fb_icon

bnr_tob_1

2019.11.05FEATURE

ကြောင်လေးတွေအကြောင်း သင်ဘယ်လောက်သိပါသလဲ?🐱

သင်တို့အိမ်မှာ ကြောင်လေးတွေမွေးဖူးပါသလား။ ကြောင်လေးတွေကို ချစ်တတ်ပါသလား။ ကြောင်ကိုချစ်လို့မွေးထားတဲ့ ကြောင်ချစ်သူများအတွက် အခုရေးမည့်စာသည် အလွန်အသုံးဝင်ပါလိမ့်မယ်။ ကြောင်လေးတွေရဲ့ အမူအကျင့်လေးတွေနှင့်ပတ်သက်သည့် အနက်အဓိပ္ပာယ်လေးတွေကို ရေးသားဖော်ပြပေးသွားပါမယ်။ ကြောင်လေးတွေရဲ့ အသံ၊ မျက်နှာအနေအထား၊ ကိုယ်နေဟန်အပြုအမူလေးတွေကိုကြည့်ပြီး သူတို့လေးတွေရဲ့ ခံစားချက်လေးတွေကို မိမိတို့ကနားလည်ထားမှ သူတို့ဘာဖြစ်နေတယ်၊ ဘာတွေပြောနေတယ်ဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ ခံစားချက်လေးတွေကို ဘယ်လိုအမူအရာလေးတွေနဲ့ဖော်ပြမလဲဆိုတာကို အောက်မှာဆက်လက်ဖတ်ရှုလိုက်ပါဦးနော်။

၁။ အမြှီးယမ်းပြနေခြင်း🐈

သင့်အား ကြည့်ပြီး အမြှီးကိုဖြည်းဖြည်းခြင်း လှုပ်ယမ်းနေလျှင် သင့်အားနှုတ်ဆက်ခြင်း၊ ကြိုဆိုခြင်း ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အမြှီးမှာဖြောင့်တန်းနေပြီး ညာမှဘယ်ဘက်သို့ယမ်းနေလျှင်တော့ ကြောက်နေခြင်း၊ အန္တရာယ်ရှိနေခြင်းကို ဖော်ပြနေခြင်းဖြစ်ပါတယ်။

၂။ ခြေထောက်အား ကုတ်နေခြင်း🐈

သင် မတ်တပ်ရပ်နေသည့်အချိန် သို့မဟုတ် သင်လမ်းလျှောက်နေချိန်တွင် သင်ခြေထောက်အား လာပြီးကုတ်နေလျှင် ထိုအမူအရာသည် သူတို့ဆော့ကစားချင်သည့် အမူအရာဖြစ်သောကြောင့် ခဏလေးသူတို့နဲ့အတူ ဆော့ကစားပေးလိုက်ပါ။

၃။ ကိုက်ခြင်း🐈

ကိုက်ခြင်းဆိုသည်မှာ ခပ်ဖွဖွလေးငုံထားသည့် သဘောမျိုးလုပ်လာလျှင် သူတို့စိတ်မကြည်လင်ပါဘူး။ သူတို့ သင့်အပေါ်စိတ်ဆိုးစိတ်ကောက်နေခြင်းကို သတိပေးသည့်သဘောဖြင့် ကိုက်ထားခြင်းမျိုး ဖြစ်ပါတယ်။ အဲလိုဖြစ်လာပြီဆို သူတို့စိတ်ဆိုးအောင် ဘာလုပ်မိသလဲလို့ သေချာစဉ်းစားပါ။ သူတို့စိတ်ပြေအောင် နွေးနွေးထွေးထွေးနေပေးပြီး ဆော့ကစားပေးခြင်းဖြင့် ပြန်ချော့လိုက်ပါ။

၄။ တိုးဝှေ့ပွတ်သပ်နေခြင်း🐈

သင့်အား တိုးဝှေ့ပွတ်ကပ်ပြီးကပ်နေလျှင် သူကသင့်အားမိတ်ဆွေဖွဲ့နေခြင်းမျိုး ဖြစ်ပါတယ်။ သင် နှင့် သူသည် ရန်သူမဟုတ်ပါဘူး၊ သင့်ကိုမိတ်ဆွေဖွဲ့ခြင်း၊ ချစ်ခင်ခြင်းမျိုးကို ပြသောအမူအရာဖြစ်ပါတယ်။ ထို့ကဲ့သို့ တိုးဝှေ့ပွတ်သပ်နေလျှင် ကြောင်လေးတွေကို မောင်းထုတ်ခြင်းမပြုလုပ်ဘဲ ပြန်လည်ပွတ်သပ်ပေးလိုက်ပါ။

၅။ သမ်းဝေပြခြင်း🐈

သမ်းဝေနေသည်ကို သင်မြင်လျှင်တော့ သူတို့ကိုအနှောင့်အယှက်မပေးဘဲ နေလိုက်ပါ။ ကြောင်လေးများသည် စိတ်ပင်ပန်းပြီး စိတ်ဖိစီးမှုများနေလျှင် သူတို့အနားယူရန်လိုအပ်နေသောကြောင့် သူတို့အနားမလာခိုင်းဘဲ အေးဆေးအနားယူချင်သည့် အကြောင်းကိုသမ်းဝေပြခြင်းဖြင့် သင့်အားအသိပေးခြင်း ဖြစ်ပါတယ်။

၆။ အပျင်းကြောဆန့်ခြင်း (နောက်ကျောဆန့်ခြင်း)🐈

သင့်အနားလာပြီး နောက်ကျောဆန့်နေလျှင်တော့ သူတို့က သင့်ကိုယုံကြည်တယ်၊ စိတ်ချတယ် ဆိုသည့် သင့်အပေါ်ယုံကြည်မှုရှိသောကြောင့် ပြုလုပ်တော့ အမူအရာဖြစ်ပါတယ်။

၇။ ကြွက်ဖမ်းလာခြင်🐈း

ကြောင်လေးတွေက သင်နဲ့ရင်းနှီးလာပြီးဆိုလျှင် သင့်ကိုကြွက်ဖမ်းပြီးစားတတ်အောင် သင်ပေးဖို့ကြိုးစားကြပါလိမ့်မယ်။ သင့်ကိုသင်လို့မရဘူးလို့ ခံစားမိကြတဲ့အခါမှာတော့ သင်စားဖို့ကြွက်ကို သူတို့ဖမ်းပေးလာပါလိမ့်မယ်။ သင့်တို့သတိထားမိကြလား သူတို့ကြွက်ဖမ်းမိလျှင် အပြင်မှာတစ်ခါတည်း စားခဲ့လျှင်ရရဲ့သားနဲ့မစားဘဲ ချီယူခဲ့တာကိုလေ။ အဲဒါကတော့ သင်တို့အတွက် ဖမ်းပေးလာခြင်း ဖြစ်လို့ပါ။

ကြွက်ဖမ်းပေးတယ်ဆိုလို့ မိမိတို့အိမ်ကကြောင်လေးအကြောင်း ပြန်တွေးမိပြီး ရယ်ချင်လာခဲ့ပါတယ်။ မိမိတို့အိမ်ကကြောင်လေးကတော့ ပိုပြီးသခင်ကိုစေတနာရှိပုံပေါ်ပါတယ်။ ညဘက်ကြီး မိမိအမေဖြစ်သူမှာ ဘာကြောင့်မှန်းမသိနိုးလာတော့ အိမ်သာသွားဖို့ခြင်ထောင်ဖွင့်လိုက်တော့ ကုတင်ခြေရင်းမှာ မြွေစိမ်းမသေမရှင်လေးကို ကိုက်ချီပြီး ထိုင်ကြည့်နေကြပါတယ်။ အမေကိုလည်းမြင်ရော ၂ကောင်သား “ ညောင်” ဆိုပြီး အားရဝမ်းသာစွာ ပြကြပါတော့တယ်။ အမေမှာ အိပ်ချင်မူးတူးဖြစ်နေတဲ့အထဲ မြွေကိုမြင်လိုက်တော့ သူလည်းလန့်သွားရှာမယ် ထင်ပါတယ်။ ဒါပေမဲ့ စိတ်ဆိုးဟန်တစ်ချက်ကလေးတောင်မရှိဘဲ ” နင်တို့တွေ အပြင်မှာစားခဲ့ပေါ့ ဘာလို့ချီလာကြလည်း ” ဆိုပြီး မြွေကိုရှင်းရပါတော့တယ်။ အခုတွေးမိတော့သာ ရယ်စရာကောင်းပေမဲ့ အဲဒီတုန်းကတော့ ” တော်ပါသေးတယ် အထဲမဝင်လို့ မြွေစိမ်းမလို့၊ မြွေကမသေမရှင်မလှုပ်နိုင်လို့သာပဲ၊ နတ်ကောင်းနတ်မြတ်က နှိုးတာနေမှာ ဘယ်လို့နိုးသွားမှန်းမသိဘူး ” ဆိုပြီးပြောမဆုံး ဖြစ်ခဲ့ကြရပါတယ်။ သူတို့လည်း သခင်ကမကြိုက်တော့ နောက်ပိုင်းတော့ အဲလိုအဖြစ်မျိုးမရှိခဲ့ပါဘူး။

နောက်ပြီး ခွေးလေးတွေ ကြောင်လေးတွေရှေ့မှာ ဘာစားချင်လိုက်တာလို့ မပြောမိပါစေနဲ့နော်။ ခွေးတိုင်း၊ကြောင်တိုင်းတော့ မဟုတ်ပေမဲ့ တချို့အသိဉာဏ်အရမ်းရှိရင် ယူလာပေးတတ်ကြလို့ပါ။ တကယ့်အဖြစ်လေး ပြောပြမယ်နော်။ မိမိအဖွားအိမ်က မွေးခဲ့ဖူးတဲ့ခွေးလေးတော်တော်များများ ဖြစ်ခဲ့ဖူးတယ်။ အဒေါ်တွေ ဦးလေးတွေက ” ငါးခြောက်ချက်လေး စားချင်လိုက်တာ အမေမနက်ဖြန်ဈေးသွားရင် ဝယ်ခဲ့ဦးနော် ” လို့ သူတို့တွေပြောဆိုနေကြတာပေါ့။ နောက်တော်တော်လေးကြာတော့ အဒေါ်ရဲ့အော်သံကြားပါလေရော ” ဒီမှာ ဟိုကောင်ရယ် ငါးခြောက်ကြီး ဘယ်အိမ်ကဆွဲလားလည်းမသိဘူး ” ဆိုပြီး သွားကြည့်ကြတော့ ငါးရံ့ခြောက်တစ်ကောင် ချီချလာပါတယ်။ သူ့ကိုလည်း ” နင်နောက်ခါ သူများအိမ်ကဟာ မသိဘဲမယူရဘူး ” ဆိုပြီး မာန်မဲလိုက်တော့လည်း မျက်နှာငယ်လေးနဲ့ သနားစရာလေး။ အဲဒါနဲ့ ငါးရံ့ခြောက်ပိုင်ရှင်ရှာရပါတော့တယ်။ အိမ်နီးနားချင်းတွေမေးရတော့တာပေါ့။ နောက်ယူလာတဲ့ အိမ်တွေ့တော့ ပြန်ပေးခဲ့ရတာပေါ့။ နောက်တစ်ခေါက်ကတော့ ” နောက်နေ့ကြက်ကင်လုပ်စားကြမယ်ဟေ့ ” လို့ပြောတာကြားပြီး ကြက်ကို မသေမရှင်ကိုက်ပြီး ချီလာပါတော့တယ်။ အဲဒီတစ်ခါတော့ ကြက်ပိုင်ရှင်က အနီးနားကမဟုတ်တော့ ကြက်ဖိုးအလျော်မပေးလိုက်ရပါဘူး။ အိမ်သားတွေလည်း နှစ်ခါလောက်ဖြစ်လိုက်တော့ သူတို့ရှေ့ဘာမှကိုမပြောရဲအောင် ဖြစ်ခဲ့ရပါတယ်။ ဒါလေးကတော့ ကြုံကြိုက်လို့ တကယ့်ဖြစ်ရပ်လေးကို သတိပေးရင်း ရယ်စရာလေးတစ်ခုအနေဖြင့် ထည့်ရေးလိုက်ခြင်း ဖြစ်ပါတယ်။

အခုဆိုလျှင် ကြောင်လေးတွေရဲ့ ခံစားချက်လေးတွေကို ဖော်ပြတဲ့အမူအရာလေးတချို့ ကို သိရပြီဆိုတော့ ကြောင်မွေးထားတဲ့ သူတွေအနေဖြင့် သူတို့လေးတွေကို အရင်ကထက် ပိုနားလည်ပေးပြီး သေချာလေးဂရုစိုက်ဖြစ်မယ်လို့ မျှော်လင့်ရင်း အဆုံးသတ်လိုက်ပါတယ်။ 🐱 🐈

Ref : https://en.wikipedia.org/wiki/Cat_behavior

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img