bnr_tob_1

2020.07.15LIFE&TREND

မိန်းကလေးတိုင်းရဲ့ဗီရိုထဲမှာ မဖြစ်မနေရှိသင့်တဲ့ Cardigan တွေအကြောင်း

အဂ်လိပ်လိုအခေါ်ကတော့ Cardigan ဖြစ်ပြီး မြန်မာလိုကတော့ သိုးမွှေးအနွေးထည်လို့လည်း အကြမ်းဖျဥ်းသိကြပါတယ်။ တကယ်တမ်းတော့ Cardigan တွေဟာ သင့် အ၀တ်ဗီရိုထဲမှာရှိတဲ့ အ၀တ်အစားတွေထဲမှာမှ ဘက်စုံအသုံးပြုလို့အရဆုံး အထည်တစ်ထည်ဖြစ်ပါတယ်။ နွေရာသီကနေ ဆောင်းရာသီအထိ အဆိုပါ Cardiganတွေဟာ သင့်ရဲ့ ၀တ်စုံတွေကို အလှဆုံးဖြစ်စေမှာပါ။ နိုင်ငံတကာက မင်းသား မင်းသမီးတွေ ၊ မော်ဒယ်တွေက အစ…သာမန်လူတွေအဆုံး Cardigan တွေ၀တ်ရတာကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ လမ်းမထက်က စတားတစ်ယောက်ပုံစံပေါ်အောင် Cardigan တွေကို ဘယ်လို၀တ်ဆင်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

Long Cardigan

ရာသီတစ်ခုနဲ့တစ်ခုအကူးအပြောင်းကာလမှာ ၀တ်ဆင်သင့်သော Cardigan Style ပါပဲ။ Long Cardigan တွေဟာ စမတ်ကျပြီး သက်တောင့်သက်သာရှိတဲ့ ပုံစံ(၂)မျိုးလုံးကို အချိုးကျကျရောစပ်ထားပါတယ်။ Long Cardigan တွေကို ဂျင်းဘောင်းဘီနဲ့ဖြစ်စေ..၊ ခြေတံပိုရှည်သွားစေတဲ့ပုံစံပေါက်အောင် စကတ်အတိုတွေနဲ့တွဲဖတ်၀တ်ဆင်ပေးနိုင်ပါတယ်။

Shawl Collar Cardigan 

shawl collar ပါတဲ့ Cardigan တွေဟာ Classic ကျတဲ့ Cardigan တွေပါပဲ။ ဗြောင်တီရှပ်နဲ့ ရိုးရိုးဂျင်းဘောင်းဘီနဲ့တောင်မှ အဆိုပါ Cardigan တွေကြောင့် အထာကျနေတတ်ပါတယ်။

Button-up Cardigan 

၂၀၂၀ ဟာ  button-up cardigan တွေရဲ့နှစ်ပါပဲ။

Chunky Knit Cardigan

သူကတော့ သိုးမွှေးထည်ပုံစံ Cardigan ပါ။ သင့်ကို ‌နွေးနွေးထွေးထွေးနဲ့ အထာကျစေတဲ့ Cardigan တွေလို့ပြောရရင်လည်းမမှားပါဘူး။

Short-Sleeve Cardigan Sweater 

Cardigan တွေကဟာ အေးတဲ့အချိန်မှသာ ထုတ်၀တ်ရတယ်လို့ ဘယ်သူပြောပါသလဲ။ ပူအိုက်လှတဲ့ရာသီမှာ Short-Sleeve Cardigan‌ တွေနဲ့အတူ အထာကျလိုက်ပါ။ လက်မောင်းလှလှလေးတွေကို ပေါ်လွင်စေပါတယ်။

Cropped Cardigan Sweater

လက်ရှိရေပန်းအစားဆုံး Cardigan ပါ။ Pecil Skirt နဲ့ပဲ၀တ်မလား..ဂျင်းဘောင်းဘီနဲ့ပဲ ၀တ်မလား..ဘာနဲ့ပဲ၀တ်၀တ် သင့်တော်ပါတယ်။ ခါးလှတဲ့မိန်းကလေးများအတွက်ဆိုရင်တော့ အလှဆုံးဒီဇိုင်းပါပဲ။

Cardigan တွေကို ထသွားထလာအခြေအနေ၊ Semi-Formal ၊ Business Casual နဲ့ Formal အခြေအနေတွေမှာ၀တ်ဆင်နိုင်ပါတယ်။ လက်ရှိရေပန်းစားနေတဲ့ ခါးတို Cardigan တေွကလည်း တန်ဖိုး ၁သောင်းမကျော်တာဖြစ်လို့ ၀တ်ပျော်တဲ့အနေအထားမှာရှိနေပါတယ်။ မိန်းကလေးတိုင်းရဲ့ အ၀တ်ဗီရိုမှာ Cardigan တစ်ထည်တော့ရှိသင့်ပါတယ်။ သင့်အ၀တ်ဗီရိုမှာရော…တစ်ထည်ရှိပြီလား?

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img