bnr_tob_1

2020.03.26SOCIAL

COVID-19 ကာလအတွင်းက စိန်ရတုတပ်မတော်နေ့

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအရပ်ရပ်မှာ COVID-19 လို့ခေါ်တဲ့ ကူးစက်ရောဂါဆိုးကြီးဟာ လှည့်ပတ် သောင်းကျန်းလို့နေပါတယ်။ ယခုဆိုလျင် မြန်မာနိုင်ငံမှာအဆိုပါရောဂါ ကူးစက်ခံရသူ ၃ဦးရှိနေပြီ ဖြစ်ပါတယ်။ နိုင်ငံအကြီးအကဲများနဲ့ သက်ဆိုင်ရာတာဝန်ရှိဝန်ထမ်းများက အဖက်ဖက်က သင့်တော်တဲ့စီမံမှုတွေကို လုပ် ဆောင်ပြီ ဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ မတ်လ(၂၇)ရက်နေ့၊တပ်မတော်နေ့ကိုကျရောက်တော့မှာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးကို ပြည်သူလူထုနဲ့အတူ ညီညီညွတ်ညွတ် ပူးပေါင်း တိုက်ပွဲဝင်ခဲ့ခြင်းဟာ ဂုဏ်ယူစရာတစ်ခုပဲ ဖြစ်ပါတယ်။ တပ်မတော်နေ့ရဲ့ သမိုင်းအစဟာ တော်လှန် ရေးနေ့က ဆင်းသက်လာခြင်း ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး အတူတကွ နယ်ချဲ့များကို တော်လှန်ခဲ့ခြင်း ဖြစ်တဲ့အတွက် တော်လှန်ရေးစတင်ခဲ့တဲ့ ၁၉၄၅ခု၊မတ်၊၂၇ရက်နေ့ကို တော်လှန်ရေးနေ့ဆိုပြီး သတ်မှတ် ကျင်း ပခဲ့ကြတာ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ တော်လှန်ရေးနေ့ကို မူဝါဒအသစ်များ ဖြည့်စွက်ပြီး တပ်မတော်နေ့လို့ အသွင်သစ်ပြောင်းလဲကာ ကျင်းပလာခဲ့ခြင်း ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း တပ်မတော်နေ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ၁၉၄၇ခုနှစ်၊ဗိုလ်ချုပ်အောင် ဆန်းလက်ထက်မှစတင်ပြီး ၂၀၁၉ခုနှစ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်ထိ တပ်မတော်နေ့ကို အစဉ်အဆက် ကျင်းပလာခဲ့ကြပါတယ်။
ယခု ၂၀၂၀ခုနှစ်ဟာ (၇၅)နှစ်မြောက် တပ်မတော် စိန်ရတုအခမ်းအနားလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာ အထူးအစီအစဉ်တွေအနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကလည်းဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်တဲ့ ဦးတင်ဦး အပါအဝင် တခြားသော တပ်မတော်ကာကွယ် ရေးဦးစီးချုပ်များကိုလည်း ဖိတ်ကြားမယ်လို့ သတင်းတွေကြေညာခဲ့ပါတယ်။
ဒါပေမယ့် COVID-19 ဗိုင်းရပ်စ်ဟာ ကမ္ဘာနဲ့အဝှမ်းမှာ ဆိုးဆိုးဝါးဝါးကူးစက်ဖြစ်ပွားနေတဲ့အတွက် မတ်လ၊၂၇ရက်နေ့မှာ ကျင်းပမယ့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ခေတ္တဆိုင်းငံ့ထား မယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာမှာ မတ်လ၊၁ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါ တယ်။

By : Myo Wai Thu

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img