2020.02.04FOOD
Cafe ကောင်းကောင်းနဲ့ Best Seller စာအုပ်တွေပါ ဖတ်လို့ရမယ့် Paradise လေးတစ်ခု

အမြဲထိုင်နေကျ ဆိုင်တွေမှာ ထိုင်နေတာတွေရပ်ပြီး မတူတဲ့ နေရာလေးမှာ ပြောင်းထိုင်ရအောင်။ ဆိုင်လေးက အပြင်ကတည်းက လူကိုဆွဲဆောင်နေတာ။ ဆိုင်ထဲကို ၀င်လိုက်ရင်ပဲ Counter လှလှလေးနဲ့ Cafe bar လိုလိုလေး ဖန်တီးထားတာ။ ဒါ သူရဲ့ Signature ဖန်တီးမှုမျိုးပေါ့။




ဆိုင်လိပ်စာကတော့
Address
: Pin long Hteil Htar Building, the corner of U Wisara Road and Chindwin Road,
Kamaryut Township, Yangon
ph no.09 – 976886668
Open Hours : 9:00Am 9:00Pm




ဆိုင်မှာ ဘာတွေရလဲဆိုတော့
ကော်ဖီကောင်းကောင်းရတယ်။ ကျွန်တော် ဆိုင်ရဲ့ Imperial Cafe Coffee သောက်ခဲ့တာ သောက်ဖူးတဲ့ ကော်ဖီတွေနဲ့ (လုံး၀)ကွဲထွက်သွားတယ်။ Imperial အရသာ ရတယ်။ ကော်ဖီစစ်စစ်အရသာ ခံစားလို့ရတယ်။ အနံ့လေးမွှေးတယ်။ ကော်ဖီအပူ၊ အအေး၊ Smoothies၊ Juice နဲ့ စားစရာတွေဆို ထမင်းသုပ်တို့ကအစ နန်းကြီးသုပ်တို့ထိ စားသုံးလို့ရတယ်။
ဘယ်လိုစာအုပ်တွေရှိလဲ




လောလောလတ်လတ် Best Sellerတွေတောင် ဖတ်လို့ရတာ တော်တော်မိုက်တာပဲ။
ကြည့်ခဲ့တဲ့အထဲကဆို သုခမြို့တော်၊ ရထားပေါ်ကမိန်းကလေး၊ မျှော်လင့်ခြင်းဖတ်စာ
အသစ်တော်တော်များများ ထည့်ပေးထားတယ်။ English စာအုပ်တွေတော်တော်များများရှိပြီး
စတီဖင်ဟော့ကင်းရဲ့ Black Hole စာအုပ်မျိုးတွေ Rich Dad Poor Dad စာအုပ်မျိုးတွေ
အစုံပါပဲ။ ရုပ်ရှင်ကြည့်ဖို့ အခွေတွေလည်း ထားထားပေးသေးတယ်။ ဒါက
လူငယ်တွေအကြိုက်ပေါ့။ အေးအေးဆေးဆေး စကားပြောမယ်ဆိုလည်း နေရာကောင်းပဲ။
ကျွန်တော်တို့ငယ်ငယ်က ရွှေသွေးစာအုပ်လေးတွေဆို ရွှေသွေးစာအုပ်လေးတွေကို စုပြီး
ပေါင်းချုပ်ထားတာ။ ကျွန်တော်တို့က အခုအချိန်မှာ ရွှေသွေးစာအုပ်တွေမဖတ်တော့တောင်
တစ်ခါတလေမှာ ငယ်ဘ၀ကိုလွမ်းရင်း စိတ်ပျော်စေဖို့ တစ်ခါတလေ ဒီလိုစာအုပ်လေးတွေကလည်း
ဖတ်သင့်ပါတယ်။ အကြံပြုချက်လေးပါ။
ဈေးနှုန်းတွေကရော
ဈေးနှုန်းက ဈေးသင့်တဲ့အထဲကပါပဲ။ ပေးထားတဲ့ ၀န်ဆောင်မှုက ပိုလို့တောင်
များပါသေးတယ်။ စားစရာတွေဆို ၂၀၀၀အောက်ပဲရှိတယ်။



ဓာတ်ဖမ်းဖို့
ဓာတ်ဖမ်းချင်သူတွေအတွက် စာအုပ်စင်လေးတွေနဲ့ ဓာတ်ဖမ်းလို့ရတယ်။ စာအုပ်စင်လေးတွေကကို
ဆိုင်ရဲ့စေတနာနဲ့ Arts ဆန်ဆန် ဖန်တီးထားမှုတွေက ဆိုင်ရှင်ရဲ့
စာအုပ်တွေအပေါ်တန်ဖိုးထားမှုကို ပြနေတာပါပဲ။ ဆိုင်အပြင်အဆင်လေးမိုက်သလို ဆိုင်
ထိုင်ခုံလေးတွေလည်း idea ကောင်းချက်ပဲ။ စာအုပ်တွေ ကြိုက်ရာ ယူဖတ်လို့ ရတယ်။
English songsလေးတွေအောက်မှာ လွင့်မြောရင်းပေါ့။



တချို့စာအုပ်လေးတွေကတော့ ရောင်းတယ်။ ကော်ဖီအေးအေးဆေးဆေးသောက်ပြီး စာဖတ်မယ်။ မဖတ်ရင် WiFi သုံးမယ်။ လိုင်းကောင်းတယ်နော်။ ပျင်းလာရင် ဓာတ်ဖမ်းမယ်။ ဒီလိုနေရာလေးတွေ အစောကြီးကတည်းက မတွေ့ခဲ့မိတာ စိတ်မကောင်း အဖြစ်ဆုံးပါပဲ။
By : Nay
-
ENTERTAINMENT
Vanguard
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ကိုဗစ်ကူးစက်မြန်ဗီဇပြောင်း ဗိုင်းရပ်စ် ပေါ်လာနိုင်ဟု ဒေါက်တာမြင့်ထွေးသတိပေး
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ