2020.08.14LIFE&TREND
သားအိမ်ခေါင်း ကင်ဆာ (Cervical Cancer)

အသက် (၉) နှစ် မှ အသက် (၁၀) နှစ် မိန်းကလေးများအား ၂၀၂၀ စက်တင်ဘာလတွင် ” သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး” ကို အခမဲ့ထိုးနှံပေးသွားမည် ဖြစ်ပါသည်။ ထို အစီအစဉ်ကို GAVI အဖွဲ့အစည်း နှင့် အစိုးရက ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ပါသည်။ အာရှနိုင်ငံများတွင် သားအိမ်ကင်ဆာကြောင့် (၄) မိနစ်တိုင်းတွင် အမျိုးသမီးတစ်ဦး သေဆုံးနေရခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည်လည်း ဖြစ်ပွားမှုအများဆုံးနိုင်ငံစာရင်းတွင် ပါဝင်ကြောင်း WHO မှ ထုတ်ပြန်ထားပါသည်။ ထို့ကြောင့် သားအိမ်ခေါင်းကင်ဆာ ကို ပေါ့လျော့မနေဘဲ ပုံမှန်စစ်ဆေးပြီး ကာကွယ်ဆေးထိုးသင့် ပါသည်။
သားအိမ်ခေါင်းကင်ဆာ မှာ အသိနောက်မကျလျှင် ကုသပျောက်ကင်းနိုင်သည့် ကင်ဆာအမျိုးအစား ဖြစ်ပါသည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး သည် မိန်းကလေးများ အပျိုဖော်မဝင်မီ အရွယ်ဖြစ်သည့် အသက် (၉) နှစ်မှ အသက် (၁၀)နှစ်ကြား ထိုးနှံပေးထားခြင်းမှာ ကာကွယ်မှုအတွက် အထိရောက်ဆုံး အချိန်ပင်ဖြစ်ပါသည်။
HPV (Human Papilloma Virus) အကြောင်း
ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ HPV (Human Papilloma Virus) လို့ခေါ်သည့် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါသည်။ မြန်မာအခေါ်အဝေါ်အနေဖြင့်ဆိုလျှင် လိင်အင်္ဂါကြွက်နို့ပိုး ဖြစ်ပါသည်။ သားအိမ်ခေါင်း ကင်ဆာ၏ 99% သည် HPV ဗိုင်းရပ်စ်အမျိုးအစား 16 နှင့် 18 ကြောင့် ဖြစ်ပါသည်။ ထိုကြောင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးသည် HPV 16 ၊ 18 ဗိုင်းရပ်စ်ကိုသာ ကာကွယ်ပေးပြီး အမျိုးသမီးများတွင်သာ အသုံးပြုသောဆေးဖြစ်ပါသည်။ HPV သည်အမျိုးအစား အများအပြားရှိခြင်းကြောင့် သားအိမ်ခေါင်းကင်ဆာအပြင် စအိုကင်ဆာ၊ ယောနိတွင်ဖြစ်သောကင်ဆာ၊ လိင်တံကြွက်နို့ ရောဂါတို့ကို ဖြစ်ပွားစေသည့် HPV 6 နှင့် 11 ဗိုင်းရပ်စ်တွေကို ကာကွယ်သည့် ဆေးလည်းရှိပါသည်။ ထိုဆေးမှာ Gardasil ကာကွယ်ဆေး ဖြစ်ပါသည်။ အမျိုးသားရော၊ အမျိုးသမီးပါ ထိုးနိုင်ပါသည်။ ထိုဆေးသည်လည်း အသက် (၉) နှစ် မှစပြီး ထိုးနိုင်ပါသည်။
သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်သလဲ
လိင်အင်္ဂါကြွက်နို့ပိုး ရှိသူနှင့် လိင်ဆက်ဆံခြင်း။
အသက်ငယ်ငယ်ဖြင့် အိမ်ထောင်ပြုခြင်း ( လိင်ဆက်ဆံမှု ပြုခြင်း) ။
လိင်ဆက်ဆံဖော်များခြင်း (အမျိုးသမီးမှာတစ်လင်တစ်မယားစနစ်ကျင့်သုံးသော်လည်း ခင်ပွန်းမှာ လိင်ဆက်ဆံဖော်များခြင်း) ။
ကလေး (၃) ယောက်နှင့်အထက် မွေးထားခြင်း။
အခြားလိင်မှကူးစက်သော ရောဂါများရှိခြင်း။
အခြားရောဂါများရှိသောကြောင့် ကိုယ်ခံအားနည်းနေခြင်း။
ဆေးလိပ်သောက်ခြင်း တို့ကြောင့် ဖြစ်ပွားမှုအများဆုံးဖြစ်ပါသည်။
ပုံမှန်စစ်ဆေးမှု ခံယူခြင်း
လိင်ဆက်ဆံဖက်မရှိသည့် ငယ်ရွယ်စဉ်အရွယ်တွင် ကာကွယ်ဆေးထိုးမည်ဆိုလျှင် စစ်ဆေးခြင်းမပြုလုပ်ဘဲ ထိုးနိုင်ပါသည်။ အိမ်ထောင်သည်များ နှင့် လိင်ဆက်ဆံဖူးသူများကတော့ သားအိမ်ခေါင်းချွဲယူ စစ်ဆေးခြင်း (Pap Smear) ပြုလုပ်ပြီးမှသာ ကာကွယ်ဆေးကို ထိုးရပါသည်။ ကာကွယ်ဆေးမထိုးလျှင်လည်း ပုံမှန်စစ်ဆေးမှုကို သက်ဆိုင်ရာဆရာဝန်များ၏ လမ်းညွှန်မှုဖြင့် လိုက်နာလုပ်ဆောင်သင့်ပါသည်။
သားအိမ်ခေါင်းကင်ဆာ ဆိုသည်မှာ မဖြစ်ခင်ကတည်းက စစ်ဆေးမှုများပြုလုပ်နိုင်သလို အချိန်မလွန်ခင်သိရလျှင်လည်း ပျောက်ကင်းအောင် ကုနိုင်သောရောဂါဖြစ်ပါလျက်နှင့် သေဆုံးမှုအများဆုံးဖြစ်နေရခြင်းမှာ အလွန်ပင်ဆိုးရွားသော ဖြစ်ရပ်ဖြစ်ပါသည်။ မိမိတို့လို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုသခြင်းထက် ကာကွယ်ရေးကို ဦးစားပေးရမည်ကို ပုံမဖော်နိုင်ခြင်း နှင့် ကျန်းမာရေးဗဟုသုတအားနည်းခြင်းတို့ကြောင့် ယခုအချိန်အထိ သေဆုံးသူအမျိုးသမီးအများအပြားရှိနေရခြင်း ဖြစ်ပါသည်။ အစိုးရမှ အခမဲ့ထိုးနှံပေးခြင်းကို လက်လွတ်မခံဘဲ စာရင်းပေးသွင်းစေလိုပါသည်။ လက်လွတ်သွားခဲ့လျှင်လည်း စစ်ဆေးမှုများကို ပြုလုပ်ပေးသင့်ပါသည်။ သို့သော် အခကြေးငွေတော့ ကုန်ကြမှုရှိမည် ဖြစ်ပါသည်။
By : Yathaw
-
ENTERTAINMENT
Japan Myanamar ပွဲတော် ၂၀၂၁
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
ခေတ် နောက်ကိုမလိုက်ဘဲ ထာဝရ ဖက်ရှင်ကျ ကျော့ရှင်းလှပစေမယ့် Judy’s Fabric
-
SOCIAL
ကိုဗစ်ကူးစက်မြန်ဗီဇပြောင်း ဗိုင်းရပ်စ် ပေါ်လာနိုင်ဟု ဒေါက်တာမြင့်ထွေးသတိပေး
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ