bnr_tob_1

2020.08.20SOCIAL

မှတ်မှတ်သားသား မြန်မာ စကားပုံများ

မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့အနုပညာ၊ မြန်မာ့စာပေသည် ကိုယ်ပိုင်ဟန်ဖြင့် အင်မတန်ပင် အဆင့်အတန်းမြင့်မားလှပါသည်။ စကားအရာပြောဆိုသော အခါမှာလည်း စကားကို ကျစ်ကျစ်လစ်လစ် ၊ ထိထိမိမိဖြင့် ဆိုလိုရင်းရောက်စေရန် ပြောဆိုနိုင်ကြပါတယ်။ မြန်မာတို့ သုံးနှုန်းခဲ့သော စကားပုံနှင့် ဆိုရိုးစကားများအကြောင်းကို မှတ်သားသတိပြုမိစေဖို့ ပညာကျော်ရေးသားပြုစုရေးသားထားသော မြန်မာစကာပုံနှင့် ဆိုရိုးစကားများ စာအုပ်ထဲက စကားပုံများကို အက္ခရာစဉ်နှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။

က – ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ

ကုသိုလ်ရရှိရန် ပြုမူဆောင်ရွက်ခဲ့သော်လည်း လုပ်ကိုင်ပုံမသင့်လျော်မှုကြောင့် အကုသိုလ်သာရရှိခြင်းကို ဆိုလိုသည်။

ခ- ခုမှပေါ်တဲ့ရွေကြာပင်

နောက်ကျမှရောက်ရှိလာသော်လည်း အရေးပေးဆက်ဆံခံရသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။

ဂ – ဂါထာပေး တေးဖြစ်

တန်ဖိုးရှိသောအရာကို တွေ့မြင်သမျှ လိုက်လံပေးမိရာမှ တန်ဖိုးမရှိဖြစ်သွားရခြင်းကို ဆိုလိုပါသည်။

င – ငရဲပန်းကို ရွှေပန်းထင်

မိမိအတွက် ဒုက္ခဆိုးကျိုးဖြစ်လာမည့် ကိစ္စကို အကောင်းထင်မက်ပြီး မက်မောခုံမင်နေခြင်းကို ဆိုလိုသည်။

စ – စိန်နားကပ်ရောင်ကြောင့် ပါးပြောင်

သူတစ်ပါး၏ အရှိန်အဝါဖြင့် လူတစ်လုံးသူတစ်လုံး ဖြစ်နေရသည့် အဖြစ်ကိုဆိုလိုပါသည်။

ဆ – ဆွမ်းခံရင်း ငှက်သင့်

ရိုးသားကောင်းမွန်စွာ နေထိုင်နေသော်လည်း အမှုအခင်းနှင့် ကြုံတွေ့လာရတတ်သည်ကို ဆိုလိုခြင်းဖြစ်သည်။

ဇ – ဇီးကွက်လောက်တော့ ငှက်တိုင်းလှ

သာမန်အရေအချင်းမျိုး လူတိုင်းတွေ တွေ့ရှိနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ဈ – စျေးဖိုးတစ်ရာ၊ ဝမ်းစာအစိတ်

အမှန်တကယ်အသုံးပြုရမည့် ကိစ္စအတွက် အနည်းအကျဉ်းသာလျှင် ကျခံသုံးစွဲရပြီး အရေးမပါသည့် ကိစ္စအတွက် ပုံအောသုံးစွဲရခြင်းကို ဆိုလိုသည်။

ည – ညားတော့ဈေးသည်၊ ရွယ်တော့ မဟာနွယ်

ရည်မှန်းထားသည်က မြင့်မြင့်မားမားဖြစ်သော်လည်း တကယ်ဆောင်ရွက်မိသည်က သာမန်မျှဖြစ်နေခြင်းကို ဆိုလိုပါသည်။

တ – တလွဲဆံပင်ကောင်း

ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့်လုပ်ထိုက်သည့် နေရာမျိုးတွင် မဖြစ်ထွန်းမလုပ်ကိုင်ပဲ မပြုသင့်၊ မပြုလုပ်ထိုက်သော နေရာမျိုးတွင် ဖြစ်ထွန်းလုပ်ကိုင်နေခြင်းကို ဆိုလိုသည်။

ထ – ထမ်းပိုးထက် လက်ခကြီး

ကျခံရမည်ထက် ပိုမိုပေးချေကျခံရသည်ကို ဆိုလိုသည်။ ထမ်းပိုးဖိုးထက် လက်ခက ပို၍များနေပုံ ဥပမာဖြင့် ဖော်ပြသည်။

ဒ – ဒီပုတ်ထဲက ဒီပဲ

အားလုံးတူတူသာဖြစ်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။

ဓ – ဓားခုတ်ရာ လက်လှိျု

အခြားသူများ ကိစ္စအရှုပ်အရှင်းထဲတွင် ပါဝင်ပတ်သတ်နေသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။

န – နေနှင့်လ ရွှေနှင့်မြ

ချစ်သူ၊ ဇနီးမောင်နှံနှစ်ဦး လိုက်ဖက်တင့်တယ်ခြင်းကို ဆိုလိုပါသည်။

ပ – ပါးကိုက် နားကိုက်

မိမိကို ထိပါးလာ၍ မိမိကလည်း ချက်ချင်းပြန်လည်တုံ့ပြန်တတ်ခြင်းကို ဆိုလိုပါသည်။

ဖ – ဖားတုလို့ခရုခုန်

ဖြစ်နိုင်စွမ်းမရှိသည့်အရာကို တုပယှဉ်ပြိုင်ခြင်းကို ဆိုလိုပါသည်။

ဗ -ဗျိုင်းမှန်လျှင် ခြေစိမ်း

စစ်မှန်သောအရာဝတ္ထုတိုင်းတွင် ခိုင်မာသည့် အမှတ်အသားတစ်ခုရှိတတ်ကြောင့် ဆိုလိုရင်းဖြစ်ပါသည်။

ဘ – ဘူးသီးမှ အရီး

ကိုယ့်အတွက် အကျိုးရှိရာ ရှိကြောင်းသိမြင်လာမှ အကျွမ်းတဝင်ဆက်ဆံလာခြင်းကို ဆိုလိုပါသည်။

မ – မပြည့်သည့်အိုး ဘောင်ဘက်ခတ်

ဆင်ခြင်တုံတရားနှင့် မပြည့်စုံသောသူသည် တည်ငြိမ်စွာ ပြုမူပြောဆိုရန် မဖြစ်နိုင်ကြောင်း ဆိုလိုခြင်းဖြစ်ပါသည်။

ယုံထောင် ကြောင်မိ

ကိုယ်ရည်မှန်းထားသုက ထင်ထားသည့်အတိုင်း အကွက်ထဲဝင်မလာဘဲ ကိုယ်မထင်ထားသည့်သူက အကွက်ထဲဝင်လာခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

ရ – ရေများရေနိုင် မီးများမီးနိုင်

လောကသဘာဝအရ အင်အားများသည်ကသာ အဆုံးတွင် အနိုုင်ရရှိခြင်းကို ဆိုလိုပါသည်။

လ – လေဖမ်း ဒန်စီး

မရေရာ မသေချာသည့် အကြောင်းအရာကို ဖြစ်နိုင်သည် အမှတ်နှင့် ပြုမူပြောဆိုခြင်းကို ဆိုလိုပါသည်။

ဝ – ဝမရှိဘဲ ဝိလုပ်

ကိုယ့်တွင် ဘာကိုမျှ မပြည့််စုံ၊ မရှိသောအခြေအနေနှင့် ဟိတ်ဟန်လုပ်၍ ဝါကြွားနေခြင်းကို ဆိုလိုရင်းဖြစ်သည်။

သ – သခင်အားရ ကျွန်တန်ဝ

မိမိဆရာ၊ မိမိသခင်၊ ကျေးဇူးရှင် အားရကျေနပ်စေရန်အတွက် သူတစ်ပါးအပေါ်ဖိနှိပ်ပြီး ကြမ်းတမ်းစွာ ဆက်ဆံပြုမူခြင်းကို ဆိုလိုပါသည်။

ဟ – ဟောင်လွန်းသည့်ခွေး လူမလေး

အမြဲတစေ အော်ဟစ်၊ ငြီးတွား၊ မြည်တွန်တောက်တီး လုပ်နေတတ်သူကို လူအများက ရိုသေလေးစားမှု မရှိတတ်ကြောင်း ဆိုလိုထားခြင်း ဖြစ်သည်။

အ – အသားထဲက လောက်ထွက်

သွေးရင်းခြာ ရင်းနှီးကျွမ်းဝင် သူများထဲက သစ္စာဖောက်ဖျက် ကျူးလွန်သည်ကို ဆိုလိုသည်။
အခုကောက်နှုတ်တင်ပြပေးခဲ့တာကတော့ မြန်မာတို့ သုံးနှုန်းခဲ့သော စကားပုံနှင့် ဆိုရိုးစကားများအကြောင်းကို မှတ်သားသတိပြုမိစေဖို့ အက္ခရာစဉ်နှင့်တကွ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ စကားကြွယ်ကြွယ်စကားလှလှ ပြောတတ်စေရန်နှင့် မြန်မာစာ၊ မြန်မာစကားကို တန်ဖိုးထားနားလည်နိုင်လိ်မ့်မည်လိုမျှော်လင့်ပါတယ်။ ပိုမိုမှတ်သားလေ့လာနိုင်ဖိုဆိုလျှင် ပညာကျော်ရေးသားပြုစုရေးသားထားသော မြန်မာစကာပုံနှင့် ဆိုရိုးစကားများ စာအုပ်မှာဖတ်ရှုလေ့လာဖို့ ညွန်းဆိုပေးလိုက်ပါတယ်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img