bnr_tob_1

2020.05.14ENTERTAINMENT

Ji Chang Wook နဲ့ Kim Yoo Jung တို့ရဲ့ဇာတ်လမ်းသစ်

Photo by: https://www.facebook.com/wookiemyanmarfanpage/

အားလုံးပဲမင်္ဂလာပါရှင်။
ဒီတစ်ခေါက်မှာတော့ တောင်ကိုရီးယားမင်းသားချော ပရိသတ်အချစ်တော် Ji Chang Wook နဲ့ ငယ်ငယ်ထဲကနေကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကမှာ ရပ်တည်နေတဲ့ မင်းသမီးလေး Kim Yoo Jung တို့ရဲ့ Convenience Store Saet Byul ကားလေးကို ဇွန်လ ၁၂ရက်နေ့မှာ SBS ရုပ်သံလိုင်းမှ ပြသတော့မှာပဲဖြစ်ပါတယ်။ Convenience Store Saet Byul ရုပ်ရှင်ကားလေးကို လတ်တလောပြသနေတဲ့ မင်းသား လီမင်ဟိုနဲ့ မင်းသမီး ကင်မ်ဂိုအွန်းတို့ရဲ့ The King: Eternal Monarch ဇာတ်လမ်းပြီးတာနဲ့ နောက်အပတ်မှာ ပြသမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ မင်းသား Ji Chang Wook ဟာ သူတစ်ပါးကို အဖက်မလုပ်ပဲ ခပ်တည်တည်နေတတ်တဲ့သူဖြစ်ပေမဲ့ မင်းသမီး Kim Yoo Jung နဲ့တွေ့တဲ့အခါ သူ့ရဲ့အကျင့်စရိုက်တွေ ပြောင်းလဲကုန်တဲ့ ဇာတ်ကောင်အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ မင်းသမီး Kim Yoo Jung ကတော့  ခပ်ဆန်းဆန်းကောင်မလေးအဖြစ် ပါဝင်သရုပ်ဆောင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Lee Myung Woo ကတော့ ဒီဇာတ်ကားဟာ လူအများအပြားကို အပြုသဘောဆောင်တဲ့ ခွန်အားတွေပေးနိုင်မယ့် ဒရမ်မာတစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ် ဆိုပြီး ပြောထားပါတယ်။ ပရိသတ်အကြိုက် အချစ်ဇာတ်မြူးလေးဖြစ်တာမို့ ပရိသတ်တွေ တစ်ခဲနက်အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။

By: KST

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img