bnr_tob_1

2021.01.15FOOD

ချင်းအရသာစစ်စစ်တွေနဲ့ ချင်းပြည်နယ်ကိုခေါ်ဆောင်သွားမယ့် ဆိုင်လေးတစ်ဆိုင်

ရန်ကုန်မြို့မှာ အရသာရှိတဲ့ စားသောက်ဆိုင်များစွာရှိသည့်အနက် ရိုးရာ အစားအသောက်ကောင်းတွေကလည်း ရွေးချယ်စရာ အခန်းဂဏ္ဍတစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ အခုပြောပြပေးမှာကတော့ ချင်းရိုးရာဆိုင်လေးတစ်ဆိုင်ဖြစ်ပြီး မရမ်းကုန်းမြို့နယ်မှာတည်ရှိတဲ့ Butiria ဆိုတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။

ဆိုင်လေးကိုဝင်လိုက်တာနဲ့ ချင်းပြည်နယ်ကိုရောက်ရှိသွားသလို  အပြင်အဆင်တွေနဲ့ ချင်းအငွေ့အသက်ကို ခံစားရမှာပါ။ ချင်းအမှတ်တရပစ္စည်းများလည်း ဝယ်ယူလို့ရသလို ချင်းအစားအစာတွေကလည်း သင့်ကို ချင်းပြည်အရောက်ခေါ်ဆောင်သွားမှာပါ။

လေ့လာကြည့်လိုက်တော့ ချင်းအစားအစာလို့ပြောလိုက်ရင် ချင်းအစားအစာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Sabuti ဖြစ်ပါတယ်။ ဆာ ဆိုတာ အသားလို့ အဓိပ္ပာယ်ရပြီး ဘူးတီးကတော့ ပြောင်းဖူးပါ။ ပြောင်းဖူးနဲ့ အမဲသားကိုပြုတ်ထားတဲ့ ဟင်းရည်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆိုင်လေးကို ရောက်ရင် မဖြစ်မနေစားကြည့်သင့်တဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။

ချင်းလူမျိုးတွေရဲ့အိမ်တိုင်းလိုလိုမှာ နောက်ထပ်စားနေကြတစ်မျိုးကတော့ ချင်းရိုးရာ စကောထမင်းဝိုင်း လို့‌ပြောပါတယ်။ ချင်းမှာလည်း တောင်ပိုင်း မြောက်ပိုင်းနဲ့ စကောထမင်းမှာပဲ ပါတဲ့အမျိုးအမည်ကွဲပြားမှုရှိပြီး ချင်းလူမျိုးတစ်မျိုးချင်းအလိုက် ရိုးရာအစားအစာမှာလည်း အနည်းငယ်ကွဲပြားမှုရှိပါတယ်။ စကောထမင်းဝိုင်းတိုင်းမှာပါတဲ့ အရံဟင်းတွေကတော့ အမဲအူသုပ်၊ ပဲပုပ်သုပ်စပ်စပ်၊ ငါးလေးကြော်၊ ကြက်ဥကြော်နဲ့ ချင်းမုန့်ညှင်းချဉ်ဆိုပြီး ထမင်းမြိန်စေတဲ့ အရံအစုံ ပါဝင်ပါတယ်။

ချင်းတောင်အရသာစစ်စစ် ကော်ဖီလည်းရပြီး Tritional မူလအရသာရယ်၊ Butiria Style ချင်းကော်ဖီဆိုပြီး အရသာနှစ်မျိုးနဲ့ ရွေးချယ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဖျော်ရည်လည်းရရှိပြီး ချင်းဒေသထွက်အသီးနဲ့ ပြုလုပ်တဲ့ ချင်းဖျော်ရည်ပဲဖြစ်ပါတယ်။

ဆိုင်လေးက ချင်းဒေသထွက်စစ်စစ်ကိုမှ ခံစားချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပြီး ချင်းရိုးရာပစ္စည်းများနဲ့ ချင်းဆိုင်လေးကိုလေ့လာချင်ရင်ဖြင့် သွားရောက်သင့်တဲ့ဆိုင်လေးတစ်ဆိုင်ပဲဖြစ်ပါတယ်။

https://web.facebook.com/butiriachinfoodncafe

Address ; No.58, U Yae Khel Street, (2) quarter, Mayangone Township, Yangon.

Opening Hours : 10:00 Am to 8:00 Pm

Ph no – 976182177

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img
This error message is only visible to WordPress admins

Error: API requests are being delayed for this account. New posts will not be retrieved.

Log in as an administrator and view the Instagram Feed settings page for more details.