bnr_tob_1

2020.02.11SOCIAL

Color Blindness (အရောင်ခွဲခြားမှု စွမ်းရည် ကျဆင်းခြင်း)

Color Blindness ဆိုသည်မှာ အရောင်များကို လုံးဝမမြင်နိုင်ခြင်းမျိုးမဟုတ်ဘဲ အရောင်ခွဲခြားနိုင်မှု စွမ်းရည်ကျဆင်းခြင်း ဖြစ်ပါတယ်။ အရောင်တွင် အဓိကအားဖြင့် RGB (Red=အနီ, Green=အစိမ်း, Blue=အပြာ) ဆိုပြီး (၃) ရောင်ရှိပါတယ်။ ထိုအရောင် (၃)ရောင်ထဲကို ခွဲခြားမြင်နိုင်စွမ်း အားနည်းတာဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခွဲခြားမမြင်နိုင်သည့် အရောင်ကတော့ မတူညီကြပါဘူး။ အဖြစ်အများဆုံး အရောင်ချို့တဲ့ခြင်းကတော့ အနီ-အစိမ်း အရောင်ချို့တဲ့ခြင်းဖြစ်ပါတယ်။ Facebook တည်ထောင်သူ Mark Zuckerberg သည်လည်း အနီ-အစိမ်း အရောင်ချို့တဲ့သူဖြစ်သောကြောင့် အပြာရောင်ကိုသာ ကွဲကွဲပြားပြား ထင်ထင်ရှားရှားမြင်ရသောကြောင့် Facebook Logo, App တွေမှာ အပြာရောင်တစ်မျိုးတည်းကိုပဲ အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။

Color-blindness.com ဝက်ဆိုက်ဒ်အရ အမျိုးသမီးဦးရေ အယောက်(၂၀၀) မှာ (၁) ယောက်၊ အမျိုးသားဦးရေ အယောက်(၁၂) ယောက်မှာ (၁)ယောက်တို့ဟာ အရောင်အာရုံလက်ခံနိုင်စွမ်း ချို့တဲ့တဲ့ဝေဒနာကို ခံစားကြရပါတယ်။ Color Blindness သည် မျိုးရိုးဗီဇနှင့်ဆက်နွယ်နေခြင်း ဖြစ်ပါတယ်။ ဆေးပညာအဆိုအရ Genetic X – linked လို့ ခေါ်ပါတယ်။ မိခင်က မျိုးရိုးဗီဇ သယ်ဆောင်သူ ဖြစ်ပြီး သားတွေဆီမှာ လက်ဆင့်ကမ်း ပါလာတာမျိုးဖြစ်သောကြောင့် အမျိုးသားများတွင် ပိုပြီးအဖြစ်များတတ်ခြင်း ဖြစ်ပါတယ်။

Color Blindness ကို ဆေးကုသလို့ ရခြင်း၊ မရခြင်းက ဖြစ်ပွားသည့် အကြောင်းအရာပေါ်မူတည်ပါတယ်။ မွေးရာပါ (Congenital) ကြောင့် ဖြစ်တာဆိုလျှင်တော့ ကုသလို့မပျောက်ကင်းနိုင်ပါဘူး။ ရောဂါတစ်ခုခုကို အခြေခံပြီး (Acquired) ဖြစ်တာဆိုလျှင်တော့ မူလရောဂါကို ကုသဖယ်ရှားနိုင်လျှင်သော သက်သာပျောက်ကင်းနိုင်ပါတယ်။ မွေးရာပါ (Congenital) ကြောင့် ကုသမရနိုင်လျှင်လည်း စိတ်ဓာတ်ကျစရာမလိုပါဘူး။ သာမာန်လူတွေလိုပဲ အမြင်အာရုံကောင်းသော သူများဖြစ်ပါတယ်။ သာမာန်လူတွေက အရောင်အများကြီးကို ခွဲခြားမြင်နိုင်ပြီး Color Blindness သမားတွေကတော့ အရောင်အနည်းငယ်ကိုသာ ခွဲခြားမြင်နိုင်ခြင်းမျိုး ဖြစ်သောကြောင့် သာမာန်လူတွေလုပ်နိုင်တဲ့အလုပ်တွေ လုပ်နိုင်ပါတယ်။ လူဖြစ်ရှုံးတယ်လို့ မခံစားရအောင် မိဘများအနေဖြင့် ငယ်စဉ်အရွယ်ကတည်းက ဘယ်လိုပညာကိုသင်ပြီး ဘယ်လိုအလုပ်တွေလုပ်နိုင်တယ်၊ ဘယ်လိုအလုပ်ကတော့ လုပ်လို့မရဘူးဆိုသည့် လမ်းကြောင်းကိုပြပေးပြီး ကလေးများကို အားပေးနှစ်သိမ့်ပေးရပါမယ်။

Color Blindness ဖြစ်ပွားခဲ့လျှင် အနီ၊ အစိမ်း၊ အပြာစသည်ဖြင့် ရောင်စုံအစက်လေးတွေရောနေသည့်အခါ ခွဲခြားမမြင်ရသောကြောင့် Slide ပြားတွေ ကြည့်ရသည့် ရောဂဗေဒ ဆရာဝန် (Pathologist)၊ Microbiologist နှင့် အရောင်စနစ်ဖြင့်အချက်ပြသည့် ဆက်သွယ်ရေးစနစ်နှင့်ပတ်သက်သည့် သင်္ဘော၊ လေယာဉ် စသည့်အလုပ်၊ အရောင်တွေကိုခွဲခြားကြည့်ရသည့် ဘူမိဗေဒ (Geology)၊ သစ်တောနဲ့ ဆိုင်တဲ့ အလုပ်တွေကိုတော့ လုပ်နိုင်မည်မဟုတ်ပါ။ အရောင်ကိုအဓိကထားသည့် အလုပ်အနည်းငယ်ကိုသာ မလုပ်ကိုင်နိုင်ပေမဲ့ အခြားသောလုပ်ကိုင်နိုင်သည့် အလုပ်တွေအများကြီး ရှိသောကြောင့် အရှုံးသမားကြီးတစ်ယောက်လို စိတ်ဓာတ်ကျနေစရာမလိုပါဘူး။

Color Blindness နှင့်ပတ်သက်သည့် အရောင်ခွဲခြားနိုင်မှုအားနည်းခြင်း လက္ခဏာထဲကမှ ထင်ရှားတဲ့အမျိုးအစားများကို အောက်တွင်ပုံနှင့်တကွ ဖော်ပြလိုက်ပါတယ်။

Red-weak (Protanopia)

Green-weak (Deuteranomalia)

Blue-weak (Tritanopia)

Monochromacy

ကမ္ဘာ့လူဦးရေရဲ့ (ဝ.၀၀၀၀၃)ရာခိုင်နှုန်းလောက်ကသာ အရောင်လုံးလုံးမမြင်ရပဲ အဖြူနဲ့ အနက်သာမြင်ရတဲ့ Monochromacy ကို ခံစားနေရတာ ဖြစ်ပါတယ်။

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img