bnr_tob_1

2020.07.22SOCIAL

ယနေ့အချိန်အထိ Covid -19 ကူးစက်ခြင်းမခံရသေးသော နိုင်ငံများ

Covid-19 ရောဂါပိုးဟာ ကမ္ဘာတစ်ဝှမ်းလုံးကို ကပ်ရောဂါတစ်ခုအဖြစ် လျှင်မြန်စွာ ပြန့်နှံ့သွားခဲ့ပြီး အားလုံးကို အံအားသင့်စေခဲ့ပါတယ်။ ကမ္ဘာကုလသမဂ္ဂမှနေ အသိအမှတ်ပြုသော နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိတဲ့ အနက် တချို့သော နိုင်ငံအနည်းစုကတော့ ကမ္ဘာကပ်ဘေး Corona virus အန္တရာယ်ကနေ ကင်းလွတ်လျက်ရှိပါတယ်။
၂၀၂၀ – ဇူလိုင် ၁၃ ရက်နေ့အထိ စစ်တမ်းများအရ Corona Virus ဖြစ်ပွားမှု report မတက်လာသော နိုင်ငံ (၁၂) နိုင်ငံရှိပါတယ်။

  1. North Korea
  2. Turkmenistan
  3. Solomon Islands
  4. Vanuatu
  5. Samoa
  6. Kiribati
  7. Federated States of Micronesia
  8. Tonga
  9. Marshall Islands
  10. Palau
  11. Tuvalu
  12. Nauru တို့ပဲဖြစ်ပါတယ်။

ဒီနိုင်ငံ ၁၂ နိုင်ငံက ဘယ်လိုအချက်အလက်တွေကြောင့်များ Corona virus မတွေ့ခဲ့ရတာလဲဆိုတာကတော့ သူတို့ရဲ့ လူဦးရေ တည်နေရာ အနေအထားကြောင့်ပဲလား တားမြင့်ကန့်သတ်မှ အချိန်မှီခဲ့လိုပဲလားဆိုတာကို ကြည့်လိုက်ရအောင်

  1. NORTH KOREA, ASIA (POPULATION: 25,778,816)

မြောက်ကိုရီယားနိုင်ငံ ကတော့ အားလုံးသိကြတဲ့အတိုင်း အများနဲ့ ကွဲထွက်နေတဲ့ ကွန်မြုနစ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့ကတည်းက ပြည်ဝင်ခွင့်တွေ ပိတ်ချခဲ့တာဖြစ်ပြီး ပထမဆုံးသော ပြည်ဝင်ခွင့် ကန့်သတ်တဲ့ နိုင်ငံပါ။ Corona virus စတင်ဖြစ်ပေါ်ရာ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပေမယ့် ရောဂါပိုးမတွေ့ရှိရတာ ထူးဆန်းနေပါတယ်။
ပြည်ပမှ ပြန်လာသူတိုင်းနှင့် နိုင်ငံခြားသားများကို ၂လ အထိ တင်းကြပ်စွာ Qurantine ချမှတ်ထားခဲ့ပါသေးတယ်။

  1. TURKMENISTAN, ASIA (POPULATION: 6,031,200)

တာ့ခ်မင်နစ္စတန်နိုင်ငံကတော့ Kazakhstan, Uzbekistan, Tajikistan, Iran, Afghanistan နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိတဲ့ အာရှနိုင်နိုင်ငံငယ်တစ်ခုဖြစ်ပါတယ်။ ဖေဖော်ဝါရီမှာပဲ တရုတ်နှင့် ပျံသန်းပြေးဆွဲသော လေယာဉ်ခရီးစဉ်များ အားလုံးကို ဖျက်သိမ်းခဲ့ပါတယ်။ Turkmenistan ရဲ့ အိမ်နီးချင်းနိုင်ငံများအားလုံးမှာ ရောဂါပိုး တွေ့ရပေမယ့် Turkmenistan မှာမတွေ့ရတာကြောင့် ဖုံးဖိထားတာလို့လဲ ပြောဆိုနေကြပါတယ်။

  1. THE SOLOMON ISLANDS, OCEANIA (POPULATION: 686,884)

ဆော်လမွန်ကျွန်းစု ကတော့ ကမ္ဘာအလည်အပတ်အနည်းဆုံး အရပ်ဒေသတစ်ခုဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ Australia, Papua New Guinea, Vanuatu ကနေ လေကြောင်းလိုင်းဖြင့် အလွယ်တကူ သွားရောက်နိုင်ပါတယ်။ ယနေ့အထိ Covid-19 အတည်ပြုချင်း မရှိသေးတာကိုတွေ့ရပါတယ်။

  1. VANUATU, OCEANIA (POPULATION: 307,145)

ဆော်လမွန်ကျွန်းစုနှင့် အိမ်နီးချင်ဖြစ်သော Vanuatuမှာလည်း ဖေဖော်ဝါရီလလောက် ကတည်းက ပြည်ဝင်ခွင့်တင်းကျပ်ခြင်းနှင့် တင်းကြပ်စွာ Qurantine ချမှတ်ထားခြင်းတို့ကိုဆောင်ရွက်ခဲ့ပါတယ်။ Covid-19 စတင်ပျံနှံဖြစ်ပွားစဉ် အချိန်လောက်ကတည်းက ရောဂါပိုးတွေ့ရှိသော နိုင်ငံများမှလူများကို ပြည်ဝင်ခွင့် ပိတ်ထားခဲ့ပါတယ်။

  1. SAMOA, OCEANIA (POPULATION: 198,413)

ဆမိုးအားနိုင်ငံ ၏ ဂီတ၊ အကနှင့်အနုပညာစတိုင်များကြောင့် ပစိဖိတ်ကျွန်းများနှင့်ကမ္ဘာတစ်ဝှမ်းတွင်ကျော်ကြားပါတယ်။ ဆမိုးအား နိုင်ငံမှာတော့ မတ်လ (၂၅) ရက်နေ့ကတည်းက Lock down ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ယနေ့အချိန်အထိ အရေေးပါ်အခြေအနေဖြင့် သတ်မှတ်ထားခြင်းဖြစ်ပြီး ပြင်တွင်း နှင့် ပြည်ပခရီးသွားလာခွင့်ကိုလည်း ကန့်သတ်ထားခဲ့ပါသေးတယ်။

  1. KIRIBATI, OCEANIA (POPULATION: 119,451)

ကိရီဘာတီတွင်အမှုများမရှိသော်လည်းပြည်သူ့အရေးပေါ်အခြေအနေကိုကြေငြာခဲ့သည်။ မတ်လ ၃၀ ရက်မှ စ၍ ၂ ပတ်ပိတ်ထားခဲ့ပါတယ်။

  1. FEDERATED STATES OF MICRONESIA, OCEANIA (POPULATION: 115,030)

Micronesia မှာတော့ ဖေဖော်ဝါရီလအစောပိုင်း ကတည်းက တရုတ်နှင့် တရုတ်နိုင်ငံများမှ ခရီးသွားများအတွက် ခရီးသွားခြင်း တားမြစ်ချက်များကို အလျင်အမြန် ထုတ်ပြန်တားမြင့်ခဲ့ပါတယ်။

  1. TONGA, OCEANIA (POPULATION: 105,695)

တွန်ဂါ မှာတော့ ဖေဖော်ဝါရီ လမှစ၍ ခရီးသွားလာရေးစည်းမျဉ်းများနှင့်တင်းကြပ်ခဲ့တာဖြစ်ပါတယ်။ အိမ်နီချင်းနိုင်ငံ Fiji မှာပထမဆုံး ကူးစက်လူနာတွေ့ကတည်းက နိုင်ငံခြားသားများကိုပဲ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ပြီး မတ်လ ၂၉ ရက်နေ့မှ စတင်ကာ Lock down ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

  1. THE MARSHALL ISLANDS, OCEANIA (POPULATION: 59,190)

လူဦးရေမှာ ၆သောင်း ၈ ထောင်မျှသာ ရှိသော မာရှယ်အိုင်းလန်း သမ္မတနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာအတွင်း သန္တာကျွန်းများ နှင့် ကျွန်းများဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပါတယ်။မတ်လ ၂၁ ရက်နေ့ ကတည်းက မာရှယ်ကျွန်းများနှင့်နိုင်ငံတကာလေကြောင်းလိုင်ကို ၃ ပတ်ကြာခေတ္တရပ်နားထားခဲ့ပါတယ်။

  1. PALAU, OCEANIA (POPULATION: 18,094)

ကမ္ဘာပေါ်တွင် အနုပျိုဆုံး နှင့် အသေးငယ်ဆုံးသော အချုပ်အခြာ အာဏာပိုင်နိုင်ငံ များထဲတွင် တစ်နိုင်ငံ ဖြစ်သော ပလောင်းသမ္မတနိုင်ငံ သည် ပစိဖိတ်သမုဒ္ဒရာ အတွင်းတွင် ရှိသော ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့ဘက် ၅ဝဝမိုင်အကွာ တွင်တည်ရှိပါတယ်။ ပလောင်းမှာလည်း ယနေ့အထိ Covid-19 အတည်ပြုချင်း မရှိသေးတာကိုတွေ့ရပါတယ်။

  1. TUVALU, OCEANIA (POPULATION: 11,793)

ကမ္ဘာပေါ်တွင် စတုတ္တမြောက် အသေးဆုံးနိုင်ငံ ဖြစ်ပြီး တတိယမြောက် လူဦးရေ အနည်းဆုံးနိုင်ငံ တူဗားလူနိုင်ငံ ဟာ ကမ္ဘာ့ခရီးသွား အရောက်အပေါက်အနည်းဆုံးသော နိုင်ငံတစ်ခုဖြစ်ပါတယ်။ ထိုအချက်ကပဲ Covid-19 ကူးစက်ပျံ့နှံမှုကို ထိန်းချုပ်ပြီးသား ဖြစ်ဟန်တူပါတယ်။

  1. NAURU, OCEANIA (POPULATION: 10,823)

ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးသော ကျွန်းနိုင်ငံဖြစ်ပြီး ဒုတိယမြောက် လူဦးရေ အနည်းဆုံးနိုင်ငံ ဖြစ်တဲ့ နအူရူးနိုင်ငံဟာလည်း တူဗာလူနိုင်ငံ နှင့်အတူ ကမ္ဘာပေါ်တွင် လာရောက် လည်ပတ်မှုအနည်းဆုံးနိုင်ငံများ အနက်တစ်ခုဖြစ်တာကြောင့် Corona virus ယနေ့တိုင် ဖြစ်ပွားခြင်း မတွေ့ရှိရသေးပါပဲ လွတ်မြောက်လျက်ရှိနေပါတယ်။

ယနေ့အချိန်အထိ Covid -19 ကူးစက်ခြင်းမခံရသေးသော နိုင်ငံအများစုကတော့ Oceania ရှိ ပစိဖိတ်ကျွန်းနိုင်ငံများ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု အနည်းဆုံးနိုင်ငံတွေနဲ့ အသေးငယ်ဆုံးသော နိုင်ငံတွေပါဝင်တာကိုတွေ့ရပါတယ်။ ဒီအချက်ကပဲ ကမ္ဘာ့ကပ်ရောဂါနဲ့ ကင်းဝေးစေခဲ့တာလို့ မှတ်ချက်ပြုနိုင်ပါတယ်။
Data Ref: Koryo Tours

List_of_countries_without_coronavirus

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img