bnr_tob_1

2020.03.02SOCIAL

မြန်မာနိုင်ငံတွင် Coronavirus ကို စစ်ဆေးမှု ကိုလုပ်ဆောင်နိုင်ပြီ

Coronavirus Disease2 019(COVID-19)လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ ပညာရှင်များ၏ ကြိုပမ်းမှုဖြင့် ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကို မြန်မာနိုင်ငံတွင် စစ်ဆေးတော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့တယ်လို့သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ National Health Laboratory မှတာဝန်ယူဆောင်ရွက်တာဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID-19 လတ်လောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) သည် အဆိုပါရောဂါပိုးကို မြန်မာနိုင်ငံတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေးအတွက် တစိုက်မတ်မတ် အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် ပညာရှင်များနှင့် စက်ပစ္စည်းများ အဆင့်သင့်ရှိနေပြီးဖြစ်သဖြင့် ဓာတ်ခွဲပစ္စည်း (Primers, Probes and Reagents) များရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) သည် ဓာတ်ခွဲပစ္စည်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် Thai နိုင်ငံ၊ Armed Forces Research Institute of Medical Science (AFRIMS) မှ လည်းကောင်း၊  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးနှင့် JICA အဖွဲ့တို့၏ ပံ့ပိုးချိတ်ဆက် ဆောင်ရွက်မှုတို့ဖြင့် ဂျပန်နိုင်ငံ၊ National Institute of Infectious Diseases (NIID)၊ National Center for Global Health and Medicine(NCGM) နှင့် Juntendo University မှ လည်းကောင်း လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

ဓာတ်ခွဲပစ္စည်းများ လက်ခံရရှိခဲ့ပြီးနောက် လက်ရှိ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်း သတ်မှတ်ချက်၊ ညွှန်ကြားချက်အတိုင်း လူနာများထံမှဓာတ်ခွဲနမူနာများတွင် COVID-19 ဗိုင်းရပ်(စ်)ရောဂါပိုး ရှိ၊ မရှိ အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းနှင့် တစ်ပြိုင်နက်ဓာတ်ခွဲစစ်ဆေး (parallel testing) လျက်ရှိရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ၏ ဓါတ်ခွဲအဖြေများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းမှ အဖြေများသည် ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါသည်။

ထိုသို့ တစ်ပြိုင်နက် ဓါတ်ခွဲစစ်ဆေးမှုအရေအတွက်နှင့် အဖြေများ ကိုက်ညီမှန်ကန်မှု ရှိသည့်အတွက် ကိုယ်တိုင်သီးခြားဓါတ်ခွဲစစ်ဆေးခြင်း (independent testing) ကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ (၂၀-၂-၂၀၂၀) ရက်နေ့တွင် စတင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img