bnr_tob_1

2020.06.29LIFE&TREND

Boyish Style လို လွတ်လွတ်လပ်လပ်စတိုင်ကို သဘောကျတဲ့အမျိုးသမီးတွေအတွက် ဖက်ရှင်အကြံဥာဏ်

လက်ရှိခေတ်အနေအထားအရ ဆယ်ကျော်သက် အမျိုးသမီးငယ်တော်တော်များများဟာ Boyish Style ကို သဘောကျလာကြပါပြီ။ လွတ်လပ်တဲ့ပုံရိပ်ကိုဖော်ဆောင်တဲ့၀တ်စားဆင်ယင်မှုကို အမျိုးသမီးငယ်တော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ အဲ့တာကြောင့် ဒီနေ့မှာတော့ Boyish Style ကို ဖော်ဆောင်ပေးမယ့် ဖက်ရှင်ပုံရိပ်များကို ပြောပြပေးချင်ပါတယ်။ လိုက်ပါကြည့်ရှုပေးပါအုံးနော်။

ဂျင်းဘောင်းဘီ အပြဲစတိုင် (Ripped jeans)

denim ဂျင်းဘောင်းဘီ အပြဲစတိုင် နဲ့ အကျီခါးတို  (Crop top) အတွဲအစပ်ဟာ ပိုပြီး သန်မာတဲ့ပုံရိပ်ကို ဖြစ်ပေါ်စေပါတယ်။

Cara Delevingne Tomboy Look

Tomboy ဖြစ်သူ Cara Delevingne ကို အစွဲပြုပြီးပေးထားတဲ့ ဖက်ရှင်နာမည်ပါပဲ။ သူမဟာ ယဉ်ယဉ် ကျေးကျေးနဲ့ စတိုင်ကျကျ ၀တ်ဆင်တတ်သူဖြစ်ပါတယ်။ ကျွန်မတို့ ဖော်ပြထားတဲ့ Cara Delevingne ရဲ့ ပုံမှာဆိုရင် ဂျင်းဘောင်းဘီအတို၊ Sweat shirt နဲ့ ဂျင်းဂျာကင် အပြာရောင်တို့ကို ၀တ်ဆင်ထားတာကို မြင်တွေ့ရမှာပါ။ ဒီလို၀တ်စားဆင်ယင်မှုမျိုးဟာ Boyish Style ပါပဲ။

Oversized T-shirt And Jeans

ဒီ ဖက်ရှင်အတွဲအစပ်ကတော့ အထူးတလည်တောင် မိတ်ဆက်ပေးစရာမလိုပါဘူး။ တီရှပ်အပွကြီးတွေနဲ့ ဂျင်းဘောင်းဘီတွေဟာ တကယ်တမ်းတော့ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ Boyish Styleပါပဲ။

Half-length Pants

မြန်မာနိုင်ငံမှာတော့ ခေတ်မစားသေးပေမယ့် နိုင်ငံတကာမှာတော့ ခေတ်စားနေတဲ့ ဖက်ရှင်အနေအထားပါပဲ။ ဒူးအတိဘောင်းဘီတွေဟာ တဖန်ပြန်လည် နာမည်ကြီးလာပါပြီ။ အဆိုပါ ဘောင်းဘီအနေအထားဟာ အားကစား ဆန်လို့လည်းရသလို ထသွားထလာ စတိုင်လည်း ဖြစ်ပါတယ်။

Sporty Style

၂၁ရာစုရဲ့ အားကစားလိုက်စားတဲ့ ကောင်မလေးများရဲ့ ဖက်ရှင်အထာပေါ့။ လှပတဲ့ ဗိုက်ကြွက်သားတွေကိုလည်း ဖော်ြပရင်း ဆွဲဆောင်မှုလည်း ပြင်းထန်ရင်း ဆိုတဲ့ ဖက်ရှင်တွေပါပဲ။

Kristen Stewart Tomboy Style

sleeved top နဲ့ Mother jeans ကို ခြေမျက်စိအထိ လိပ်ပြီး ၀တ်ဆင်ခြင်းကို Kristen Stewart ရဲ့ စတိုင်လို့လည်းခေါ်ကြလေးရဲ့။ အရပ်ပုတဲ့ ကောင်မလေးတွေအတွက် လိုက်ဖက်တဲ့ ဖက်ရှင်မျိုးလေးပေါ့။

Checkered Jacket

နောက်ဆုံး သို့မဟုတ် လူ၀တ်အများဆုံးဖက်ရှင်လေးပေါ့။ ခန္ဓာကိုယ်သေးသွယ်တဲ့ ကောင်မလေးတွေတော်တော်များများ Checkered Jacket ကို ၀တ်ဆင်ကြပါတယ်။ အဆိုပါ အကျီမျိုးဟာ ဘယ်လို ဘောင်းဘီအနေအထားနဲ့မဆို လိုက်ဖက်လွန်းပါတယ်။

ကဲ…ဒီလောက်ဆိုရင်တော့ Boyish Look ကို အထာကျကျ၀တ်ဆင်တတ်ဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img