bnr_tob_1

2019.10.31FOOD

ရန်ကုန်မြို့ကစက်ရုပ်ဓါးလှီးခေါက်ဆွဲဆိုင် Chuan Xiao Er

တရုတ်ပြည် စီချွမ်းဒေသအရသာစစ်စစ်တွေကို ရောင်းချပေးနေတဲ့ စမ်းချောင်းမြို့က တရုတ်ခေါက်ဆွဲဆိုင်အကြောင်းကိုပြောပြပေးချင်ပါတယ်။

စက်ရုပ်ဓါးလှီးခေါက်ဆွဲဆိုင် ရယ်လို့ ကိုနာမည်ကျော်နေတဲ့ ဒီဆိုင်လေးက ခေါက်ဆွဲက ဘာများထူးခြားလို့ပါလိမ့် ဆိုရင်တော့

စားခါနီးမှ လတ်လတ်ဆတ်ဆတ် ပြုလုပ်ပေးတဲ့ခေါက်ဆွဲသားတွေဟာ ပုံမှန်ခေါက်ဆွဲတွေနဲ့မတူပဲ ထူထူအိအိကြီးတွေဖြစ်တာကြောင့် စားရတာ အရသာရှိပြီး ပိုအားရပါတယ်။
ဓါးလှီးခေါက်ဆွဲအဖြစ်ရွေးစရာ ခေါက်ဆွဲ ၇ မျိုးရှိပါတယ်။

  • မိုးပျံခေါက်ဆွဲ
  • ဝက်သားကြံမဆိုင်
  • ပဲနှပ်ခေါက်ဆွဲ (ကြက်သား / ဝက်သား)
  • ဝက်သားခရမ်းချဉ်သီး
  • မှိုကြက်ပေါင်း

အစပ်ကြိုက်သူများအတွက်ကတော့

  • စီချွမ်အရသာ (ကြက်သား / ဝက်သား)
  • ဝက်အူနှပ်
  • အမဲသားငရုတ်ချဉ်

စသည်ဖြင့် အမယ် စုံကို ရရှိနိုင်ပါတယ်။ မိုးပျံခေါက်ဆွဲနဲ့ မီးတောက်ကျောက်ခဲ အမဲသားကင်ကတော့ ဒီဆိုင်မှာ မစားမဖြစ်ရယ်လို့တောင်ဖြစ်နေပါပြီ။ ဓါးလှီးခေါက်ဆွဲတွေရဲ့ ဈေးနှုန်းတွေကလည်း ၃၅၀ဝ မှ ၄၅၀ဝ ဝန်ကျင်တွေပဲရှိတာမို့ ဈေးနှုန်းလေးလည်းသင့်လျော်ပါတယ်။

ဓါးလှီးခေါက်ဆွဲတွေအပြင်
ဂျုံခေါက်ဆွဲ
မြီးရှည်
ရှမ်းခေါက်ဆွဲ စတဲ့ ခေါက်ဆွဲတွေလည်းရနိုင်ပါတယ်နော်။
Chuan Xiao Er မှာ ခေါက်ဆွဲတွေအပြင် စားကြည့်သင့်တာကတော့ စီချွမ်းအရသာစစ်စစ် အကင်မျိုးစုံပဲဖြစ်ပါတယ်နော်။ ဈေးနှုန်းတွေကလည်း၄၀ဝ ကျပ်လောက်ကကို စရှိပါတယ်။ သူ့ရဲ့ ဆော့စ်ကတော့ အသက်ပေါ့နော်။ ရှုရှဲရှုရှဲ စပ်စပ်လေးနဲ့ အကင်တွေရဲ့ လတ်ဆတ်မှုကတော့ 90မှတ် ပေးပါတယ်။

တရုတ်အစားစာတွေဖြစ်တဲ့
ဖက်ထုပ်
ပေါက်စီ ဆန်ပြုတ် မနက်စာအမျိုးမျိုး
စီချွမ်ထမင်း\ဟင်းအမျိုးမျိုး
အချိုပွဲ/သရေစာ
စသည့်လူကြိုက်များတဲ့ အစားအသောက်တွေ ကို Chuan Xiao Er (ချွမ်ရှောင်အယ့်) ဆိုင်တစ်နေရာထဲမှာပဲ သတ်သတ်လွတ်/ ကြက်/ဝက်/ငါး/အမဲသား များဖြင့် အမယ်စုံလင်စွာရရှိနိုင်တာမို့ ခေါက်ဆွဲကြိုက်သူ တရုတ်အစားအစာကြိုက်သူတွေအတွက်ကတော့ တကယ့်နေရာကောင်းပဲဖြစ်ပါတယ်နော်။

သွားစားမယ်ဆိုရင်တော့ ဆိုင်လိပ်စာလေးက
အမှတ် (၈၆-B), မြေညီထပ်, ရှင်စောပုလမ်း, စမ်းချောင်းမြို့နယ်, မြေနီကုန်း City Mart ဘေး ဖုန်း- 09443739029 ပဲဖြစ်ပါတယ်။

အရသာကောင်းပြီး လတ်ဆတ်သန့်ရှင်းတဲ့ ဆိုင်လေးမို့ ရန်ကုန်မြို့ရဲ့ စားသောက်ဆိုင်ကောင်းလေး တစ်ခုအဖြစ် စက်ရုပ်ဓါးလှီးခေါက်ဆွဲဆိုင် Chuan Xiao Er ကို ညွန်းပါရစေနော်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img