2019.08.22TRAVEL
ပန်းမြို့တော်မှာ အပူရှောင်ရင်း ဓာတ်ပုံလှလှလေးလေးတွေ ရိုက်ကြမယ် 💐🌸🌼

အားလုံးပဲမင်္ဂလာပါရှင့် ………
ရန်ကုန်မှာ အရမ်းပူနေကြပီမလား 🤧 အဲ့ဒါကြောင့် မေမြို့မှာ အေးမလားဆိုပြီး ရောက်သွားခဲပါတယ်။
🙄 မထူးပါဘူး ရန်ကုန်နဲ့ နေလည်ဆို နဲနဲပူပေမယ့် မနက်ပိုင်းတွေ ညပိုင်းတွေတော့ နေလို့ကောင်းလို့တော်သေးတာပေါ့ 😁
မိန်းကလေးအများစုကတော့ ဓာတ်ပုံရိုက်ဝါသနာပါကြမယ်လို့ထင်ပါတယ်။ မေမြို့လို့ဆိုလိုက်တာနဲ့ ဓာတ်ပုံရိုက်စရာနေရာတွေ အများကြီးကို မျက်လုံးထဲမြင်ကြမှာပါ။ အဲ့ထဲကမှ သဒ္ဓါသွားခဲ့တဲ့ ဓာတ်ပုံရိုက်စရာနေရာအချို့ကိုဖော်ပြပေးလိုက်ပါတယ်နော် 💕
RS goal, Friendship goal ရိုက်ဖို့လဲ မေမြို့ကအသင့်တော်ဆုံးပဲနော် 💐
ကိုကိုတွေ မောင်တွေရှိတဲ့လူတွေကတော့ Personal Photographer အတွက် Mention တွေခေါ်ပြီး ပူဆာလို့ရတာပေါ့နော် 😫😫😫
FA တွေကတော့ မရှိရှိတဲ့ သူငယ်ချင်းကို လက်ဆွဲခေါ်ပြီး ပြင်ဦးလွင်ကို ဒိုးလိုက်ရအောင် 😝
လည်ပတ်စရာနှင့် ဓာတ်ပုံရိုက်စရာနေရာလေးများ🌸
•••••••••••••••••••••••••••••••••••••••••••••
💐 အမျိုးသားကန်တော်ကြီးဥယျာဉ်ထဲ ရောက်ပီဆို ထင်းရှူးတောရယ်၊ ရွှံညွန်တော်ထဲက လျှောက်လမ်းလေးရယ်က မသွားမဖြစ်ပေါ့နော်။ ခုထက်တိုးလာတာကတော့ Bamboo Cafe ထဲဝင်ပြီး ကော်ဖီလေး တခွက်မှာသောက်ပြီး ဆိုင်ထဲ ဓာတ်ပုံပတ်ရိုက်တာပေါ့ 😜
💐 နောက်တစ်ခုကYGW Garden ဓာတ်ပုံရိုက်စရာ spots တွေအများကြီးရှိပါတယ်။ နေတော့ နဲနဲပူတယ်။
ဒါပေမယ့်လဲ ပုံလေးတွေ လှဖို့ဆို နေပူလဲအေးဆေးပါနော့် 😜 မေမြို့ရောက်ရင် YGW လေးလဲ ဝင်ပြီး ဓာတ်ပုံတွေရိုက်ခဲ့ကြပါလို့
💐 Htoo Orange Farm ကနဲနဲတော့ဝေးတယ်။
ညနေsunset အချိန်မျိုးကိုအရောက်သွားပြီး ဝင်ကြေးပေးပြီး ခြံထဲ လိမ္မော်သီးတွေ ပတ်ခူး ဓာတ်ပုံတွေရိုက် အေးဆေးပဲ။ မောလာရင် organic လိမ္မော်ဖျော်ရည်စစ်စစ်လေးလဲ တိုက်သေးတယ်နော် 😘
💐 မသွားမဖြစ် နေရာလှလှလေးတစ်ခုကတော့ December Garden။ ပန်းပွင့်တဲ့အချိန်သွားပြီး ပန်းခင်းတွေနဲ့ ဓာတ်ဖမ်း၊ ရေတံခွန်လေးတွေနဲ့ ဓာတ်ပုံရိုက် မောလာရင် restaurant ထဲမှာ နွားနို့လေးသောက်။ သာသာယာယာပဲပေါ့ 🌸
💐 သဒ္ဓါအကြိုက်ဆုံး မြို့ရှောင်လမ်း 😍
ယောက်ကျားရရင် ဒီမှာ Pre Wedding ရိုက်ဖို့စိတ်ကူးထားတယ်😜😜 ခုတော့ Follow me post ကို သူများလက်ဆွဲပြီးရိုက်ခဲ့တယ်။ ဂါဝန်လေးတွေနဲ့ဆို အလွင့်💕
💐 The View (ဓာတ်တော်ချိုင့်) ရေတံခွန်အောက်ဆင်းစရာမလိုပဲ အပေါ်က View Point မှာပဲ ဝင်ကြေးပေးပြီး ဓာတ်ပုံတွေရိုက်လို့ရပါတယ်။ 😍 ရိုက်စရာနေရာတွေအများကြီးနော် အပေါ်က စားသောက်ဆိုင်ထဲဝင်ရိုက်လဲရတယ် 🙄
💐 မေမြို့လို့ဆိုလိုက်တာနဲ့ BE fall ကို တွဲမြင်မိကြမှာပါ။ ပွဲကောက်မှာလဲ ခုဆို ထပ်ပြုပြင်ထားတာတွေရှိလို့ ဓာတ်ပုံလှလှလေးတွေဝင်ရိုက်လို့ရပါတယ်။
💐 The Governors House ရှေးခေတ်စံအိမ်ကြီး
အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဝင်ကြေးကတော့ တစ်ယောက် ၄၀ဝ၀ ပေးရတယ်။ ကော်ဖီတစ်ခွက်တိုက်တယ်။ အပြင်မှာ လျှောက်ကြည့်မယ်ဆို ဝင်ကြေး ၁၀ဝ၀ 😫 အဲ့တော့ အထဲပဲဝင်ကြည့်ပြီး အိမ်၂လုံးမှာ ပတ်ပြီး ဓာတ်ပုံတွေရိုက်ပလိုက်တယ်။ သရဲခြောက်တယ်လို့ နာမည်လဲကြီးတဲ့ အိမ်ပေါ့။အဲ့အိမ်အထဲကပုံတွေက သက်သက် စာထပ်ရေးပေးမယ်နော်။
💐 မင်း၃ပါးရုပ်တုကလဲ မြို့ရဲ့ကျက်သရေဆောင်တစ်ခုမလို့ လမ်းမှာ ဓာတ်ပုံဆင်းရိုက်လို့ရပါတယ်။
💐 တော်ဝင်နှင်းဆီခြံ။ သွားရတာနဲနဲလေးဝေးလို့ပါ
ရောက်ရင်သွားခဲ့နော် နှင်းဆီအမျိုးစားပေါင်းများစွာစိုက်ထားတဲ့ အရမ်းလှတဲ့ ပန်းခြံကြီး။
တစ်နေကုန်လည်လို့ဝရင် အဝစား ၆၀ဝ၀၊ ၆၅၀ဝ တန်ဟော့ပေါ့နဲ့ အသားကင်တွေရှိပါတယ်🌚 ရန်ကုန်မှာထက်အများကြီးတန်တာမလို့ သူငယ်ချင်းတွေကို ခေါ်သွားပြီး အဝကြိတ်ပါ။ စတော်ဘယ်ရီသီးတွေလဲ အရမ်းတန်တာမို့ ဝယ်ပြီး တစ်ထိုင်တည်းစားပါ 😜😜😜
ပြင်ဦးလွင်ရောက်ရင် မစားမဖြစ် ဆွေမျိုးမေ့သွားစေမယ့် နို့မလိုင်ဝယ်စားပါ။
တည်းဖို့ခိုဖို့ နှင့် လမ်းပန်းဆက်သွယ်ရေး
••••••••••••••••••••••••••••••••••
မေမြို့ကတော့ ခုဆို သွားရလာရတာ အရမ်းလွယ်ပါတယ်။ ရန်ကုန် – ပြင်ဦးလွင်တိုက်ရိုက်ကားတွေအများကြီးပါ။ တည်းတာကတော့ သဒ္ဓါတို့ သွားတိုင်းတည်းနေကြ Hotel Win မှာပဲ တည်းပါတယ်။ တစ်ခန်း ၃၅၀ဝ၀ ပါ။ Breakfast Buffet ပါပါတယ်။ 😘
ကဲ ဒီလောက်ဆို RS တွေရော၊ FA တွေရော mentionခေါ်ပြီး ဓာတ်ပုံလှလှလေးတွေ သွားရိုက်လို့ရပြီနော် 😘
ဂါဝန်လှလှလေးတွေယူသွားပါ။ ဖြစ်နိုင်ရင် အနီ၊ အဖြူ၊ အဝါလေးတွေဝတ်ပြီးရိုက်ပါ အရမ်းတွေလှနေမှာ💕
အဆုံးထိဖတ်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် 😘
TDTravelNotes
TDInPOL
InstagramSpots
Travelholic

The View အဝင်ဝ

The view မှာပဲ

The View

ကန်တော်ကြီး

ကန်တော်ကြီးထဲက ပန်းဆိုင်လေးမှာ

ကန်တော်ကြီးထဲက ထင်းရှူးတောလေး

Bamboo မှာ မေမြို့ကော်ဖီသောက်ရင်း chill မယ်

Bamboo ဆိုင်ထဲမှာ ဓာတ်ပုံပတ်ရိုက်ကြမယ်


ကန်တော်ကြီးထဲက ငှက်ခြံထဲ

ထင်းရှူးတောအဝင်

ထင်းရှူးတောထဲက နေရာင်ဖြာကျနေတဲ့နေရာမှာ ဒီလိုလေးတွေရိုက်ကြမယ်

Bamboo မှာ အေးဆေးနားမယ်

Bamboo ဆိုငိက decoration တွေလှမှလှ

မြို့ရှောင်လမ်း

အရမ်းကြိုက်တဲ့နေရာလေး

🌚🌚ဟောင်ကောင်ဂျက်မ

ကားလာတာကိုတော့ သတိထားနော် 😁

ကဲ မရှိရှိတဲ့လူကို လက်ဆွဲပီး ခေါ်ရိုက်မယ်
FA လဲ ရိုတတ်ပါတယ်

Friendship goal

BE Fall

December Garden

December Waterfall

December Garden

YGW မှာ အဲ့လိုလေးတွေရှိတယ်နော်

အလန်းဇားရိုက်ကြမယ်

😝😝ဂျက်မ

Governors House ကြီး

ဒါတွေစားခဲ့ကြနော်

အဝစား ၆၅၀ဝ🌚🌚ဆွဲစမ်း

Htoo Orange Farm

Orange Farm ရဲ့Sunset
Credit : https://www.facebook.com/TravelholicThader/
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ