fb_icon

bnr_tob_1

2019.09.25FOOD

ထူးထူးဆန်းဆန်း နာမည်များနဲ့ ဆန်းဆန်းပြားပြား အစားအစာတွေ စားချင်သူတွေအတွက်

ရာသီဉတုလေးကလည်း ပူလာပြီဆိုတော့ အပူအစပ်တွေ အဆင်မပြေနိုင်ဘူးထင်ပါရဲ့ 🌶 ဒီတော့ အေးအေးလူလူလေးနဲ့ ဇိမ်ကျကျလေး စားလိုရမယ့် နေရာလေးကို ရှာလိုက်တယ် ဆိုပါတော့

ဆိုင်လေးက နှစ်ထပ်ရှိပြီး ဆိုင်လေးကို ၀င်လိုက်တာနဲ့ ရုပ်သေးရုပ်လေးတွေက ကိုယ့်ကို စောင့်ကြိုနေပါရော နံရံမှာ ဂစ်တာလေးချိတ်ထားပြီး ဆိုင်က၀န်ထမ်းတွေရဲ့ အပြုံးတွေ ဆီးကြိုမှုတွေကိုလည်း အမှတ်ပေးမိတယ် နွေးထွေးမှုရှိတယ်

မှာမလို့ menu ကို ကြည့်လိုက်တယ်ဆိုရင်ပဲ Fb pageက ပုံလေးတွေကို menu အဖြစ်လုပ်ထားတာ idea တော်တော်ကောင်းတာပဲ ကြည့်ရတာတော့ မျက်စိ လည်တယ်😂

ဒါနဲ့ပဲ ဆိုင်ရဲ့ နာမည်ကြီး နာနတ်သီးထမင်းကြော်ဆိုတာလေး မှာလိုက်တယ် 🍍🍤နာနတ်သီးဖျော်ရည်ရော အတွဲလိုက်လေး အစက ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလားပေါ့ တကယ်စားတော့မှ သုံးထားတဲ့ အခွံက နာနတ်သီးဖျော်ရည်လုပ်ပြီး အခွံကိုမှ ပြန်သုံးထားတာ လတ်ဆတ်တယ် ပန်းကန်အစား နာနတ်သီး အခွံကို သုံးထားတာ ဘယ်လောက်မိုက်လဲ😉

ပါ၀င်တာတွေက စပျစ်သီးခြောက်၊ သီဟို၌‌‌စေ့၊ ပုဇွန်‌‌နဲ့ထမင်းနဲ့ကြော်ပြီး အပြည့်ထည့်ထားတာ အပေါ်က ကြက်ဉအုပ်ထားသေးတယ် ချိုချဉ်လေး အနံ့နဲ့တင် တော်တော်စားချင်စရာ စားတော့လည်း တော်တော်ကောင်းတယ် bestပါ စားရင်း နာနတ်သီး ဖျော်ရည်သောက် တော်တော် လိုက်ဖက်တာ အဲ setလေးကိုမှ 5800ဆိုတော့ တန်ချက်ပဲ😅

စားဖိုမှူးက European အစားအစာတွေလည်း ပိုင်တယ်ပြောတာနဲ့ Spaghetti မှာလိုက်တယ် သူတော့ ဘာနဲ့တွဲရင် လိုက်မလဲဆိုတော့ watermelonပေါ့ ဖျော်ရည်တွေလည်း recommendပါ တစ်ခွက်ဆိုတစ်ခွက် အရသာ ရှိတယ်

ဖက်ထုပ်ကြော်တွေ စားဖူးပေမဲ့ ကြက်သားနဲ့ လုပ်တဲ့ ဖက်ထုပ်ကြော် မစားဖူးဘူး ရန်ကုန်မှာလည်း ကြက်သားဖက်ထုပ်ကြော် ရမယ့်ဆိုင်‌တွေ နည်းမယ်ထင်လို့ စမ်းကြည့်ခဲ့တယ် ဒါလည်း တော်တော်ကောင်းတယ် ကြက်သားအရသာပေါ်လွင်သလို ကျွတ်ကျွတ်လေး ကြော်ပေးထားတယ် အသံမြည်ချက်ပဲ ချဉ်ရည်လေးနဲ့ ကွက်တိပဲ ဆလပ်ရွက်လည်းထည့်ထားပေးသေးတာ😁

တောသားကြီးခေါက်ဆွဲကြော်၊ ပုဇွန်ဆိတ်ဆွေ့ဆွေ့ခုန်ကြော်၊ စိတ်ဗေဒါချဉ်ချဉ်စပ်🐙၊ ကြက်ဂျာကင် အကြွပ်ကြော်တဲ့ ဆန်းပြားလှတဲ့ နာမည်လေးတွေ ပေးတတ်ပြန်ရော
Myanmar/Chinese/European/Thai/Italian အစားအစာတွေ ပိုင်နိုင်တယ်ပြောတယ် breakfast/ lunch/dinner နဲ့ အစုံပဲ

သောက်စရာတွေအနေနဲ့ ကော်ဖီ အပူ/အေး၊ အသီးဖျော်ရည်၊ Soft Drink၊ Milk Shake၊ Mocktail၊ Float ၊ Smoothies အစုံပါပဲ ဒါတောင် ညမှာ ရတဲ့ သောက်စရာတွေ မပါသေးဘူး

Wifi လည်း ပေးထားတော့ အလုပ်လာလုပ်လည်း အဆင်ပြေတယ် ၀င်ခါစက ဆူမယ်ထင်နေတာ တကယ်ထိုင်တော့မှသီချင်းလေးနဲ့ ညိမ့်ချက်ပဲ ရုပ်သေးရုပ်လေးတွေနဲ့ ဓာတ်ဖမ်းဖို့ မမေ့စေချင်😍

ညနေ6နောက်ပိုင်းဆို roof top အပေါ်တက်လို့ရပြီ 5ထပ်ကြီး ဘုရားရှုခင်းနဲ့ လေတဖြူးဖြူးနဲ့ တော်တော်မိုက်မယ် နေ့လည်ကတော့ အပေါ်က ပူမယ် ဆိုင်က အစ်ကိုက ညလည်း လာခဲ့ပါတဲ့ unplugged အစီအစဉ်တွေလည်း ရှိတယ် သောကြာ၊ တနင်္ဂ‌နွေဆို ပင်တိုင်အဆိုတော် တော်တော်ကောင်းတယ်ပြောတယ် ထူးအိမ်သင်၊ စိုင်းထီးဆိုင်‌ သီချင်းတွေ ဆိုတယ်ဆိုပဲ

နောက်တစ်ခါမှ ညပိုင်လေး သွား chill ဦးမယ်ဗျာ😂

📍ဆိုင်လိပ်စာလေးကတော့

“ Cafe 20”

🕙Open 10:00Am – 2:00Am

No.(82/14), Shwe Yin Dating Road, Infront of Nga Htet Kyi Pagoda, Baham, Yangon.

📲09 4560 600 20

#Cafe20 #YangonStyle #Nay

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img