bnr_tob_1

2019.08.29FOOD

🏮ChinaTown 125 Cafe’🏮

ဒီတစ်ခေါက်ပြောပြပေးချင်တဲ့နေရာလေးကတော့ 19လမ်းအပေါ်ဘလောက်မှာရှိတဲ့ 125cafe’ လေးပါ

တရုတ်အငွေ့အသက်တွေနဲ့မို့ တရုတ်ပြည်ကိုရောက်သွားသလို ခံစားရစေမှာပါ အပေါ်ထပ်ကတော့အထဲကတက်လို့မရဘဲ အပြင်ကတက်ရတာပါ…😍

🏮အပြင်အဆင်
ဆိုင်ကနှစ်ထပ်ရှိပြီး အပေါ်အောက်နှစ်ထပ်ရှိလို့ ကျဉ်းပေမဲ့ သူ့စတိုင်နဲ့သူမို့ နေရာအတွက်စိတ်ပူစရာမလိုပါဘူး တရုတ် Themed နဲ့ Decoration နဲ့မို့ မသိရင် တရုတ်ပြည်ကို ရောက်နေသလိုပါပဲ ခွက်လေးတွေကိုလည်း Traditional ခွက်လေးတွေ သုံးထားတာ တွေ့ရတယ်

အစားအသောက် 🍝🍢🍥🍡
🏮ဆိုင်လေးက
အစားအသောက်တွေတော်တော်များများလည်းရတယ်ဗျ ရှန်ဟိုင်းပေါက်စီ စားဖြစ်ခဲ့တယ် စာ‌နေကြပေါက်စီတွေနဲ့မတူပါဘူး sauce‌ လေးနဲ့မို့ တော်တော်စားကောင်းတယ်
ခေါက်ဆွဲကြော်ပင်လယ်စာ စားခဲ့တယ် စားမှကြော်ပေးတာပါ ကောင်းပါတယ် နည်းနည်းတော့ငံတယ် onion နဲ့မှ ကွက်တိ 🍡🍡ကြက်သားလုံးကလည်း ချဉ်ရည်က အသက်ပဲ တခြားအ‌စားအသောက်တော်တော်များများရသေးတယ် အားလုံးက ဈေးနဲ့ယှဉ်ရင် မဆိုးဘူးဗျ ….၃မျိုးမှ 9000လောက်ပဲ ကျခဲ့တယ်

ရှန်ဟိုင်းပေါက်စီ

🏮ကော်ဖီမျိုးစုံလည်းရတယ် အအေး Cocktail နဲ့ Smoothies နဲ့ house wine တော်တော်စုံစုံရပါတယ် Shanghai Mule နဲ့ Rice Wine 9% သောက်ကြည့်ခဲ့တယ် Shanghai Mule က နည်းနည်းပျင်းပါတယ် တရုတ်ဆန်ဝိုင်လေးကတော့ ပျော့လို့ မိန်းကလေးတွေရော သောက်လို့ရတာပဲဗျ

Shanghai Mule🍶🍶

Fried Noodles Seafood🍝🍤🍛

Rice Wine လေးကလည်း တရုတ်ရိုးရာဗူးလေးနဲ့ ဆွဲဆောင်မှုတစ်မျိုး

ဆိုင်အောက်ထဲမှာ

အပေါ်ကနေလှမ်းမြင်ရတဲ့ view လေး

ဆိုင်အတွင်းထဲမှာ

အောက်ထဲမှာလည်း ဒီလိုနေရာလေးတွေရှိတယ်

ဆိုင်အောက်ထပ်ထဲမှာ

🏮🏮🏮

🏮3000၀န်းကျင်‌‌နဲ့ တရုတ်တန်းမှာ ဒီလိုအနားယူရတာ တော်တော်အဆင်ပြေတာပဲ ပုံမိုက်မိုက်လေးတွေလည်း ရိုက်လို့ရတယ် ..ဓာတ်ဖမ်းရတာ ဝါသနာပါသူတွေ မဖြစ်မနေသွားသင့်တဲ့နေရာလေး…serviceကောင်းတယ် service tax ရော Gov taxရော မပေးရတာပဲ…. china night modeလေးနဲ့ Chill ချင်သူများအတွက်….

📍ဆိုင်လိပ်စာလေးကတော့….

https://www.facebook.com/Chinatown125Cafe/🏮

Address : No 125, 19th Street, upper block, Latha Township, Yangon.

📲09266995158

🕐1Pm 12Pm

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img