သော်လည်း (A) အဆင့်ရကျောင်း တစ်ကျောင်းမှ မရှိခဲ့ပေ။ ကယားပြည်နယ်တွင် ကျောင်း ၆၂ ကျောင်းစစ်ဆေး သည့်အနက် (A) အဆင့်ရကျောင်း၂၂ ကျောင်းရှိခဲ့ပြီး တိုင်းနှင့် ပြည်နယ်အားလုံးအနက် ကျောင်းအရေအတွက် ဒုတိယ အနည်းဆုံး သာ ဖွင့်ခွင့်ရခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးတွင် အဆင့် (B) ရရှိသည့်ကျောင်း ၁,၂၂၀ ရှိနေပြီး (C) အဆင့်ရကျောင်း ၈၃၈ကျောင်းရှိနေကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။ ထိုကျောင်းများကို လိုအပ် ချက်ရှိသည့်ကျောင်းများအဖြစ် သတ်မှတ်ပြီး လိုအပ်ချက်ကို အမြန်ဖြည့်ဆည်းစေကာ ထပ်မံဆန်းစစ်မည်ဖြစ်သည်။ (A) အဆင့်ရရှိပါက ကျောင်းဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်း အခြေခံပညာဦးစီး ဌာနက ကြေညာထားသည်။

COVID-19 ကာကွယ်ပြင် ဆင်မှု ပထမအကြိမ် စစ်ဆေးရာ၌ (A) အဆင့် ကျောင်းများကိုသာ ဇူလိုင် ၂၁ ရက်တွင် ဖွင့်ခွင့်ပြုခဲ့ပြီး ဇူလိုင် ၂၁ ရက်မတိုင်မီ လိုအပ် ချက်ပြင်ဆင်ပြီး (B) အဆင့်မှ (A) အဆင့်သို့ ရောက်ရှိသည့် ကျောင်း များကို ပြန်ဖွင့်ခွင့်မပြုသေးပေ။ ထိုကျောင်းများကို ဖွင့်ခွင့်မပြု ကြောင်း ညွှန်ကြားချက်ကို ဇူလိုင်၂၁ ရက်မှသာ သက်ဆိုင်ရာ ကျောင်းများက ရရှိခဲ့ခြင်းကြောင့် ကျောင်းသားများကို ပြန်လွှတ်ရခြင်းများလည်း ရှိခဲ့သည်။ ရန်ကုန် တိုင်းဒေသကြီး မှော်ဘီမြို့နယ်နှင့် လှိုင်မြို့နယ်ရှိ ကျောင်းများတွင် ထိုသို့ ကြုံတွေ့ခဲ့ရသည်။

‘‘သူတို့က ပထမစစ်တဲ့အချိန်မှာ (B)အဆင့်ရတယ်။ လိုတာထည့်ဖြည့်ပြီး (A) အဆင့်ပြန်ရ သွားတော့ ဒီနေ့(ဇူလိုင် ၂၁ ရက်)ဖွင့်ဖို့ ပြောထားပြီးသား။ ဒါပေမဲ့ မနေ့ညက ညနက်မှ Original (A) ရတဲ့ကျောင်းပဲ ဖွင့်ခွင့်ပြုမယ်ဆို တဲ့စာဝင်လာတော့ ဒီပြဿနာBuHK ရတာ’’ဟု တိုင်းဒေသကြီး ပညာရေးမှူးရုံး အရာရှိတစ်ဦးက ပြောသည်။

ကျောင်းများတွင် COVID- 19 ရောဂါကာကွယ်တားဆီးရေး စီမံဆောင်ရွက်မှုဆိုင်ရာ အချက်၂၄ ချက်၊ စာသင်ကျောင်းများတွင် COVID-19 ရောဂါသံသယလက္ခ ဏာရှိသူ၊ ဖျားနာသူ၊ COVID-19  ရောဂါပိုးရှိသူအား တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းများ ဆိုင်ရာ အချက်ကိုးချက်၊ COVID-19 ဖြစ်ပွားနေစဉ် ပိုးသတ်သန့် စင်ခြင်းပြုလုပ်ရန်အတွက် ဆောင် ရွက်ထားရှိမှုဆိုင်ရာ အချက်သုံးချက်၊ COVID-19 ကူးစက်မှုကာ ကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ရမည့်ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ် ရေသန့်ရှင်းရေးလုပ်ငန်း ဆောင် ရွက်ထားရှိမှုဆိုင်ရာ အချက် ခြောက်ချက်တို့ကို Check List ဖြင့် စိစစ်ခြင်းဖြစ်သည်။

ထို့အပြင် COVID-19 ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမ နှင့် မိဘဆရာ အသင်းဝင်တို့၏ ခံယူချက်များကိုလည်း မေးခွန်း များ မေးမြန်းသည်။ ထိုသို့ စိစစ်ပြီး အဆင့် (A)၊ (B)၊ (C) သတ် မှတ်ခြင်းဖြစ်သည်။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img