2020.08.05FOOD
ကော်ဖီသောက်ဖို့နဲ့ဓာတ်ပုံရိုက်ဖို့အတွက် ရန်ကုန်မြို့ရဲ့အကောင်းဆုံး ကော်ဖီဆိုင်( ၄) ဆိုင်

ရန်ကုန်မှာအေးအေးနေလို့ရတဲ့ ဆိုင်တွေ အများကြီး ရှိပါတယ်။ အဲဒီ အထဲကမှ အေးအေးဆေးဆေးထိုင်လို့ကောင်းတဲ့ ကော်ဖီဆိုင်လေးတွေကို စုစည်းထားတာဖြစ်ပါတယ်။ ကော်ဖီသောက်ရင်း စာဖတ်ချင်သူတွေနဲ့ ဓာတ်ပုံလှလှလေးတွေရမဲ့ ကော်ဖီဆိုင် (၄) ဆိုင် ဖြစ်ပါတယ်။
LEAF Café & Plants

မြေနီကုန်းမှာ တည်ရှိတဲ့ ဒီဆိုင်လေးကတော့ ကော်ဖီဆိုင်လို့ ခေါ်ဆိုရတာထက်ပိုတဲ့ ခံစားမှုကိုရစေပါတယ်။ အလုပ်ပဲအေးအေးဆေးဆေး လုပ်မလား၊ ကောင်မလေးနဲ့ပဲ First Date မလား၊ သူငယ်ချင်းတွေနဲ့ စကားပြောရင်းဆုံမလား၊ စာဖတ်ရင်း အနားယူမလား ပြီးပြည့်စုံတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ Coffee အဓိကရပြီး ပေါ့ပေါ့ပါးပါးစားစရာလေးတွေနဲ့ စုံပါတယ်။ စုံတယ်ဆိုလို့ အစားသမားတွေ အကြိုက်တွေ့မယ့်နေရာတစ်ခုတော့ မဟုတ်ပါဘူး ။ ကော်ဖီကောင်းကောင်းနဲ့ Healthy အစားအစာတွေ ရတဲ့ နေရာလို့ ဆိုချင်ပါတယ်။

တစ်ဆိုင်လုံး ဓာတ်ပုံရိုက်ချင်စရာကြီး ဖြစ်သလို အပင်လေးတွေလည်း ရောင်းပါတယ် ။ အပင်လေးတွေဆိုရင် ဈေးနှုန်းအနေနဲ့ ၄၅၀၀ကျပ်ကနေ ၆၅၀၀၀ကျပ်လောက်ထိ အစားစားရှိပါတယ်။ အိမ်အပြန်၀ယ်သွားပြီး ကိုယ့်အိမ်မှာ ဖြစ်ဖြစ်၊ ကိုယ့်ရုံးခန်းမှာ ဖြစ်ဖြစ် စိတ်ကြည်စေဖို့ ထားလို့ရပါတယ်။

https://web.facebook.com/search/top/?q=leaf%20cafe%20%26%20plants
“LEAF Cafe & Plants”
No. 16, Shinsawpu Pagoda St, Sanchaung Tsp. Yangon
Ph no – 09-420037731
Mon to Fri 9Am-9Pm
Weekend 8Am-9Pm
Imperial Café & Book

စာအေးအေးဆေးဆေး ဖတ်ချင်တဲ့သူတွေ အတွက် အကြိုက်တွေ့စေမဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ စာအုပ်ဆိုလို့ အသစ်ထွက်ရှိတဲ့ စာအုပ်တွေပါ ထားပေးထားပြီး အားလုံးယူဖတ်လို့ရပါတယ်။ သေချာလေးပြန်ထားပေးဖို့ပဲလိုအပ်တာပါ။ Imperial Coffee ကော်ဖီကလည်း အကြိုက်ဆုံးထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စာအုပ်စင် ဖန်တီးထားမှုလေးတွေ၊ Café ကို ဘားပုံစံလေးထိုင်သောက်လို့ရအောင် ဖန်တီးထားတာကလည်း ရန်ကုန်မှာ သိပ်မရှိတဲ့ ကော်ဖီဆိုင်တွေထဲက တစ်ခုလိုပါပဲ။

စာအုပ်စင်လေးတွေဆို Arts ဆန်ဆန် ဖန်တီးထားမှုတွေဆိုရင် ဆိုင်ရှင်ရဲ့ စာအုပ်တွေအပေါ်တန်ဖိုးထားမှုကို ဖော်ပြနေတာပါပဲ။
https://web.facebook.com/Imperialcafeandbook
Imperial Café & Book
ဦးဝိစာရလမ်းနှင့် ချင်းတွင်းလမ်းထောင့်
Ph no- 09-976886668
Pansodan Scene Art Café (ခေါ်) အညာအထာ

ရန်ကုန်မြို့လယ်ခေါင်က ဆူးလေနဲ့ မဝေးတဲ့ ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ ပန်းဆိုးတန်းလမ်းမှာ တည်ရှိပြီး ကိုလိုနီခေတ်အဆောက်အဦးနဲ့ မြို့ပြကို အပေါ်စီးကနေ ခံစားနိုင်မဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မြန်မာ့အငွေ့အသက်ကို ထိစေမဲ့ နေရာလေးတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ နှပ်ကော်ဖီသောက်ရင်း လက်ဖက်သုပ်လေးနဲ့ ဇိမ်ကျမယ်။ ဂီတပိုးဝါသနာပါရင်လည်း ထ တီးလို့ရတဲ့ တူရိယာ ပစ္စည်းလေးတွေ ထားပေးထားပါတယ်။
အနုပညာလက်ရာကို ခံစားချင်သူတွေ လာသင့်တဲ့ဆိုင်လေးပါ။ ဆိုင်မှာ အနုပညာတွေခံစားရင်း ဂီတပိုး ဝါသနာပါသူတွေဆို စန္ဒယား၊ ပတ္တလား၊ ဂစ်တာတွေလည်း တီးလို့ရပါတယ်။ လာပြီးရင်တောင် ထပ်လာချင်အောင် ဆွဲဆောင်မှုရှိတဲ့ နေရာလေး တစ်ခုပါပဲ။
ဓာတ်ပုံရိုက်ချင်သူတွေကတော့ နေရာအသစ်လေးမှာ ဓာတ်ပုံကောင်းကောင်းရမှာမို့ သဘောတွေ့မှာပါ။ ဓာတ်ပုံကောင်းကောင်းလိုချင်ရင်တော့ နေ့လယ်ခင်းသွားဖို့ အကြံပြုပါရစေ။ ဆိုင်ကတော့ ပိတ်ရက်မရှိဖွင့်ပြီး Work Shop တွေ တခြားလာလုပ်တဲ့ events တွေရှိရင်တော့ တစ်ခါတလေ ဆိုင်ပိတ်တတ်ပါတယ်။ Page ကလည်း အသိပေးပါတယ်။

https://web.facebook.com/PansodanScene
“Pansodan Scene Art Café”
Art, Culture, Events
No. 144 (Second Floor), Pansodan Street (Middle Block), Kyauktada Tsp, Yangon
TM Milk & Bakery

ရန်ကုန်နဲ့ သိပ်မဝေးတဲ့ ထောက်ကြန့်နားက ကော်ဖီဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ အထပ်သုံးထပ်နဲ့ ဖွင့်ထားတာဖြစ်ပြီး ထောက်ကြန့်ဘက် တိတ်ဆိတ်တဲ့ နေရာလေးမှာ ဖွင့်ထားတော့ နှစ်သက်မိပါတယ်။ ထောက်ကြန့်ဆိုတော့ ထောက်ကြန့်စစ်သင်္ချိုင်းလည်း ဝင်ရောက်လေ့လာလို့ရသလို TM ဆိုင်လေးကလည်း ကျေနပ်စေမှာပါ။ ၇၀၀ ကျပ်ကနေ ၂၀၀၀ ဝန်းကျင်ပဲဆိုတော့ တော်တော်တန်နေပါပြီ။

သူ့ရဲ့ Trademark ကတော့ နို့နှင့် ပတ်သက်တာလို့ ဆိုနိုင်ပြီး ကော်ဖီနှင့် နွားနို့စစ်စစ်သောက်ရမှာပါ။ Main drink & desserts/ Milk Shakes/ Milk Tea/ Coffee & Tea/ Smoothies/ Juice & Soda တွေ အစုံပါပဲ။

ဆိုင်က ကျယ်ကျယ်ဝန်းဝန်းနဲ့ ဓာတ်ပုံရိုက်ဖို့အတွက် နေရာအများကြီးလည်းရှိတော့ ထောက်ကြန့်ဘက်ရောက်ရင် ရွေးချယ်သင့်တဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။
https://web.facebook.com/TM-Milk-Bakery-Htauk-Kyant-257648184911083
“TM Milk & Bakery”
No. 3/412, Myanandar Road, Htauk Kyant, Mingalardon Tsp, Yangon
Ph no : 09 966366481
Opening hours -8:00Am to 9:30Pm
By : Nay
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
အဆီပြန်ပြီး ဝက်ခြံထွက်လွယ်သူတွေ အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ
-
SOCIAL
မြန်မာ့အရေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ မတ်လအတွင်း ထုတ်ပြန်ချက်များစုစည်းမှု
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ဆင်များ အစာရှားပါးလာမှုကြောင့် မန်းရွှေစက်တော် မန်းချောင်း ဆင်စခန်းမှာ ကိုဗစ်စည်းကမ်းများနဲ့ အညီ ဆင်စာကျွေးရင်း လာရောက်လည်ပတ်နိုင်
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ
Error: API requests are being delayed for this account. New posts will not be retrieved.
Log in as an administrator and view the Instagram Feed settings page for more details.