bnr_tob_1

2019.10.30LIFE&TREND

Collagen ကိုဘာကြောင့်သောက်သုံးသင့်သလဲ

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာဆိုရင် လှပမှုရေးရာအတွက် နည်းလမ်းကောင်းများ ခေတ်မှီဓါတ်စာဆေးဝါးကောင်းများလည်း များစွာရှိနေပြီဖြစ်ပါတယ် ။
အသားအရည်ကို ထိန်းသိမ်းစောင့်ရှောက်သူတွေများအကြား ရေပန်းစားလာတာကတော့ Collagen သောက်သုံးခြင်း ပဲဖြစ်ပါတယ်။ ဘယ်လိုအချိန်မှာ စတင်သောက်သုံးသင့်တယ် ဘယ်လိုလူမျိုးတွေအတွက် သင့်လျော်မယ်ဆိုတဲ့ မေးခွန်းများစွာလည်းရှိနေပါတယ်။

ဒါကြောင့်မို့ Chame collagen ကို မြန်မာနိုင်ငံကိုတင်သွင်းဖြန့်ဖြူးနေတဲ့ မအိသင်ဇာထွန်းကို မေးမြန်းဖြစ်ခဲ့ပြီး Collagen သောက်သင့်တဲ့အကြောင်းအရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Collagen က protein တမျိုးပါပဲ ။ငယ်ရွယ် စဉ်မှာ အပေါများဆုံးဆိုပေမယ့် အသက်ကြီးလာတာနဲ့အမျှ လျော့ကျလာတတ်ပါတယ်။ Collagen ကိုသောက်သုံးပေးမယ်ဆိုရင်

၁. အသားရည် ကို ငယ်ရွယ်နုပျိုစေတယ်။
collagen ရဲ့ main function လိုတောင်ပြောရမယ် ။ အသားအရေကို နုပျိုပြီး ကြည်လင်လာစေတယ်။ ပုံမှန်သုံးစွဲလာတာနဲ့ အမျှ အရေးအကြောင်းတွေပါလျော့ကျစေပါတယ်။

လေ့လာချက်တခုအရ collagen ၈ ပတ်တိတိသောက်သုံးထားသူ ဟာ skin elasticity မြင့်တက်လာပြီး အသားအရေ ခြောက်သွေ့ခြင်း သိသိသာသာ သက်သာလာတာကိုတွေ့ရပါတယ်။

ဒုတိယ လေ့လာချက်အရ ၁၂ ပတ်တိတိ သောက်သုံး သူကတော့ အသားရည်ဟာ အရင်က ထက် ရေဓာတ်ပြည့်ဝပြီး အရေးအကြောင်း သိသာစွာ သက်သာလာတာကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။

၂. အရိုး အဆစ်များကို သန်မာ လာစေပါတယ်။

အသက်ကြီးလာတာနဲ့အမျှ ကော်လာဂျင် ထုတ်လုပ်မှု လျော့ကျစေသလို အရိုး အဆစ်များ လေးများ ပြန်သန်မာလာစေဖို့ အားဖြည့်ပေးတာကို တွေ့ရပါတယ်။

၃. အရိုး ကျွတ်ဆတ်ခြင်းကို ကာကွယ် ပေးပါတယ်။

၄.ခန္ဓာကိုယ်ရဲ့ ကြွက်သားထုကို တိုးတက်စေပါတယ်။

၅. နှလုံး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၆.အခြားသောအကျိူးကျေးဇူးများအနေနဲ့

ဆံပင် လက်သည်း ခြေသည်းများကို သန်မာလာစေပြီး ၊ခန္ဓာကိုယ်ကိုလည်း ထိန်းသိမ်းပေးနိုင်တာကို အံ့သြဖွယ် တွေ့ရှိရပါတယ်။

ဒီလိုကောင်းကျိုးတွေရှိပေမယ့် collagen မသောက်သုံး သင့်သေးသူတွေလည်းရှိပါတယ်။
၁. အလွန် ငယ်ရွယ် သူများ
၂. allergic ဖြစ်လွယ်သူများ
၃.တခြားသော ဆေးဝါးများကို သောက်သုံးနေရသူများ ပဲဖြစ်ပါတယ်။

Collagen ကို သောက်ရင် ဘယ်လို အချက်တွေလိုက်နာ သင့်လဲ ဆိုရင်တော့ ရေများများသောက်ပေးခြင်း ဖြစ်ပါတယ်။
Collagen ကအထက်မှာ ပြောခဲ့သလိုပဲ protein ဓာတ်ကို ထုတ်လုပ်ပေးတဲ့ ပစ္စည်းမို့ ကျောက်ကပ်ကို အလွန် အလုပ်များစေပါတယ်။ ဒါကြောင့် တန်ဆေး လွန်ဘေး ဆိုသလို
ထိုက်သင့်တဲ့ ပမာဏကိုပဲ သုံးစွဲပြီး ရေများများသောက်ပေးမယ်ဆို collagen ရဲ့ အကျိုးပြုမှု အားကို သိသိသာသာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

Chame Collagen ကိုမှာ ဘာကြောင့် တင်သွင်းဖြစ်ခဲ့လည်း မေးမြန်းခဲ့ရာမှာတော့

ကော်လာဂျင်တွေ အများကြီးထဲမှာမှ Chame ကိုမှ ရွေးဖြစ်ခဲ့တာက FDA approved ဖြစ်တာရယ် reviews ကောင်းတွေတပုံကြီးကြောင့်ရယ်ကြောင့်ပါ။ collagen ကို အသက် ၂၅ နှစ်နောက်ပိုင်းကနေ စတင် သောက်သုံးသင့်ပြီး အသက် ၃၀ ဝနိးကျင်မှာဆိုရင်တော့ တနေ့ကို collagen 10000mg နှုန်း တရက် တခါသောက်သုံး သင့်ပြီ ဖြစ်ပါတယ်။
အသိသာဆုံး အချက်က တော့ မအိကိုယ်တိုင်သောက်သုံးခဲ့ပြီး အသား တကယ်သိသိသာသာ ပိုကြည်လာပြီး smile lines တွေလည်း လျော့ကျ လာတာကို တွေ့ရပါတယ်။

Collagen ရဲ့အကျိုးကျေးဇူးများစွာထဲက အသိသာ ဆုံး အကျိူးကျေးဇူးတွေကတော့ အသားအရေကို တင်းရင်းကြည်လင်စေပြီး ၊ လက်သည်းခြေသည်းများကို သန်မာလာစေပါတယ်၊ နောက်တခုက ဆံပင်ကျွတ်လွယ်သူများ အရိုး အားနည်းသူများပါ သောက်သုံး သင့်ပါတယ်။

Chame collagen က ငါးမှ ထုတ်လုပ်ထားလို့ Halal မဖြစ်မှာလည်း စိတ်မပူရပါဖူး။ ပြီးတော့ အသီးအနှံတွေ အများကြီးနဲ့ ထုတ်လုပ်ပေးထားလို့ အသီးအနှံ တွေကို သီးသန့် အချိန်ပေး မစားနိုင်သူတွေအတွက် အထူးအဆင်ပြေစေပါတယ် ရှင်။ မြန်မာနိုင်ငံ အမျိုးသမီးတွေအတွက်လည်း သင့်လျော်တဲ့ဈေးနှုန်းလေးနဲ့ Qualityကောင်းမွန်တာမို့ Chame Collagen ကို စေတနာထားကာ ရွေးချယ်တင်သွင်းဖြစ်တဲ့အကြောင်းလေးကို ပြောပြပေးခဲ့ပါတယ် ။

ChameCollagen #Collagen #HealthySkin #TT

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img