2020.09.23SOCIAL
စင်ကာပူရောက်မြန်မာများ အောက်တိုဘာ ၁ ရက်ကစ၍ ကြိုတင်မဲပေးရမည်

၂၀၁၅ရွေးကောက်ပွဲတွင် စင်ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနေသည်ကို ယင်းနှစ် အောက်တိုဘာ ၁၅ရက်က တွေ့ရစဉ် ဓာတ်ပုံ - CNA
By မိုးမင်း
နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များသည် အောက်တိုဘာ ၁ရက်ကစတင်၍ ကြိုတင်မဲပေးရမည်ဟု မြန်မာသံရုံးက ယနေ့ (စက်တင်ဘာ၂၂ ရက်) တွင် ကြေညာသည်။
မြန်မာနိုင်ငံသားများအနေဖြင့် စင်ကာပူနိုင်ငံဆိုင်ရာမြန်မာသံရုံး၌ ကြိုတင်ဆန္ဒမဲပေးရမည်ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက် အထိ ၁၈ ရက်ကြာမဲရုံဖွင့်ထားမည်ဟု ကြေညာထားသည်။
၂၀၁၅ ရွေးကောက်ပွဲ၌ စင်ကာပူရောက်မြန်မာများကြိုတင်ဆန္ဒမဲပေးရန် မဲရုံကို သုံးရက်ကြာ ဖွင့်လှစ်ပေးခဲ့ပြီး ယခုရွေးကောက်ပွဲ၌ COVID-19ကပ်ရောဂါကာလဖြစ်၍ လူစုလူဝေးမဖြစ်စေရန် မဲရုံဖွင့်ရက် တိုးမြှင့်ပေးထား ခြင်းဖြစ်သည်။
မဲဆန္ဒရှင်များသည်
အထက်ပါ ၁၈ရက်အနက် မိမိဆန္ဒမဲပေးလိုသည့်နေ့ရက်နှင့်အချိန်အား သံရုံး၏ဝက်ဘ်
ဆိုက်မှ တစ်ဆင့်ကြိုတင်ရက်ချိန်းရယူပြီးမှသာ
ဆန္ဒမဲလာရောက်ပေးနိုင်မည်ဖြစ်ပြီး Barcode ပါကြိုတင်ရက် ချိန်း ရယူထားသည့်
Queue Appointment Letter၊ မြန်မာနိုင်ငံကူးလက်မှတ်မူရင်း၊ စင်ကာပူတွင်
နေထိုင် ခွင့် ကတ်မူရင်းတို့ယူဆောင်လာရမည်ဟု သံရုံးက အသိပေးထားသည်။
Queue
Appointment ရယူနိုင်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
နိုင်ငံပြင်ပ ရောက်မဲဆန္ဒရှင်များစာရင်းပေးပို့လာချိန်တွင်
အသေးစိတ်ထပ်မံထုတ်ပြန်ပေးမည်ဟုလည်း ဖော်ပြထားသည်။
ကြိုတင်ဆန္ဒမဲပေးရန်လာရောက်မည့်သူများသည် ခန္ဓာကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းခံယူရမည်ဖြစ်ပြီး ကိုယ်အပူချိန် ၃၇ဒသမ၅ဒီဂရီထက်ကျော်လွန်သူများ(သို့မဟုတ်)စင်ကာပူအစိုးရ၏ COVID-19ရောဂါထိန်းချုပ် ကာကွယ်ရေးအစီအမံများလိုက်နာဆောင်ရွက်ဆဲဖြစ်ပါက သံရုံးအတွင်းဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ဆက်လက်ဖော်ပြထားသည်။
ထို့အပြင် COVID-19 ကပ်ရောဂါကာလအတွင်း မလိုအပ်သည့်လူအချင်းချင်းထိတွေ့မှုနှင့် လူစုလူဝေးဖြစ် ပေါ်မှုကို ရှောင်ရှားရန် St.Martin’s Drive လမ်းအတွင်း အစားအသောက်ဝေငှခြင်းမပြုလုပ်ရန်လည်း မြန်မာ သံရုံးက မေတ္တာရပ်ခံထားသည်။
မဲရုံဖွင့်လှစ်သည့်ရက်များအတွင်း သံရုံး ပရဝဏ်အတွင်း၌ဖြစ်စေ၊ သံရုံးမှ ကိုက် ၅၀၀အတွင်း၌ဖြစ်စေ၊ လွှတ် တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးအား မဲပေးရန်(သို့မဟုတ်) မဲမပေးရန်တိုက်တွန်းနှိုးဆော်ခြင်း၊ ဆန္ဒမဲပေး ရန်လာရောက်သူများအနှောင့်အယှက်ဖြစ်စေရန်ဆောင်ရွက်ခြင်း၊ တာဝန်ရှိသူများဝတ္တရားဆောင်ရွက် မှုအနှောင့်အယှက်ဖြစ်စေရန်ပြုမူပြောဆိုခြင်း၊ ပါတီအင်္ကျီ၊တံဆိပ်၊ ရင်ထိုး၊ ခေါင်းစည်းများဝတ် ဆင်လာ ခြင်း၊ အသံ ချဲ့စက်များ သုံးစွဲခြင်း၊ အော်ဟစ်ခြင်း၊ခိုက်ရန်ဖြစ်ခြင်း၊ နိုင်ငံဂုဏ်သိက္ခာထိခိုက်ကျဆင်းစေ သည့်အပြု အမူများလုပ် ဆောင်ခြင်းတို့ရှောင်ကြဉ်ရန်လည်း အသိပေးထားသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးရန် လျှောက်ထားသူ ဦးရေ ၃၅၀၀၀ခန့်ရှိကြောင်း စင်ကာပူ နိုင် ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်၂၀၁၅ ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးရန် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားဦးရေ ၈၀၀၀ ကျော် လျှောက်ထားခဲ့၍ လာမည့်ရွေးကောက်ပွဲအတွက် မဲပေးရန်စိတ်ဝင်စားသူ မြင့်တက်ခဲ့ကြောင်း မြန်မာအလုပ်သမားအချို့ကဆိုသည်။
“ရွေးကောက်ပွဲကြိုတင်မဲပေးဖို့က မြန်မာတွေတော်တော်တက်တက်ကြွကြွရှိပါတယ်။ အချိန်လည်းပိုရတော့ မဲ ပေးခွင့်ရှိသူတော်တော်များများကိုယ်တိုင်မဲပေးဖြစ်မယ်လို့မျှော်လင့်ရတယ်”ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ် ကိုင်နေသည့် ကိုဖြိုးမင်းကိုက ပြောသည်။
မြန်မာသံရုံးတွင် ပြုလုပ်မည့် မဲရုံများ၌လုပ်အားပေးအဖြစ် တာဝန်ထမ်းဆောင်မည့်သူများကို ဖိတ်ခေါ်ခဲ့ရာ စာရင်းပေးထားသူ ၂၀၀ကျော်ရှိသည်ဟု Myanmar Club (Singapore)ကလည်း ထုတ်ပြန်ထားသည်။
ထိုသို့ မြန်မာနိုင်ငံသားများကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပြင်ဆင်ထားမှုများအားသိရှိရန် စင်ကာပူနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးသို့ဆက်သွယ်မေးမြန်းသော်လည်းဆက်သွယ်၍မရပေ။ လက်ရှိတွင် ကြိုတင်ဆန္ဒမဲပေးနိုင်မည့် ရက်များကို စင်ကာပူအပါအဝင် တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်နိုင်ငံမှ မြန်မာသံရုံးတို့ကလည်း အသီးသီး ထုတ်ပြန်ထားပြီးဖြစ်သည်။
Credit : https://7day.news
-
ENTERTAINMENT
Sisyphus: The Myth
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ