2020.09.21SOCIAL
COVID-19 တွန်းလှန်ခြင်း နှင့် ပြည်သူ့အသံ

ရန်ကုန်မြို့ သုဝဏ္ဏမြက်ခင်းတုအားကစားကွင်း၌ တည်ဆောက်ထားသည့် COVID-19 ရောဂါကုသရေးဌာန(သုဝဏ္ဏ)အား စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
By
ကမ္ဘာ့ကပ်ရောဂါ COVID-19 ဒုတိယလှိုင်း ရိုက်ခတ်မှုကိန်းဂဏန်းများ နေ့စဉ်နှင့်အမျှတိုးလာခြင်းနှင့် အတူ ပြည်သူများ၏စိုးရိမ်ထိတ်လန့်မှုအခြေအနေကလည်း မြင့်တက်လာလျက်ရှိရာ COVID-19 ကို တွန်း လှန်နိုင်ခဲ့သူအချို့၏ ရောဂါကူးစက်မှုဖြတ်သန်းခဲ့ပုံနှင့် ရင်ဆိုင်ရန် အကြံပြုစကားသံများကို ဖော်ပြလိုက်ပါ သည်။
ဒေါက်တာမြင့်မြင့်စိန် (မေ့ဆေးဆရာဝန်ကြီး(အတည်ပြုလူနာဟောင်း))
ကျွန်မတို့
အစောပိုင်းက စစ်တွေဖြစ်စဉ်ကိုပြန်ကြည့်မယ်ဆိုရင် Case Zero ကို
ရှာမတွေ့ခဲ့ဘူး။ ဘယ်ကကူးစက်မှန်း မသိလိုက်ဘူး။ အဲဒီအချိန်မှာ
ကူးစက်ခံရနိုင်ခြေရှိတဲ့သူတွေကို Quarantine တွေထဲပိတ် ထည့်ထားလိုက်တယ်။
ဒါပေမဲ့ အချိန်နည်းနည်းနောက်ကျသွားသလို ပိတ်တဲ့ကြားက လွတ်ထွက်နေတာတွေလည်း
ရှိခဲ့တယ်။ အဲဒီတော့ Case Zero ကိုမတွေ့ဘဲ လွတ်ထွက်သွားလို့
ရှိသမျှပိတ်ထားခဲ့ပေမယ့် လွတ်တဲ့အခြေအနေကို စောစောသိခဲ့လေ
ကောင်းလေပေါ့နော်။ စော စောသာသိခဲ့ရင် အခုလိုလည်း တစ်နိုင်ငံလုံးကို
ပြန့်မသွားတော့ဘူးပေါ့။ နောက်တစ်ခါ လွတ်တာကိုသိခဲ့ တယ်ဆိုရင်
ပြည်တွင်းကူးစက်နိုင်ခြေကို စောစောပိတ်ရမယ်။ ဒီနေရာမှာလည်း
တစ်ခါနောက်ကျသွားပြန် တယ်။ အဲဒီတော့ ရန်ကုန်ဟာလည်း အဲဒီရဲ့အကျိုးဆက်လို့
ပြောရမှာပေါ့။ ရခိုင်ကနဲ့ ပတ်သက်ပြီး ပြည် တွင်းကူးစက်နိုင်ခြေကို
မပိတ်နိုင်လိုက်တော့ လေကြောင်းလိုင်းနဲ့ဆက်စပ်ပြီး လူထောင်ကျော်ကို
မပိတ်နိုင် လိုက်တဲ့အခါ အခုလိုတွေ လူအများကြီးကို ကူးစက်သွားတယ်ပေါ့။
အခုလည်း ရန်ကုန်ကနေအပေါ်ကို တက်ပြီး မန္တလေးတို့ဘာတို့ ဆက်ဖြစ်လာပြီ။
ဒါကိုလည်း စောပြီး မပိတ်နိုင်လိုက်ပြန်ဘူး။ အဲဒီတော့ ရန်ကုန် ဟာလည်း
ရခိုင်လောက်ကို ထပ်ဖြစ်ဦးမှာပဲ။ အခုဆိုရင် ထိခိုက်လွယ်တဲ့အုပ်စုတွေ
သေဆုံးတာတွေရှိလာတယ်။ ဒီအချိန်မှာ လူထုကလည်း ပေါ့ခဲ့တယ်။ အဓိကကတော့
ပြည်တွင်းကူးစက်နိုင်ခြေပဲ။ အဲဒီအတွက် Contact Tracing လိုက်တယ်။
ပိတ်ထားမယ် ဒီအပိုင်းမှာလည်း ထပ်ပြီးနောက်ကျသွားတယ်။
ဒါကိုထိန်းနိုင်ခဲ့မယ်ဆိုရင် ရန်ကုန်က အခုလောက်အခြေအနေဖြစ်မလာနိုင်ဘူး။
ပြောမယ်ဆိုရင် Policy ပိုင်းပေါ့။ First Wave မှာ ကျွန်မတို့
ကံကောင်းခဲ့တယ်။ တစ်ဆက်တည်းမှာ Second Wave လာမယ်ဆိုတာလည်း သိတယ်။ ဒီအတွက်
Policy တွေကြို ထွက်ထားဖို့ လိုခဲ့တာပေါ့။ ကျွန်မကူးစက်ခံရတုန်းက ICU
လိုနေရာ ကူးစက်ခံရတာ။ PPE ဝတ်ထားပေမယ့် လူနာနဲ့ ထိတွေ့ရတာ
အချိန်ကြာသွားတာရယ်၊ မျက်မှန်နေရာမှာ နဲနဲလေး ဟထားလိုက် တာရယ် ဒီအခါမှာ
ကူးစက်တာ။ အခုကျန်းမာရေးဝန်ထမ်းတချို့ကူးစက်ခံရတယ်ဆိုတာက ပထမအဆင့်မှာပဲ
ကူးခံနေရတာ။ ကုသခန်းထဲ မရောက်သေးဘူး။ လူနာနဲ့တွေ့တယ်၊
လိုအပ်တာစစ်ဆေးမေးမြန်းမယ် ဒီ အဆင့်မှာတင် ကူးနေတယ်။ ဒီတော့ PPE
ကိုမဝတ်တာလား၊ ဒါမှမဟုတ်စနစ်တကျအသုံးမပြုတတ်တာလား ဒါလည်း
စဉ်းစားအဖြေရှာရမယ့်အခြေအနေဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ Contact tracing
ထိ တွေ့သူကို လိုက်တယ်။ ပြောရမယ်ဆိုရင် ကုသရေးတင်မဟုတ်ဘူး။
ပြည့်သူ့ကျန်းမာဦးစီးဌာနမှာလည်း လူအင်အားနည်းတယ်။ တိတိကျကျမလိုက်ဘူး။
အပြစ်လို့တောင် ပြောလို့မရတဲ့ မြေပြင်အခြေအနေတစ်ခုပဲ။ အထက်က သိသင့်တယ်။
နားလည်မှုလွဲတဲ့၊ နည်းတဲ့ ပြည်သူရှိနေသေးပေမယ့်ပြည်သူနဲ့ ပရဟိတကူလို့
ဒီအခြေအနေလောက်လုပ်နိုင်တာ။ ဒါဟာ အရှိတရားပဲ ဖုံးကွယ်လို့ မရဘူး။
ဒီကိုဗစ်ပွဲမှာ အနိုင်အရှုံးထက် ရေရှည်မှာကိုယ့်ဝန်ထမ်းတွေရဲ့
ယုံကြည်မှုနဲ့ စွမ်းဆောင်ရည်တွေပါ
ဆုံးရှုံးသွားနိုင်မယ့်အလားအလာတွေကိုရှောင်သင့်တယ်။ ကိုယ့်လူအင်အားနဲ့
ကိုက်ညီမယ့် Policy ကို အချိန်မီပြောင်းသင့်ပြီး ပြောင်းဖို့တကယ်
လိုအပ်ကြောင်း ပြည်သူများလိုက်နာပေးကြဖို့ အရှိကိုအရှိအတိုင်း
အသိပေးသင့်ပြီ။
နီတာ (အဆိုတော်)
စဖြစ်တာက
ဖျားတာ။ ၁၀ ရက်လောက်ဖျားတယ်။ နောက်ရက်မှာ
ကျွန်တော်ထိတွေ့ခဲ့ဖူးတဲ့သူတစ်ယောက်က Positive ဖြစ်တယ်ဆိုတော့
မသင်္ကာတာနဲ့ ကျန်းမာရေးဌာနကိုဆက်သွယ်ပြီးစစ်ဆေးဖို့လုပ်တယ်။ Quarantine
ဝင်တယ်။ ဆေးစစ်ချက်အဖြေထွက်တော့ Positive ဖြစ် တယ်။ ဝေဘာဂီမှာ နေရတယ်။ ဆရာ၊
ဆရာမတွေက အရမ်းနွေးထွေး တယ်။ ပရဟိတအဖွဲ့တွေ ဖောင်ဒေးရှင်းတွေကလည်း
အများကြီးကူညီ ကြတယ်။ အဓိကကတော့ နိုင်ငံတော်၏
အတိုင်ပင်ခံကိုယ်ပိုင်ကိုင်တွယ် တယ်ဆိုတော့ အများကြီးအဆင်ပြေပါတယ်။
ကျွန်တော်က တစ်ရက်ကို ရေလေးလီတာသောက်တယ်။ အုန်းရေနှစ်လီတာသောက်တယ်၊
ကျန်တာတော့ ဆေးရုံကပေးတဲ့ဆေးတွေ သောက်တယ်။ ပြီးတော့ ဆား ရည်နဲ့
အာလုတ်ကျင်းတယ်။ ရေနွေးငွေ့လည်း ရှူတယ်။ အကြံပြုချင်တာကတော့ အားလုံးက
နိုင်ငံတော်က ထုတ်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာဖို့လိုတယ်။
လိုက်နာတဲ့သူကလိုက်နာ၊ မလိုက်နာတဲ့သူက မလိုက်နာတော့မရဘူး။ အားလုံးက
လိုက်နာကြရင် ဒီကာလကနေ အမြန်ဆုံးလွတ်မြောက်မှာပါ။ အပြင်ကို
မဖြစ်မနေသွားရရင် Mask တပ်ပါ။ လက်ဆေးပါ။ လူစုလူဝေးကိုရှောင်ပါ။
ရေများများသောက်ဖို့လည်း အကြံပေးချင်ပါတယ်။
မအေးသဉ္ဇာကျော်
(အဏုဇီဝဆိုင်ရာ ဓာတ်ခွဲပညာသင်ကြားနေသူ၊(အတည်ပြုလူနာဟောင်း))
ကျွန်မက
လန်ဒန်ကနေပြန်ရောက်လာတယ်။ လေဆိပ်ရောက်တဲ့ အခါ သက်ဆိုင်ရာတာဝန်ရှိသူတွေက
Hotel Quarantine ထားတယ်။ ဟိုတယ်ရောက်ပြီး နှစ်ရက်သုံးရက်နေတော့
အနံ့မရချင်တော့ဘူး။ အံ ဆုံးပေါက်လို့ သွားနုတ်ပြီး
ပိုးသတ်ဆေးသောက်တာတွေဘာတွေလုပ် ရတော့ ဒါကြောင့်ပဲ အနံ့မရတာလားဆိုပြီး
ထင်မိတယ်။ ဒါပေမဲ့ သက် ဆိုင်ရာ ကွာရန်က ဆရာဝန်ကို ချက်ချင်းအသိပေးဖြစ်တယ်။
နောက်ပြီး အခန်းဖော်တွေကိုလည်း အကျိုးအကြောင်းပြောပြီးသူတို့နဲ့
ခွဲနေလိုက်တယ်။ နောက်ပိုင်းတော့ ဓာတ်ခွဲနမူနာ ယူပြီး စစ်လိုက်တဲ့အခါမှာ
Positive ထွက်တယ်ပေါ့။ ကျွန်မအထင် လေယာဉ်စီးတာမှာ ရောဂါကူးစက်ခံရ တာလို့
ထင်တယ်။ လေယာဉ်စီးရတဲ့အချိန်လည်းကြာတယ်။ ပြီးတော့ ကျွန်မတို့စီးလာတဲ့
Flight က တိုက် ရိုက်မဟုတ်ဘူး။ နိုင်ငံသုံးလေးခုက လူတွေကို
စုပြီးတင်လာတာမျိုးဆိုတော့ လူပေါင်းစုံပါတယ်။ အဲဒီမှာ
ရောဂါပိုးရှိတဲ့သူတစ်ဦးဦးနဲ့ ထိတွေ့မိရာက ကူးစက်ခံရတာလို့ပဲ ယူဆတယ်။
ပြီးတော့ ကျွန်မတို့ပြန်လာတဲ့ အချိန်က PPE တွေဘာတွေလည်း ဝတ်မထားဘူး။ Mask
တော့တပ်ရတယ်။ ဆေးရုံတက်ရတဲ့အချိန်မှာ ဆရာဆရာမတွေက ဂရုစိုက်ကြပါတယ်။
အစစအရာရာ အားလည်းပေးတယ်။ အဆင်ပြေအောင်လည်း စီစဉ်ပေးကြပါတယ်။
ကျွန်မကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကျမသွားအောင်နေတယ်။
အစားဆိုလည်း ဝဝစားတယ်။ ဆေးရုံက ကျွေးတဲ့အစားအသောက်တွေအပြင် အိမ်ကနေလည်း
စားချင်တာ မှာစားသေးတယ်။ ပြီးတော့ အိပ်တယ်။ ဒီရောဂါက
ကုသမယ့်ဆေးမပေါ်သေးဘူး။ ကိုယ်ခံအားကောင်း အောင်နေပြီးတော့ပဲ
ရောဂါပိုးကိုတွန်းလှန်လို့ရတယ်။ ဒါကြောင့် အားရှိဖို့လိုတယ်။ ရောဂါ
ကူးစက်မခံရ ဖို့ဆိုရင်တော့ တတ်နိုင်သမျှ အပြင်မထွက်ကြပါနဲ့။ တကယ်လို့
မဖြစ်မနေအပြင် ထွက်ဖို့လိုတယ်ဆိုရင်လည်း Mask တပ်ပါ။ လက်ကိုမကြာခဏဆေးပါ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း
လိုက်နာပါ။
ကိုမင်းမြတ်သာ
(ဓာတ်ခွဲအတည်ပြုလူနာဟောင်း)
ရောဂါကိုကြောက်နေမယ့်အစား
ကိုယ့်ဘက်စပြီးကာကွယ်ထားပါ။ မကြောက်ပါနဲ့။ ကျိတ်မကုပါနဲ့။
ရောဂါလက္ခဏာရှိနေပြီထင်ရင် အမြန် ဆုံးကျန်မာရေးဝန်ကြီးဌာနကို
ဖုန်းဆက်အကြောင်းကြားပါ။ ဖြစ်ဖြစ်ချင်း ကုရင် ခဏပါပဲ။
အချိန်တွေမဆွဲထားပါနဲ့။ ကျွန်တော်ကိုယ်တိုင်လည်း
ရက်တိုတိုနဲ့ပြန်ပြီးသက်သာပျောက်ကင်းလာသူတစ်ဦးပါ။ ဆေးရုံတက် ပြီး
ပထမအပတ်မှာပဲ Negative နှစ်ခါပြလို့ ဖောင်ကြီးမှာ နှစ်ပတ် Quarantine
ပြန်ဝင်ပြီး ဆေးရုံဆင်းခွင့်ရခဲ့ပါပြီ။ ကျိတ်ပြီးကုနေမယ်ဆိုရင်
ကြာလာတာနဲ့အမျှ အဆုတ်ထဲပိုးရောက်ရင် အချိန်ကြာကြီး ကုသရမယ်။
ပိုးကဖြစ်ဖြစ်ချင်း နှာခေါင်းအနံ့ မရတာကစပြီး ချက်ချင်းကြီးတော့
အဆုတ်ထဲမရောက်ပါဘူး။ ကျိတ်ပြီးကုနေမယ်ဆိုရင်တော့ အဆုတ်ရောင် မယ်။
အသည်းရောင်မယ်။ ရောဂါအခြေနေပိုဆိုးလာပါလိမ့်မယ်။ အဓိကကတော့
စိတ်ဓာတ်မကျပါနဲ့။ အာဟာရရှိတာများများစားပါ။ အိပ်ရေးဝအောင်အိပ်ပါ။
ဘုရားတရားလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အခန်း ထဲအဖော်နဲ့နေရင်လည်း Mask
တပ်ထားပါ။ အကြံပြုချင်တာက ချင်းမစားပါနဲ့။ ချင်းစားရင် လည်ချောင်းတွေ
နာပြီး ချောင်းဆိုး မပျောက်ပါဘူး။ ချင်းစားမယ့်အစား ရေနွေးသောက်ပေးပါ။
ရေနွေးထဲကို သံပရာရည်ဖြစ် ဖြစ်၊ ဆားဖြစ်ဖြစ်ထည့်သောက်ပါ။ အဓိကကတော့
ကြောက်စိတ်တွေ အားငယ်စိတ်တွေဖယ်ထားပြီး စိတ်ကိုပေါ့ပါးစွာနေပါ။
အနားယူတယ်သဘောထားပါ။ Quarantine ဝင်ရောက်ချိန်က ကူညီပေးခဲ့တဲ့
ဓမ္မရံသီလှည်းကူးကဆရာတော်နဲ့တကွ Volunteer တွေ၊ ဝေဘာဂီဆေးရုံက ဆရာဆရာမတွေ၊
အစစအ ရာရာကူညီပေးခဲ့သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
ဒေါ်ကျော်မီလှလွင်
(လူနာအမှတ် (၁၁၀၄))
စစ်တွေမြို့မှာ
လူနာတွေအရမ်းများလာတော့ စေတနာ့ဝန်ထမ်းအ နေနဲ့ ပါဝင်ဆောင်ရွက်ခဲ့တယ်။
နှစ်ပတ်ပြည့်တော့ စည်းကမ်းချက်အ တိုင်း ဆေးစစ်တယ်။ စက်တင်ဘာ ၄ ရက်မှာ
ရောဂါရှိတယ်လို့ အသိ ပေးခံရတယ်။ စစ ကြားတုန်းကတော့ တော်တော်
ဝမ်းနည်းသွားတယ်။ တစ်ယောက်တည်းနေရတဲ့သူဆိုတော့ ပိုစိတ်အားငယ်တယ်။ နှလုံးအား
နည်းတဲ့အခံကြောင့်လည်း စိုးရိမ်မှုတော့ရှိခဲ့တယ်။ ဒါပေမဲ့ အားတင်းပြီး
ညနေပိုင်း ကျန်းမာရေးတာဝန်ရှိသူတွေလာခေါ်တော့ လိုက်သွားတယ်။ စစ်တွေ
တိုင်းရင်းဆေးရုံမှာ ကုသရတယ်။ အခန်းထဲမှာ လူနာရှစ်ယောက် ကိုယ်နဲ့လည်းမသိ။
စကား လည်းပြောလို့မရ။ ဒါနဲ့ပဲ ပထမရက်ကိုတော့ တော်တော်ကျော်ဖြတ်ရတယ်။
တစ်ခုရှိတာက ကျန်းမာရေးဝန် ထမ်းတွေက ဖုန်းနဲ့အမြဲဆက်သွယ်တယ်။ နေကောင်းလား။
နေရထိုင်ရ အဆင်ပြေလား ဘာလိုအပ်လဲအစရှိ သဖြင့် မေးတဲ့အတွက်
အားလည်းနည်းနည်းရှိလာတယ်။နောက်ပိုင်း သွေးပေါင်ချိန် တိုင်း၊ အပူချိန်
တိုင်းတော့လည်း အဆင်ပြေတယ်။ ကျွန်မက အနံ့ပျောက်တဲ့လက္ခဏတစ်ခုပဲရှိခဲ့တယ်။
ကျန်းမာရေးအရ ဆေးရုံက ကျွေးတဲ့ကြက်ဥ၊ Civic အစရှိတာတွေ များများစားတယ်။
ဒီလိုနဲ့ပဲ စက်တင်ဘာ ၁၆ ရက်က ဆေးရုံဆင်းခွင့်ရခဲ့တယ်။ အစာများများစားပါ၊
အားရှိအောင်နေပါ။ ပြီးတော့ ဒီရောဂါနဲ့ဆေးရုံတက်နေ ရတဲ့သူတွေအနေနဲ့
အတတ်နိုင်ဆုံးစိတ်ကိုပျော်အောင်နေပါ။ ဆေးရုံက ညွှန်ကြားတဲ့ဆေးသောက်ပါ။ ပြီး
တော့ ရောဂါရဲ့ လက္ခဏာတစ်ခုခုရှိလာရင် ကျိတ်မကုပါနဲ့၊
ဆေးရုံဆေးခန်းတစ်ခုခုသွားပြီး စစ်ဆေးဖို့ လုပ်ကြပါ။
ကိုလင်းဇော်
(လူနာအမှတ် (၁၄၆၂))
ကျွန်တော်က
လူနာအမှတ်(၁၃၁၄)ရဲ့အဆက်ပါ။ စက်တင်ဘာ ၆ ရက်မှာ ဓာတ်ခွဲစစ်ဆေးတယ်။ ၇ ရက်မှာ
အဖြေထွက်တော့ Positive ဖြစ်လာတာပေါ့။ အဲဒီနေ့ချက်ချင်းမှာပဲ
ဖောင်ကြီးကုသရေးစင်တာ ရောက်တယ်။ ဒီနေ့(စက်တင်ဘာ ၂၀ ရက်) ဆေးရုံက
ဆင်းခွင့်ရတဲ့အချိန် အထိ ကျွန်တော်က ရောဂါလက္ခဏာတစ်စုံတစ်ခုမှ မရှိခဲ့ဘူး။
ဆေးရုံ တက်ပြီး နှစ်ရက်လောက်မှ ခြေထောက်နုံးတာကလွဲလို့။ ပြီးတော့ကျွန်
တော်ကသွေးတိုးသမားပေမယ့် ရောက်စနှစ်ရက်လောက်ပဲဆေးသောက် ရတယ်။ ကျန်တာ
ထွေထွေထူးထူးမရှိခဲ့ဘူး။ စိုးရိမ်မှု လွန်ကဲမှုမရှိဖို့လိုတယ်။ ဖြစ်တာကို
ဖြစ်တယ်လို့မှတ်ပြီး ကျန်တဲ့အတွေးစိုးရိမ်မှုတွေလျှော့ချပြီး ရင်ဆိုင်ပါ။
ကျွန်တော့်ဆီမှာ ပိုးတွေ့လို့ မိသားစုကို စစ်တဲ့အခါ ခုနစ်ယောက်မှာ
ခြောက်ယောက်ပိုးတွေ့တယ်။ အသက်(၇၀)ကျော် အဖေရယ်၊ အသက် (၆၀) ကျော်အမေ ရယ်၊
ကျွန်တော့်ညီမနဲ့ ကျွန်တော့်ကလေးသုံးယောက်။ သူတို့ကို စက်တင်ဘာ ၁၃ ရက်က
ရိုးမရိပ်သာပို့ထား တယ်။ ကျွန်တော့်အမေဆို သွေးတိုးရော ဆီးချိုပါရှိတယ်။
ဒါပေမဲ့ ညီမရဲ့ ရက် ၁၀၀ သားကလေးရဲ့ အနှီး တွေလျှော်ပေး။ အေးအေးဆေးဆေးပဲ
ဖိအားမရှိရင်ဆိုင်နေတာ။ ဒါကြောင့် စိုးရိမ်ပူပန်မှုမလွန်ကဲဖို့နဲ့ အခြေခံ
ကတော့ ကူးစက်မှုမရှိအောင်နေကြပါ။
ကိုဇင်ညီညီအောင်
(လူနာအမှတ် (၆))
ကျွန်တော်က
ပြည်ပအပျော်စီးသင်္ဘောဝန်ထမ်းတစ်ဦးဖြစ်ပြီးတော့ COVID-19
ရောဂါစဖြစ်တဲ့အချိန်မှာ ကုမ္ပဏီ ဘက်က ဝန်ထမ်းလျှော့လို့ မတ်လ ၂၀ ရက်က
မြန်မာပြည်ပြန်လာခဲ့ရတယ်။ အဲဒီကနေ ဧပြီ ၂၈ ရက်မှာ ကျွန်တော့်ဆီမှာ
ရောဂါတွေ့တယ်လို့ သက်ဆိုင်ရာက ကြေညာ တယ်။ ပြန်လာတဲ့ခရီးစဉ်တစ်လျှောက်
အင်္ဂလန်လေဆိပ် Duty Free ဆိုင်က ပစ္စည်းတွေဝင်ကြည့်ခဲ့တယ်။ နောက်ပြီး
လေယာဉ်ပေါ်မှာလည်းလူမျိုးစုံပါတယ်။ အဲဒီနှစ်ခုကနေ ကူးစက်ခံရတာ
ဖြစ်နိုင်တယ်။ နောက် ကျွန်တော်ကိုယ်တိုင်လည်း သတိမမူဘဲ
နှာခေါင်းစည်း၊လက်အိတ်အသုံးပြုရမှာနဲ့ လက်ဆေးရမှာကို ပေါ့ဆခဲ့ မိတယ်။
ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေလာခေါ်တော့ တည်တည်ငြိမ်နဲ့
ရင်ဆိုင်ဖို့ကြိုးစားတယ်။ ဟိုရောက်တော့လည်း
သတ်မှတ်စည်းကမ်းတွေအတိုင်းနေတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ဆေးတိုက် တယ်။
တခြားအားဆေး တိုက်တယ်။ အဲဒါတွေ ပုံမှန်လုပ်ရင်း ကိုယ်ကာယအားကစားတစ်ခုပါ
တွဲလုပ်ဖြစ် တယ်။ ဒီလိုနဲ့ နှစ်ကြိမ်ဆက်တိုက်ရောဂါပိုးမတွေ့လို့ မေလ ၆
ရက်မှာ ဆေးရုံဆင်းခွင့်ရခဲ့တယ်။ ကျွန်တော့် အတွေ့အကြုံအရ
နှာခေါင်းစည်းတပ်ပါ၊ လက်ပုံမှန်ဆေးဖို့ကြိုးစားပါ။ ပြီးတော့ ဖြစ်လာခဲ့ရင်
တည်တည် ငြိမ်ငြိမ်နဲ့ အကောင်းဆုံးရင်ဆိုင်ကျော်လွှားပါလို့
တိုက်တွန်းလိုတယ်။
ဒေါက်တာဇင်ကိုလတ်
(လူနာအမှတ် (၁၄၂၁))
ကျွန်တော့်
Contact အစ လို့ပြောရမှာတော့ လူနာအမှတ် (၁၂၁၃) ပေါ့။ ဒါပေမဲ့
ဘယ်လိုပဲပြောပြော ကျွန်တော်တို့က ဒီနယ်ပယ်ထဲမှာ ကုသပေးနေတဲ့သူဖြစ်တဲ့အတွက်
အချိန်မရွေးကူးစက်ခံရနိုင်တယ်လို့ တွေးထားပြီးသား။ စက်တင်ဘာ ၇ ရက်မှာ
ဆေးရုံစတက်တယ်။ရောဂါ လက္ခဏာနဲ့ပတ်သက်လို့တော့ ထူးထူးခြားခြားမရှိခဲ့ဘူး။
စက်တင်ဘာ ၂၁ ရက်မှာ ဆေးရုံဆင်းမယ်။ အခု ရောဂါဖြစ်ပွားမှုနှုန်းအရ အရမ်းမြန်
တယ်။ သေတဲ့သူတွေလည်း များလာတယ်။သက်ကြီးရွယ်အိုနဲ့ ရောဂါ
အခံရှိတဲ့သူအများစုဖြစ်တယ်။ ဒါကြောင့် သူတို့အတွက်အလေးထားဖို့လိုတယ်။
အပြင်ထွက်ရင် သတ်မှတ် စည်းကမ်းအတိုင်းနေပါ။ အပြင်ထွက်စရာမလိုတဲ့အခြေအနေကို
လုံးဝမထွက်ဖို့လိုတယ်။ ဖြစ်မှ ဆေးကုသမှု ခံယူတာထက် မဖြစ်အောင် ကိုယ့်အသိနဲ့
သတိတရားရှိအောင်နေကြဖို့ တိုက်တွန်းလိုတယ်။
ကိုနိုင်ကျော်
(အတည်ပြုလူနာဟောင်း)
ကျွန်တော်က ထိုင်းမှာသွားပြီးအလုပ်လုပ်တယ်။ အဲဒီကနေမှ မြဝတီနယ်စပ်ဂိတ်ကနေ ပြန်လာတယ်။ ကားစထွက်ပြီဆိုကတည်းက နှာခေါင်းစည်းတပ်ထားတာ တစ်ခါမှမချွတ်ဘူး။ ဒါပေမဲ့ မြဝတီဂိတ် ရောက်တော့ ရန်ကုန်ပြန်မယ့်ကားကို စောင့်ရတယ်။ စောင့်နေရင်းနဲ့ အများသုံးအိမ်သာလည်း သွားလိုက်သေးတယ်။ အဲဒီအချိန်မှာ လက်ကိုသေချာမဆေးလိုက်မိဘူး။ နောက်တစ်ချက်က ကွမ်းစားချင်တော့ နှာခေါင်းစည်းကို ခဏချွတ်ပြီး စားလိုက်တယ်။ အဲဒီနှစ်ချက် ကျွန်တော့်ဘက်က ပေါ့လျော့သလိုဖြစ်သွားတယ်။ လူအများနဲ့နေတုန်း နှာခေါင်းစည်းချွတ်၊ လက်ကိုလည်း စနစ်တကျ မဆေးမိဆိုတော့ အဲဒီပေါ့လျော့မှုကနေ ရောဂါကူးစက်ခံရတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ်ထင်တယ်။ ဘယ်သူပဲဖြစ်ဖြစ် လူကြားထဲသွားတဲ့အခါ၊ အိမ်အပြင်ထွက်တဲ့အခါ ခဏလေးပဲဆိုပြီး Mask မတပ်ဘဲ မနေကြပါနဲ့။ အပြင်ထွက်တာနဲ့တပ်ပါ။ လက်ဆေးဖို့ကိုလည်း မပျင်းပါနဲ့။ လက်ဆေးဖို့ပျင်းရင် ဆေးရုံမှာ ပျင်းတဲ့အထိနေရပါလိမ့်မယ်။ နောက်ပြီးတော့ ရောဂါကူးစက်ခံရလို့ ကုသရာက ပျောက်ကင်းသွားပြီပဲထား ပတ်ဝန်းကျင် ရဲ့ ရိုက်ခတ်မှုဒဏ်ကို မခံချင်ကြပါနဲ့။ အတတ်နိုင်ဆုံး ရောဂါကူးစက်မခံရအောင် စည်းကမ်းတကျနေထိုင်ပါ။ ကျွန်တော်ဆိုရင် ရောဂါကူးစက်ခံရတာတော့ ကိုယ်တစ်ယောက်တည်းပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ခွဲခြားဆက်ဆံခံရမှုကျတော့ ညီအစ်ကိုမောင်နှမတွေပါ ခွဲခြားခံရတာရှိပါတယ်။ ကိုယ့်ရဲ့အနေအထိုင်ပေါ့လျော့မှုကြောင့် မိသားစုပါဒုက္ခရောက်တာမျိုးဖြစ်နိုင်ပါတယ်။
Credit : https://7day.news
-
ENTERTAINMENT
Vanguard
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ကိုဗစ်ကူးစက်မြန်ဗီဇပြောင်း ဗိုင်းရပ်စ် ပေါ်လာနိုင်ဟု ဒေါက်တာမြင့်ထွေးသတိပေး
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ