2020.12.11SOCIAL
အဂတိကို လက်ယပ်ခေါ်နေသည့် ရေခံ၊ မြေခံ မှန်သမျှ ဖယ်ထုတ်မည်ဟု သမ္မတသတိပေး

သမ္မတဦးဝင်းမြင့်ကို တွေ့ရစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)
ခက်ခဲရှုပ်ထွေးသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်းတို့ကို အများပြည်သူ လွယ်ကူရှင်းလင်းစွာနားလည်သည့် ဖော်ပြချက်များအဖြစ် ပြုပြင်မည်ဟုဆို
By စိုင်းကိုကိုထွန်း
အဂတိကို လက်ယပ်ခေါ်နေသည့် ရေခံ၊မြေခံမှန်သမျှ ဖယ်ထုတ်နိုင်ရန် ကြိုးပမ်းမည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
လိုလျှင်လိုသလို ဆွဲယူအသုံးချနိုင်ပြီး နားလည်ရခက်ခဲသော ရှုပ်ထွေးသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်းတို့ကို အများပြည်သူ လွယ်ကူရှင်းလင်းစွာ နားလည်သည့် ဖော်ပြချက်များအဖြစ် ပြုပြင်မည်ဟုလည်းသမ္မတက ဆိုသည်။
ဒီဇင်ဘာ ၉ ရက်က ကျ ရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်း၌ သမ္မတဦးဝင်းမြင့်က အ ထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့သည်။
‘‘ရှိနေဆဲဖြစ်တဲ့ အဂတိ လိုက်စားမှုတွေ လျော့ပါးသွား အောင် အဂတိလိုက်စားမှုဖြစ်စဉ် တွေကို စုံစမ်းစစ်ဆေး တိုက်ဖျက် ရမှာဖြစ်သလို နောင်အနာဂတ် မှာပပျောက်သွားအောင်ပါ လို အပ်တဲ့ ပြင်ဆင်၊ စီမံ၊ ဆောင်ရွက် မှုတွေကိုလည်း ကြိုးပမ်းဆောင် ရွက်ကြရမှာဖြစ်ပါတယ်’’ ဟု ၎င်း က ဆိုသည်။
အဆိုပါ လုပ်ငန်းစဉ်များကို အမျိုးသားအဆင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးမဟာဗျူဟာ ၌ ထည့်သွင်းသွားမည်ဟု ဦးဝင်း မြင့်က ကတိပြုပြောသည်။
အဂတိလိုက်စားမှုကို နိုင်ငံ ရေးဆန္ဒပြင်းပြစွာ တိုက်ဖျက်ခြင်း ဖြင့် အဂတိလိုက်စားမှုကို ဆန့် ကျင်သော ယဉ်ကျေးမှုအလေ့အ ထများကို ပြည်သူများ လက်ခံ ကျင့်သုံးလာသည်နှင့်အမျှ အုပ် ချုပ်ရေးနှင့် ပြည်သူ့ဘဏ္ဍာငွေ များ စနစ်တကျစီမံခန့်ခွဲနိုင်မည်ဟု သမ္မတက ဆိုသည်။
ထို့အတူ မျှတခြင်း၊ တာဝန် ယူခြင်း၊ ဥပဒေရှေ့မှောက် တန်း တူရည်တူရှိခြင်းနှင့် ဖြောင့်မတ် တည်ကြည်ခြင်းတို့ကို စောင့်ထိန်း လာနိုင်သည့် အကျိုးကျေးဇူးများ ရရှိလာမည်ဟု ၎င်းက ဆက် လက်ပြောသည်။
ထိုသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၌ အားလုံးပါဝင်ပြီး စနစ်တကျရေရှည် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အမျိုးသားအ ဆင့်အဂတိလိုက်စားမှုတိုက်ဖျက် ရေး မဟာဗျူဟာရေးဆွဲချမှတ် နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သမ္မတက အသိပေး သည်။
ယင်း မဟာဗျူဟာရေးဆွဲ ရေးအတွက် အဂတိကော်မရှင်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊တရား စီရင်ရေးမဏ္ဍိုင်တို့ရှိ တာဝန်ရှိ သူများ၊ ပြည်တွင်း၊ ပြည်ပစီးပွား ရေးလုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဦးဆောင်ကော်မတီ၊ အထောက်အကူပြုလုပ်ငန်းကော် မတီများ ဖွဲ့စည်းထားပြီးဖြစ် ကြောင်း ဦးဝင်းမြင့်က ဆိုသည်။
လက်ရှိ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးနှင့် တည်ငြိမ်ရေးကိုထိခိုက်စေ နိုင်သော အဂတိလိုက်စားမှုများ လျော့နည်းပပျောက်စေရန် စုံစမ်း စစ်ဆေး၊ အရေးယူဆောင်ရွက် မှုများကို ဘက်လိုက်မှုမရှိဘဲ ဥပ ဒေနှင့်အညီ လုပ်ဆောင်လျက်ရှိ ကြောင်း သမ္မတက ပြောသည်။
ထို့အပြင် အသိပညာပေး ခြင်း၊ ကာကွယ်တားဆီးခြင်း အစီ အစဉ်အနေဖြင့် ဝန်ကြီးဌာနအဖွဲ့ အစည်းများတွင် အဂတိလိုက် စားမှုတားဆီးကာကွယ်ရေး အဖွဲ့ များကိုလည်း ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း သမ္မတက အစီ ရင်ခံသည်။
ဆက်လက်၍ COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတွင်း ကြုံတွေ့နေရသည့် စီးပွားရေး၊ လူမှုရေးအခက်အခဲများ ရင်ဆိုင် ရာတွင် ဖြောင့်မတ်တည်ကြည်မှု၊ အဂတိကင်းစင်မှုဖြင့် ဖြေရှင်း ဆောင်ရွက်ရန် သမ္မတက တိုက် တွန်းသည်။
ထို့အတူ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်အသီးသီးရှိ တာဝန်ရှိသူ များအပါအဝင် ပြည်သူတစ်ရပ် လုံးကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို တက်ညီလက်ညီ ဆက်လက်တိုး မြှင့်ပူးပေါင်းဆောင်ရွက်ရန် ဦး ဝင်းမြင့်က မိန့်ခွန်းပြောရာ၌ ထပ် ဆင့်တိုက်တွန်းခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲပြီး အာဏာရလာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် အဂတိလိုက်စားမှုကို ထိရောက် စွာတိုက်ဖျက်ရန် တင်ဒါဆိုင်ရာ ညွှန်ကြားချက် (၁/၂၀၁၇)ကို ထုတ်ပြန်ခြင်း၊ ၂၀၁၈ ဇွန်လ ၂၁ ရက်တွင် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် အထိပြင်ဆင် ပြဋ္ဌာန်းမှုများလုပ် ဆောင်ခဲ့သည်။
ထို့အပြင် ဘဏ္ဍာရေးစည်း မျဉ်း(၃၅/၂၀၁၇)နှင့် ၂၀၁၈ နှစ် ဆန်းပိုင်းတွင် ပြည်သူ့ဘဏ္ဍာငွေ ဖြင့် လုပ်ဆောင်သည့် လုပ်ငန်း များအတွက် စာရင်းဇယားစစ် ဆေးမှုပြုရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တိုင်းနှင့် ပြည် နယ်စာရင်းစစ်ချုပ်များ ပိုမိုလုပ် ပိုင်ခွင့်ရှိလာသော ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကိုပါ ပြင် ဆင်ပြဋ္ဌာန်းခဲ့သည်။
ထိုသို့ ဥပဒေများ၊ စည်း မျဉ်းအသစ်များ ပြင်ဆင်ပြဋ္ဌာန်း နိုင်သဖြင့် အဂတိလိုက်စားမှုတိုင်ကြားချက်များကို အဂတိကော်မ ရှင်က ပိုမိုထိရောက်စွာ စစ်ဆေး အရေးယူလာနိုင်ခဲ့ကြောင်း စောင့် ကြည့်သူများက ဆိုသည်။
Credit : https://7day.news/
-
ENTERTAINMENT
Penthouse:War in life Season2 စတင်ထုတ်လွှင့်ပြသမည့်ရက်ကို SBS မှ အတည်ပြုကြေညာ
-
FOOD
ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်
-
LIFE&TREND
Penshoppe’s promotion
-
SOCIAL
COVID ဒုတိယလှိုင်းတွင် နိုင်ငံခြားကုန်သွယ်မှု ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကျဆင်း
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
ပင်လယ်ပြင်မှ နိဗ္ဗာန်ဘုံလေး ဆိတ်ကျွန်း
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ