2020.11.23SOCIAL
COVID-19 Call Centre 2019 သို့ ပြန်လည်ခေါ်ဆိုနိုင်ပြီဟုဆို

ကျန်းမာရေးပညာရှင်များမှ ဖုန်းဖြင့်မေးမြန်းမှုများအားဖြေကြားပေးနေစဉ် (ဓာတ်ပုံ − National COVID-19 Call Centre)
By ယမင်း
COVID-19 Call Centre 2019 သို့ ပြန်လည်ခေါ်ဆိုမေးမြန်းနိုင်ပြီဖြစ်ကြောင်း ယင်းစင်တာက အသိပေးကြေ ညာထားသည်။
နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်း ကစတင်၍ အဆိုပါစင်တာ၏ အင်တာနက်ဆာဗာ လိုင်းကျနေ သဖြင့် ပြန်လည်ပြင်ဆင်ရမည် ဖြစ်သောကြောင့် ဖုန်းခေါ်ဆိုမှု များ ယာယီရပ်နားထားရာမှ ယမန်နေ့ (နိုဝင်ဘာ ၂၂ ရက်) တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ပုံမှန်ပြန်လည်ခေါ်ဆိုမေးမြန်းနိုင်ပြီဖြစ်ကြောင်း အသိပေးခြင်းဖြစ်သည်။
COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးတွင် အ ရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ဆေးသုတေသနဦးစီးဌာန၊ ဆက် သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဆက်သွယ်ရေးအော်ပရေတာ လေးခု၊ Blue Ocean ကုမ္ပဏီ၊ UNICEF-Myanmar တို့၏ ပူး ပေါင်းကူညီမှုဖြင့် အဆိုပါ Nati-onal COVID-19 Call Centre ဖုန်းနံပါတ် ‘2019’ ကို ဧပြီ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါစင်တာမှတစ်ဆင့် COVID-19 ရောဂါဆိုင်ရာကျန်းမာရေးအသိပညာပေးသတင်းအချက်အလက်များကို လိုင်းခွဲနံ ပါတ် (၁) မှ (၅)အထိ စက်ဖြင့် အလိုအလျောက် ဖြေကြားပေး နေသည်။ ထို့ပြင် ပြည်သူများမှ လိုင်းခွဲ နံပါတ် (ဝ) မှတစ်ဆင့်တိုက်ရိုက်မေးမြန်းလာမှုများကိုလည်း ဆေးသုတေသနဦးစီးဌာန မှ ဆရာဝန်ဦးရေ ၄၀ ခန့်နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဆရာဝန်များက ဖြေကြားပေးနေ သည်။ COVID-19 နှင့်ပတ်သက် ၍ ရောဂါလက္ခဏာများနှင့် ဗဟု သုတများကို အလိုအလျောက်ဖြေ ကြားပေးသော ၂၄ နာရီဝန် ဆောင်မှုတွင် ဗမာဘာသာအပြင် ရခိုင်ဘာသာဖြင့်လည်း ခေါ်ဆို မေးမြန်းနိုင်ရန် ဆောင်ရွက်ထား ကြောင်း သိရသည်။
ဆရာဝန်နှင့်ဖြေကြားပေးမှု မှာမူ လိုင်းခွဲနံပါတ် (ဝ) မှ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြေကြားပေးနေပြီး အောက်တို ဘာလတွင် လိုင်းခွဲနံပါတ် (၆)အား ထပ်မံတိုးမြှင့်ထည့်သွင်းထား ကာ ၎င်းမှာ ကွာရန်တင်းစင်တာ တွင်ရှိနေသူများအတွက် ပြန် လည်ဖြေကြားပေးသည့် ဝန် ဆောင်မှုဖြစ်သည်။
ထိုသို့ ဆောင်ရွက်ပေးရာ တွင် လက်ရှိအချိန်အထိ စက်ဖြင့် အလိုအလျောက်ဖြေကြားပေးမှု တွင် ပြည်သူများက မေးမြန်းမှုမှာ တစ်နေ့လျှင် သိန်းဂဏန်းခန့်ရှိပြီး ဆရာဝန်များနှင့် တိုက်ရိုက်မေး မြန်းမှုတွင်မူ ခေါ်ဆိုမှုအများဆုံး ရက်တွင် ၄၀၀ မှ ၅၀၀ ကြားရှိကာ အနည်းဆုံးရက်တွင် ၂၀၀ ခန့် ရှိသည်။
ယင်းခေါ်ဆိုမှုစုစုပေါင်း၏ ထက်ဝက်ခန့် (၄၃ ရာခိုင်နှုန်း) မှာ ကျေးလက်ဒေသများမှဖြစ်ကာ ရခိုင်ပြည်နယ်သည် မေးမြန်းမှု တတိယအများဆုံးဖြစ်ကြောင်း ဆေးသုတေသနဦးစီးဌာန ကူး စက်ရောဂါဗေဒသုတေသနဌာန ခွဲ ဌာနခွဲမှူး ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာမျိုးမျိုးမွန်က ပြောသည်။
‘‘အစပိုင်းတုန်းကတော့ ရောဂါလက္ခဏာအကြောင်းတွေ ကာကွယ်ကုသနည်းတွေ မေးတာ ပေါ့။ အခု ဒုတိယလှိုင်းစပြီးတော့ တစ်လလောက်ကြာတော့ အများ စုက သူတို့ကိုယ်တိုင်နဲ့ သူတို့မိ သားစုတွေမှာ အနံ့ပျောက်တာ ခံစားလာရတယ်။ သူတို့တော့ ဒီလိုဖြစ်နေပြီ၊ ဘယ်နေရာကိုသွား သင့်လဲ၊ ဘယ်သူ့ကို ဆက်သွယ် ဆောင်ရွက်ရမယ်ဆိုတာတွေ မေးပါတယ်။ အဲဒီတော့ ကျွန်မတို့ မှာ ဘာတွေကို Update လုပ်ရလဲ ဆိုတော့ ဥပမာ ပထမလှိုင်းက တည်းက Fever Clinic တွေဖွင့် တယ်ပေါ့။ သတင်းတွေအကုန်လုံး စုစည်းရတယ်။ ပထမပိုင်းမှာ အဲဒီဆေးခန်းတွေကို ကျွန်မတို့ လွှတ်ရတယ်။ နောက်ပိုင်းကျ တော့ အနံ့ပျောက်စင်တာတွေကို လွှတ်ရတယ်’’ ဟု ၎င်းက ရှင်းပြ သည်။
Credit : https://7day.news/
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ