2020.01.09TRAVEL
ဘန်ကောက်ကိုလစ်ခနဲလစ်ခနဲသွားချင်သူများအတွက် Budget guide to Bangkok 🇹🇭

အရင်ပို့စ်မှာဘန်ကောက်ကနေတစ်ဆင့်အန်ကောဝပ်သွားတဲ့အကြောင်းရေးထားတော့ဘန်ကောက်ရောက်တဲ့အခါသက်သက်သာသာနဲ့စရိတ်မထောင်းဘဲသွားလာနေထိုင်နိုင်ဖို့တစ်ဆက်တည်းထပ်ရေးလိုက်ပါတယ်။ဘန်ကောက်ကဒီကလူတွေအမြဲလိုလိုသွားနေကျ၊ဘန်ကောက်အကြောင်းရေးထားတဲ့စာတွေဆိုလည်းအများကြီးဆိုတော့အရမ်းတော့မထူးဆန်းပါဘူး။ဒါပေမယ့်ကိုယ်တွေလိုဘန်ကောက်နဲ့အဆက်အစပ်မရှိတဲ့သူတွေကျတော့သွားခါနီးဟိုblogလိုက်ဖတ်ရ ဒီblogလိုက်ဖတ်ရနဲ့ထူးဆန်းတယ်လို့ပြောရမှာပေါ့။ဘန်ကောက်ကိုအိမ်ဦးနဲ့ကြမ်းပြင်သွားနေတဲ့သူတွေအတွက်လည်းနောက်ထပ်ပိုပီးလစ်ခနဲလစ်ခနဲဒိုးနိုင်အောင်ရေးပေးထားတာမို့ဖတ်ကြည့်ပါနော်
မြန်မာငွေသုံးသိန်းလောက်ဆိုရင်လေယာဉ်လက်မှတ်အပါအဝင်ဘန်ကောက်မှာ4ရက်လောက်ဖြဲဖြဲစင်စားသောက်သွားလာဖို့အတွက်လုံလောက်ပါတယ်နော်။ဒါကလည်းပိုပိုလိုလိုပြောထားတာပါ။
လေယာဉ်လက်မှတ်
သွားမယ်ဆိုတာနဲ့လေယာဉ်လက်မှတ်ကစကားပြောပီ။ပြောမယ့်သာပြောရတာလေ ကိုယ့်ကိုယ်တွေ့ကျတော့သုံးလလောက်ကြိုဝယ်တာနဲ့ ရက်၂၀လောက်ကြိုဝယ်တာနဲ့ကအတူတူပါပဲ။promotions ဆိုတယ့်အသံကြားတာနဲ့ပြေးသာဝယ်ထားလိုက်တော့ အဲဒါကအတန်ဆုံးပဲ။budgetသွားတာဆိုတော့budget airlineတွေဖြစ်တဲ့ Air Asia,Thai Lion Air,Nok Air ဒီသုံးမျိုးထဲကတစ်ခုကိုရွေးရမှာပါ။ကိုယ်အကြိုက်ဆုံးကတော့ Nok airပါ။ပြန်ရင်ဟိုဝယ်ဒီဝယ်ပီးပြန်လာမယ့်သူတွေကတော့ကီလို20Kg freeရတဲ့ Thai Lion ကိုရွေးပါနော်။စျေးကတော့promotionရှိရင် အသွားအပြန်$75ဆိုတာအလွန်ဆုံးပါပဲ။ပုံမှန်ဆိုရင်တော့$100ပတ်ချာလည်ပါ။လက်မှတ်ဝယ်ရင် အသွားကိုရန်ကုန်ကထွက်တဲ့အစောဆုံးလေယာဉ်နဲ့အပြန်ကိုဘန်ကောက်ကထွက်တဲ့နောက်အကျဆုံးလေယာဉ်ကိုရွေးဝယ်ပါနော်။
တည်းခိုဖို့နေရာ
ဘန်ကောက်ကဟိုတယ်တွေကသရဲခြောက်ကခြောက်နဲ့ ကိုယ်တော့နေရဲပေါင်😂
Hostelမှာပဲနေဖို့ပဲအားပေးတယ်၊ဘန်ကောက်ကhostelတွေကသန့်မှသန့်
စျေးကလည်း$6ဆိုရင်တောင်သန့်ပျံ့အောင်နေရတာဆိုတော့ထွေထွေထူးထူးမစဉ်းစားပဲ
hostelပဲသွားစေချင်တယ်။
နှစ်ယောက်ရှိရင်ဟိုတယ်မှာပဲတည်းမှာပေါ့တို့ဘာတို့ထက်
hostelမှာနေရတဲ့ဖီလင်ကအရမ်းမိုက်တာမို့အရမ်းတွေညွှန်းမိတာပါနော်။3ရက်လောက်နေမှ$18လောက်ပဲရှိတာရယ်။ပတူနမ်တစ်ဝိုက်မှာပဲနေစေချင်ပါတယ်။ဒါမှပတ်ချာလည်shopping
mallတွေမှာဟိုကြည့်ဒီကြည့် မုန့်လျှောက်စားဖို့လည်းအဆင်ပြေ ၊Siam BTS
stationကိုလည်းလမ်းလျှောက်နိုင်တဲ့အကွာအဝေးဆိုတော့
ပတူနမ်ကအဆင်ပြေဆုံးပါပဲ။Agodaကနေတစ်ခါထဲbookingတင်သွားတာအသက်သာဆုံးပါပဲ။hostelတွေများလို့ရွေးရခက်ရင်
best sellerဆိုတဲ့ဟာကိုအဓိကရွေးလိုက်ရင်အရွေးမမှားပါဘူး။
တည်းဖူးတဲ့hostelတွေပါ
https://www.facebook.com/886399875033908/posts/989586031381958/
သွားဖို့လာဖို့
ဒွန်မောင်းလေဆိပ်➡️downtown
လေဆိပ်ကထွက်လိုက်တာနဲ့A1,A2,A3
ဆိုပီးဘတ်စ်ကားလိုင်းသုံးလိုင်းဆွဲနေတာတွေ့ရလိမ့်မယ်
အဲကွန်းဘတ်စ်တွေပါ။ကိုယ်ကပတူနမ်သွားမှာဆိုတော့ A3
busကိုစီးရမှာပါ။ပတူနမ်ကိုတန်းရောက်ပါတယ်
ဘာမှပြောင်းစီးစရာမလိုပါဘူး။ရောက်တဲ့နေရာသူတို့အော်နေလိမ့်မယ်။ပြန်ရင်လည်းအဲဒီbusနဲ့ပဲလေဆိပ်ပြန်သွားလို့ရပါတယ်။
A1➡️Mochit
A2➡️victory monument
A3➡️Lumphini Park
Shopping area
အဓိကshopping mallကြီးတွေရှိတဲ့Siam,ပတူနမ်ဧရိယာတွေကိုပတ်ရတာရန်ကုန်ကမြို့ထဲကစကော့စျေး သိမ်ကြီးစျေးနဲ့ဆူးလေဝန်းကျင်ကိုပတ်ရသလိုပါပဲ၊ အကုန်လုံးကဆက်စပ်နေပီးလမ်းလျှောက်နိုင်တဲ့အကွာအဝေးမှာပဲရှိပါတယ်။ပတ်ပတ်လည်
shopping mallတွေကိုပတ်ဖို့အတွက်ကားလည်းငှားစရာမလိုသလို tuktuk လည်းစီးစရာ မလိုပါဘူးနော်။ Platinum fashion mall,Siam Paragon,MBK,BigC,CentralWorld စသဖြင့်အများကြီးပဲမို့လို့လမ်းလျှောက်နိုင်လေကောင်းလေပါပဲ။မြန်မာပြည်မှာအများစုရောင်းနေတဲ့Bangkok ထည်လေးတွေဝယ်ချင်ရင် Platinum mallမှာဝယ်ပါ။H&M တို့ Zara တို့ uniqloတို့ဝယ်ချင်ရင်တော့Siam Paragonကအဆင်ပြေဆုံးပါပဲ။MBKကတော့electronicsပစ္စည်းတိုတိုထွာထွာလေးတွေ ဘုစုခရုတွေဝယ်လို့ကောင်းပါတယ်။
Icon Siam

အသစ်ဖွင့်ထားတာမကြာသေးတဲ့Icon Siam shopping mallကြီးကိုတော့ ချောင်ဖရားမြစ်ကြောင်းတစ်လျှောက်လှေစီးပီးသွားလို့ရပါတယ်။free ဖယ်ရီတွေဆွဲပေးတာမို့အရမ်းအဆင်ပြေပါတယ်။Siam Paragonရှေ့က Siam BTS stationကနေ Saphan Taksin stationအထိစီးသွားလိုက်ပီးရှေ့လမ်းလေးနဲနဲလျှောက်တာနဲ့လှေဆိပ်ကိုရောက်ပါတယ်။icon siamသွားမယ့်ဘက်မှာတန်းစီလိုက်ပီးလှေလာရင်တစ်ခါထဲလိုက်စီးသွားလိုက်ရုံပါပဲ။အဲမှာ Wat Arun တို့ မြဘုရားတို့ဘက်သွားမယ့်လှေတွေလည်းအများကြီးဆိုတော့ အကယ်၍ကိုယ်ကအဲဘက်တွေလည်းသွားလည်ချင်တယ်ဆိုရင် Wat Arun or မြဘုရားကိုလက်မှတ်ဖြတ်သွားလည်လိုက်ပီးအပြန်ကျမှicon siamမှာဝင်ကျန်ခဲ့လို့လည်းရပါတယ်။
Wat Arun

ဓာတ်ပုံရိုက်လို့လှတယ်ဆိုပီးအရမ်းနာမည်ကြီးတဲ့စေတီပါ။သူ့ရဲ့အနုလက်ရာတွေကအရမ်းကိုuniqueဖြစ်လို့ကိုယ်တော့သိပ်ကြိုက်မိတယ်။ဝင်ကြေးကလည်းbaht50ပဲပေးရတော့သွားရတာအရမ်းတန်တယ်လို့ထင်တယ်။သူ့ကိုသွားချင်ရင်အလံလိမ္မော်ရောင်လေးနဲ့လှေကိုစီးရမှာပါနော်။
China Town

ဘန်ကောက်ရဲ့china townဟာလည်းတရုတ်စာတွေရေးထားတဲ့နီယွန်ဆိုင်းပုဒ်တွေ စားချင်သောက်ချင်စရာတွေအစုံစုံနဲ့မသွားမဖြစ်သွားရမယ့်နေရာပါ။တနလာင်္နေ့တိုင်းchina townပိတ်တယ်နော်။
Chatuchak Weekend Market
အကယ်၍ကိုယ်ကစနေတနင်္ဂနွေဘန်ကောက်မှာရှိနေရင်chatuchakစျေးသွားလည်လို့ရတယ်။ဆိုင်တွေဆိုတာနဲနဲနောနောလား ဘာလိုလိုအကုန်ရတယ်လို့ဆိုရအောင်ကိုဆိုင်ခန်းပေါင်းက၈၀၀၀ကျော်တောင်ရှိတာတဲ့။ကိုယ့်အတွက်အင်္ကျီလေးနဲနဲပါးပါး ဘာညာကွိကွအသေးလေးတွေဝယ်ချင်ရင်အဲမှာဝယ်လို့ရတယ် စျေးမများဘူးရယ်။ကိုယ်ဘန်ကောက်လာတဲ့ရက် ကweekendဖြစ်နေရင်လည်း လေဆိပ်က A1 bus စီးပီး Chatuchakစျေးရှိတဲ့MoChit ထိစီးလာလို့ရတယ်။စျေးတစ်ခါထဲဝင်လည်ပီး Mochit stationကနေSiam stationကို BTS skytrain စီးပီးသွားလို့ရတယ်။Siam ရောက်ရင်အဲနီးနီးနားနားမှာဟိုပတ်ဒီပတ်ပီးတည်းတဲ့ပတူနမ်ကိုလမ်းလျှောက်သွားလို့ရတယ်




မြန်မာပြည်ကလူတွေဘန်ကောက်သွားရင်မသွားမဖြစ်သွားကြတဲ့Dream World,Safari World,Siam Water park,Siam discovery ,မဒမ်တူးဆော့ပြတိုက်အဲဒါတွေကိုပါဝင်လည်လို့ရပါသေးတယ်။ဝင်ကြေးတော့မြင့်တာပေါ့လေ။ကိုယ်ကတော့အဲလိုမျိုးTheme parkတွေကိုသိပ်စိတ်မဝင်စားတာကြောင့်တစ်ခါမှတော့မသွားဖြစ်ပါဘူး။ဘန်ကောက်လာရင် ကော်ဖီဆိုင်လေးထိုင် Streetfoodတွေလျှောက်စား shoppingလေးနဲနဲပါးပါးပတ် အနှိပ်လေးခံ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေလျှောက်သွား အဲလိုတွေပဲလုပ်ဖြစ်တော့စရိတ်ကတော့သိပ်မထောင်းပါဘူး။အကယ်၍ကိုယ်ကtheme parkတွေ ပြတိုက်တွေဝင်ချင်ရင်တော့ပိုက်ဆံနည်းနည်းပိုထည့်စေချင်ပါတယ်။နောက်ကျမှဟိုမဝင်လိုက်ရလေခြင်း ဒီမဝင်လိုက်ရလေခြင်းဆိုပီးဂျင်းမိတယ်ထင်မှာစိုးလို့ပါနော်😉
Tips
-ပထမဆုံးသွားတဲ့သူဆိုရင်visa cardလေးလုပ်ထားပါ
တစ်ခါတရံshowmoney တွေပြခိုင်းတတ်တာမို့ ငါဒီကဒ်နဲ့သုံးမှာလို့ ကဒ်ကလေးပြလိုက်ရင်ရပါပီ ကဒ်ထဲပိုက်ဆံမပါလည်းရတယ်
-အဝတ်အစားအများကြီးမယူပါနဲ့ မဝယ်နဲ့တားရင်တောင်ဘန်ကောက်ရောက်ရင်ဝယ်ကျမှာဆိုတော့မထူးပါဘူး
-ကျောပိုးအိတ်တစ်လုံးနဲ့ပဲလာပါ
-Maps.me ဆိုတဲ့ offline mapကိုသုံးပါ။အဲမှာဘန်ကောက်သွားမယ်ဆိုရင်ဘန်ကောက်မြေပုံကိုဒေါင်းရမှာပါ
-busကားတွေစီးတာထက် BTS skytrain နဲ့ မြေအောက်ရထားစီးတာပိုအားပေးပါတယ်
-ဘန်ကောက်ရဲ့streetfoodကဘယ်မှာစားစားအားလုံးအတူတူပဲမို့ဘာnight market ညာnight marketထက်ပတူနမ်တစ်ဝိုက်shoppingmallတွေအောက်ကnight marketတွေမှာစားရင်တောင်ယူလို့မကုန်ပါဘူးနော်
-မနက်စာကိုသူတို့ရဲ့လမ်းဘေးခေါက်ဆွဲဆိုင်လေးတွေမှာစားပီး7/11ကcoffeeလေးသောက် အဲဒါတောင်မှအရမ်းစားလို့သောက်လို့ကောင်းနေပါပီ


-နေ့လည်စာစားချင်ရင်shopping mallတိုင်းရဲ့အပေါ်မှာfood courtရှိပါတယ် အဲမှာစားပါ။
-ဘန်ကောက်မှာကtourist attractionတိုင်းကိုpublic transportationရောက်တာမို့ဘယ်ပဲသွားချင်ချင် BTS ,MRT stationတွေမှာမေးပီးသွားပါနော် သူတို့သေချာပြောပြပေးပါတယ်
-သိချင်တာအကုန်လုံးကိုတည်းတဲ့hostelကstaffကိုမေးပါ တစ်ခုခုဆိုရင်သူတို့ဆီကအကြံအဉာဏ်ယူတာအကောင်းဆုံးပါပဲ



အဲဆိုအားလုံးပဲဘန်ကောက်ကိုလစ်ခနဲလစ်ခနဲသွားနိုင်ကြမှာ
ပါနော်။ဒီထက်ပိုပီးသက်သက်သာသာအဆင်ပြေပြေသွားနိုင်မယ့်နည်းလမ်းရှိရင်လည်းcmtမှာရေးပေးခဲ့အုံးနော်❤️
-
ENTERTAINMENT
Vanguard
-
FOOD
ချင်းလူမျိုးတို့ရဲ့ ဆာဘူးသီး
-
LIFE&TREND
Skincare Routine မှာ မဖြစ်မနေပါသင့်တဲ့ Suncream
-
SOCIAL
ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးများ
-
SPORTS
အောင်လပွဲ အောက်တိုဘာ ၃၀ သေချာပြီ !!! 💥💥💥💥
-
TECH
Apple မှ Iphone 12 မိတ်ဆက်ရောင်းချမည့်ရက်ကို ကြေညာ
-
TRAVEL
“ ကျောက်ဖြူမြို့တစ်ဖက်ကမ်းက ပင်လယ်ပြင်ကိုထိုးထွက်နေတဲ့ ငှက်ခေါင်းကျွန်း”
Ranking
1. လူကြိုက်အမျာဆုံး Mask အဖြစ်ရပ်တည်နေတဲ့ The SAEM ရဲ့ O2 Bubble Mask
2. Plus Size တွေအတွက် အဝတ်အစားဝယ်ယူဖို့အဆင်ပြေစေမယ့် ရန်ကုန်မြို့က ဆိုင် (၄) ဆိုင်
3. ရန်ကုန်ရဲ့ အလှပဆုံး ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ရှာနေပါသလား ဒါဆိုရင်တော့ ဒီနေရာဖြစ်ပါလိမ့်မယ်
4. ဟော့ပေါ့နဲ့ အကင်ကို ၇၇ဝဝ ဆိုလို့သွားစားခါမှ မျက်လုံးပြုးပြီးပြန်လာရတဲ့အဖြစ်
5. ရိုးသားစွာ ကြက်သားစားနိုင်ကြပါစေ

アンケート登録
YANGON STYLE ではアンケートモニターを募集しています(無料)。
စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း
Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........
登録メールマガジン登録
YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。
အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း
Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။
登録広告掲載について
YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。
ကြော်ငြာကဏ္ဍ
YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။
お問い合わせ