2020.07.23TRAVEL
ဒဏ္ဏာရီ ဆန်ဆန်လှတဲ့ Colmar မြို့လေး

ဖြူစင် ဥရောပ ဘက်ရောက်တုန်းက ဆွစ်ဇလန် ကနေ ပဲရစ် ကို သွားတဲ့လမ်းမှာ ဝင်လည်ရတဲ့ ကော်မာ (Colmar) မြို့လေးကို အခုထိ အမြဲ အမှတ်ရမိပါတယ်.Colmar မြို့လေးကို ရောက်တဲ့ အချိန် အော် ဒီ မြို့လေး သိပ်ချစ်ဖို့ ကောင်းပါလား ဒီထက်ပိုပြီး အချိန် ကြာကြာနေရရင် ကောင်းမှာဘဲလို့ တွေးမိတယ် ။

ပြင်သစ် နိုင်ငံ နဲ့ ဂျာမနီ နိုင်ငံ ကြားမှာရှိတဲ့ နယ်စပ် မြို့လေးဖြစ်တာမို့ ကားနဲ့လာမယ်ဆိုရင် အဓိက နီးတဲ့ မြို့ကြီးတွေက Freibrug မြို့ (ဂျာမနီ) ကနေဆို ၁ နာရီဝန်း ကျင် ၊ Strasbourg မြို့(ပြင်သစ်)ကနေ လာမယ်ဆို ၁ နာရီ ဝန်းကျင် ၊ Zurich မြို့(Switerland) က လာမယ် ဆို ၂ နာရီ ဝန်းကျင် လောက် ကြာပါတယ်။

နယ်စပ်မြို့လေးလို့ ဆိုတဲ့အတိုင်း ပြင်သစ်တွေကလည်း သူတို့အပိုင်အဖြစ်ယူဆပြီး လက်အောက်ခံ နယ်မြေအဖြစ် ပိုင်ဆိုင်လိုကြတယ်၊ ဂျာမနီ တွေကလည်း ဒီ Alsace ဒေသဟာ သူတို့ အပိုင်ဘဲ ဖြစ်သင့်တယ်ဆိုပြီး ပထမ ကမ္ဘာစစ် နဲ့ ဒုတိယ ကမ္ဘာစစ် အတွင်း အလှည့်အပြောင်းတွေမှာ ပြင်သစ် လက်အောက်ခံ ဖြစ်လိုက်၊ ဂျာမနီ လက်အောက်ခံ ဖြစ်လိုက်နဲ့ ယခုလက်ရှိမှာတော့ ပြင်သစ်ပိုင် မြို့အဖြစ်နဲ့ ရှိနေတာပါ။ ဒေသခံတွေက ပြင်သစ်ဘာသာစကား ကိုသာ အဓိက သုံးကြပြီး ဂျာမန်စကားကိုပါ ပြောတတ်ကြပါတယ်။ အရင်ခေတ်ကိုပါ မှီတဲ့ သက်ကြီးပိုင်းတွေကတော့ (Alstian) ဂျာမန်စကားကို ဦးစားပေးသုံးပါတယ်။

ပြင်သစ်နိုင်ငံရဲ့ အရှေ့နောက်ဘက် အယ်လဆေ့ (Alsace) ဒေသခံ လက်အောက်မှာရှိပြီး ဗင်းနစ် (Venice) မှာလိုမျိုး တူးမြောင်းတွေလည်းရှိလို့ Little Venice လို့ ဒေသခံတွေက တင်စားခေါ်ဝေါ်ကြတဲ့ ချစ်စရာ မြို့လေးပါ။ Alsace ဒေသဟာလည်း ပြင်သစ်နိုင်ငံမှာ Alsace Wine ထွက်တဲ့ ဒေသတစ်ခုအဖြစ်လည်း နာမည်ကြီးပါတယ်။

ပြင်သစ်နိုင်ငံ ရဲ့ အလှဆုံး မြို့တစ်ခုလည်း ဖြစ်ပြီး ဒဏ္ဏာရီ ပုံပြင်တွေထဲကလို ချစ်စရာကောင်းလွန်းလို့ Fairy Tale City လို့လည်း လူသိများပါတယ်နော်
Colmar မြို့ဟောင်းကို ရောက်ရင် ရိုးရာ သစ်သားအိမ်လေးတွေ၊ ပန်းတွေ နဲ့ အလှဆင်ထားတဲ့ တူးမြောင်း နှင့် အပြိုင် လမ်းတလျှောက် ကဖေးဆိုင်လေးတွေ၊ ဒေသစာတွေ ဆိုင်တန်းလေးတွေ၊ အိမ်လေးတွေမှာက အစ ပန်းတွေ ဝေဝေဆာဆာ နဲ့ အမြဲ လှပနေတာလေးတွေက ပန်းချီကားချပ်လေးတစ်ခုကို ကြည့်နေရသလို Colmar မြို့လေးကို ပိုအသက်ဝင် လှပစေပါတယ်။

မြို့လေးမှာ နေထိုင်သူ ၇ သောင်း ဝန်းကျင် ရှိပြီး ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်တဲ့ မြို့လေးပါ။
ချစ်စရာ ဈေးတန်းလေးတွေ မှာ အေးဆေး အချိန်ကုန်
ရင်း ကိုယ့်အိမ်လေးကို ပြန်ရောက်သွားသလို ရင်းနှီး
ကျွမ်းဝင်မှု နွေးထွေးမှုလေး အပြည့် ခံစားစေရတဲ့ နေရာလေးပါ။ ခုံတန်းလေးမှာ ထိုင်ပြီး မြို့လေးရဲ့ အလှကို ခံစားမလား၊ တစ်စုံတစ်ယောက်ကို လွမ်းမိရင်တောင် အလွမ်းပိုစေတတ်တဲ့ အငွေ့အသက်လေးကို ဖြစ်စေတာနော် ☺️

ဒေသစာလေးတွေ၊ စားချင်တာလေးတွေ မြည်းခဲ့ဖို့လည်း မမေ့နဲ့နော်😋မြို့ဟောင်းကို ပတ်ပေးတဲ့ Tourist Train လေးတွေ လည်း ရှိလို့ အကြာကြီး လမ်းမလျှောက် ချင်ဘဲ ကားပေါ်ကနေ ပတ်ကြည့်ချင်တဲ့သူများ၊ လူကြီးတွေ အတွက်ဆိုရင်လည်း အဆင်ပြေပါတယ်။ ခန့်မှန်းခြေ ၃၅ မိနစ်ကြာ ပတ်ပေးပြီး တစ်ဦးကို လးကြီး Euro ၇ ကျပ် ကလေးဆို ၃ ကျပ်ခွဲလောက် ရှိပါတယ် ။လမ်းလျှောက်ပြီး လည်နိုင်ရင်တော့ အကောင်းဆုံး မို့လို့ highly recommend ပါနော်။

ဖြူစင် ကတော့ Colmar ကို ထပ်သွားလည်ကြည့်ချင် တဲ့ အချိန်က ဒီဇင်ဘာလ ခရစ္စမတ် ပွဲတော် တွေ ကျင်းပတဲ့ အချိန်မျိုးပါဥရောပမှာ Christmas Market
တိုင်း လိုလို နာမည်ကြီးတယ်ဆိုတာလည်း သိကြမှာပါ။ အဲထဲမှာ Colmar Christmas Market 🎄လည်း အပါအဝင် ပါ၊ သူတို့ဆီက Colmar မှာ မနေတဲ့ သူတွေတောင် Christmas ပွဲတော်ချိန် ကျရင် တကူးတက အချိန်ပေးပြီး လာလည်ကြပါတယ်။ အေးချမ်းလှတဲ့ ဆောင်းရာသီလို အချိန်မျိုးမှာ Christmas Market လည်ပတ်ရတာ အလွန် ကြည်နူးစရာ အခိုက်အတန့်လေး ဖြစ်လိမ့်မယ်လို့ ဖြူစင် ထင်ပါတယ်။ ဖြူစင်ကတော့ အေးတဲ့ရာသီဥတုကို ကြိုက်တာလည်း ပါတယ်။ မြို့ကြီးတွေထက် စာရင် Christmas theme လေးနဲ့ Colmar မြို့လေးမှာ ဆို ပိုပြီး အမှတ်တရ ဖြစ်မယ်လို့ ထင်ပါတယ်။ သွားလည်ဖြစ်ခဲ့ရင်လည်း အတွေ့အကြုံလေးတွေ ထပ်ပြောပြပေးမယ်နော်

Colmar မြို့အတွက် ဂုဏ်ယူစရာ အချက်လေး တခုလည်း ရှိပါသေးတယ်။ အမေရိကန်၊ နယူးယောက်မြို့မှာရှိတဲ့ လေဘာတီ ရုပ်ထုကို ဒီဇိုင်းရေးဆွဲပေးခဲ့သူ ပြင်သစ် ပန်းပုပညာရှင် Frederic Auguste Bartholdi ဟာ Colmar မြို့မှာ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ် မြို့ဟောင်းရောက်တဲ့ခါ Bartholdi ရဲ့ ပန်းပုလက်ရာ အများအပြားကို ထိန်းသိမ်းထားတဲ့ Bartholdi Museum ကိုလည်း သွားလည်လို့ရပါတယ် Bartholdi ရဲ့ လက်ရာမြောက်လှတဲ့ ရုပ်ထုတွေ ၊ ရေပန်းတွေကို မွေးရပ်မြေ Colmar မြို့မှာလည်း တွေ့နိုင်သလို အခြားသော သူ့ရဲ့လက်ရာများကို အမေရိကန်မှာရှိတဲ့ မြို့ကြီးတော်တော်များများမှာ တွေ့နိုင်ပါသေးတယ်။

ဥရောပမှာ မြို့ကြီးတွေမှ လှတာမဟုတ်ဘဲ မြို့လေးတွေကလည်း သူ့အလှ နဲ့သူ ဝင့်ကြွားစွာ ရပ်တည်နေပါတယ် ဆိုတာလေးကို ဖြူစင့်ရဲ့ အတွေ့အကြုံလေးတွေ နဲ့ ဓါတ်ပုံလေးတွေက တစ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါ တယ်နော်
ချစ်ဖြင်းများစွာဖြင့် မျှဝေရင်း
Dream with Gloria 🦋
By : Dream with Gloria
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
အဆီပြန်ပြီး ဝက်ခြံထွက်လွယ်သူတွေ အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ
-
SOCIAL
မြန်မာ့အရေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ မတ်လအတွင်း ထုတ်ပြန်ချက်များစုစည်းမှု
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ
Error: API requests are being delayed for this account. New posts will not be retrieved.
Log in as an administrator and view the Instagram Feed settings page for more details.