bnr_tob_1

2019.09.23LIFE&TREND

Call of Duty: Modern Warfare (2019)

စာရေးသူ: GT (Excellent)

ယခုတစ်ပတ်မှာတော့ FPS ဂိမ်မာတွေအတွက် မကြာမီအောက်တိုဘာလအတွင်းမှာ ပွဲထွက်လာတော့ မယ့်နာမည်ကျော် Call of Duty စီးရီးရဲ့ (2019)ဗားရှင်းသစ် Modern Warfare ဆိုတဲ့အခွေသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီခွေလေးဟာ Call of Duty စီးရီးရဲ့ (16)ခွေမြောက်ဖန်တီးမှုဖြစ်ပြီး Modern Warfare ဆိုတဲ့အမည်နဲ့ပဲ ပြန်လည်ထွက်ရှိမှာဖြစ်ပါတယ်။ ရေးဆွဲဖန်တီးပေးတဲ့ Developer(s) ကတော့ Infinity Ward အုပ်စုဖြစ်ပြီး Publisher(s) ကတော့ မူပိုင် Activision ပါ။ Microsoft Windows အပြင် PlayStation 4 နဲ့ Xbox One တို့အတွက်ပါ ဖြန့်ချိပေးမှာဖြစ်ပြီး ပထမဆုံးဆန်းသစ်မှုအဖြစ် cross-platform multiplayer ဆော့ကစား နိုင်မှာ ဖြစ်ပါတယ်။

မစ်ရှင်တွေအနေနဲ့ကတော့ Global Power ကို ထိန်းညှိဖို့အတွက် တစ်စတစ်စအင်အားကြီးထွားလာတဲ့ ရုရှနိုင်ငံ ထိန်းချုပ်မှုစစ်ဆင်ရေးတွေကို ဆင်နွှဲရမှာဖြစ်ပါတယ်။ လန်ဒန်လိုအထင်ကရ ဥရောပမြို့တော်တွေ အပါအဝင် နိုင်ငံရေးပဋိပက္ခတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းက Urzikstan လို နိုင်ငံရဲ့မြေပုံ တွေလည်း ထည့်သွင်းဖန်တီးပေးထားမှာပါ။ ဇာတ်ကောင်အနေနဲ့ကတော့ ယခင် Modern Warfare က ကပ္ပတိန်ဂျွန်ပရိုက်စ် ပြန်လည်ပါ၀င်လာမှာဖြစ်ပြီး ရုရှဗီလိန်အဖြစ် ကာနယ်ကာ့တ်ဇ်ကို တစ်ကျော့ပြန်မြင်တွေ့ ရဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Sergeant Kyle Garrick, Alex, Farrah အစရှိတဲ့ဇာတ်ကောင်တွေကိုလည်း ထည့်သွင်းပေးထားတာတွေ့ရမှာပါ။ မြေပုံပိုင်းအနေနဲ့ Aniyah Palace • Azhir Cave • Grazna Raid • Gun Runner • Hackney Yard • Euphrates Bridge • Gunfight: King • Pine • Stack • Speedball • Docks အစရှိတာတွေပါ၀င်ပြီး Aircraft တွေ Helicopter တွေ စတဲ့ ကြည်း၊ ရေ၊ လေ Vehicle တွေလည်း စုံလင်အောင်ပါ၀င်မှာဖြစ်ပါတယ်။

လက်နက်ပိုင်းမှာ Assault Rifles, Submachine Guns, Shotguns, Light Machine Guns, Marksman Rifles, Sniper Rifles, Handguns, Launchers အစရှိတဲ့ကဏ္ဍအလိုက် အမျိုးအစားစုံလင်အောင်ဖန်တီးပေး ထားပြီး Attachments ပိုင်းမှာလည်း Muzzle, Lasers, Optic, Magazine, Trigger Action, Barrel စသဖြင့် အမျိုးအစား (60)ကျော်ထဲကနေ စိတ်ကြိုက် (5)မျိုး တစ်ပြိုင်တည်း တပ် ဆင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Proximity Mine, Flash Grenade • Smoke Grenade • Stun Grenade, Heartbeat Sensor, Browning M2 • Night Vision Goggles • Gas Mask • Ghillie Suit အစရှိတဲ့ Miscellaneous တွေမျိုးစုံ အသုံးချနိုင်အောင် လည်း ထည့်သွင်းပေးထားပါသေးတယ်။ Team Deathmatch • Domination • Free-for-All • Search and Destroy • Gunfight • Cyber Attack • Headquarters • Realism Team Deathmatch • Ground War အစရှိတဲ့ Multiplayer Game Mode တွေပါ၀င်ပြီး Gunfight ဆိုတဲ့ Mode ကတော့ တစ်ဖက် (2)ဦးစီနဲ့ အသင်း(2)သင်း မိနစ် (40)အတွင်း အပြတ်ဖိုက်ရမှာဖြစ်ပါတယ်။ Ground War ကတော့ Online Multiplayer ဆော့ကစားရမှာဖြစ်ပြီး ပလေယာ (100)ကျော်အထိ ပါ၀င်နိုင်တယ်လို့ဆိုပါတယ်။

ပလေယာအနေနဲ့ ဆော့ကစားနေစဉ် အတွင်း ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုအပေါ်မှာ Damage Score တွေဖြတ်တောက်သွားမှာဖြစ်ပြီး ပထမဆုံးဖန်တီးမှုအဖြစ် ပစ်ခတ်စဉ်အတွင်းမှာ ကျည်ထိုးကျည်ဖြည့်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းလေးရဲ့ ဂရပ်ဖစ် လှုပ်ရှားမှုတွေကိုတော့ Infinity Ward ကနေ ကိုယ်တိုင်ဖန်တီးထားတဲ့ ဂိမ်းအင်ဂျင်အသစ်စက် စက်ကိုအသုံးပြုထားတာဖြစ်ပြီး နောက်ခံမြူးဇစ်ပိုင်းကို တော့ Sarah Schachner ကနေ ပံ့ပိုးပေးထားမှာဖြစ်ပါတယ်။ သွက်လက်တဲ့ ဂရပ်ဖစ်တွေ၊ မြူးကြွတဲ့သံစဉ်တွေနဲ့ အတူ ဆွဲဆောင်မှုရှိရှိ ဆော့ကစားရမယ့် Call of Duty: Modern Warfare အခွေလေးကတော့ စျေးကွက်ကို သိမ်းပိုက်ဦးမှာအသေအချာပါ။ ဒါ့ကြောင့် Call of Duty စီးရီးရဲ့ အမာခံပရိ သတ်တွေအနေနဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ကြိုတင်စောင့်မျှော်နိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းလေးပေး လိုက်ရပါတယ်။

Credit : NetGuide Journal (Every Wednesday)

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img