fb_icon

bnr_tob_1

2020.01.07FOOD

Junction City ၅လွှာက ကိုရီးယား ကြက်ကြော်

ကြက်ကြော်ချင်းတူပေမဲ့ မတူညီတဲ့အရသာတွေပေးမယ့် ကြက်ကြော်လို့ ဆိုရင် လွန်မယ် မထင်မိဘူး
ဆိုင်လာရင် အစားများတာက ကြက်ကြော်နဲ့ ကိုရီးယားထမင်းသုပ်လို့ ဆိုတယ်

Junction City မှာ Shopping ထွက်ရင်း စားလို့ရပြီး ဆိုင်က junction city 5 လွှာမှာဖြစ်ပါတယ်။ ဆိုင်ထဲနဲ့ အပြင်မှာ ထိုင်စရာ နှစ်နေရာရှိပြီး အပြင်ဘက်ဆိုရင် ရွှေတိဂုံဘုရားနဲ့ church ကျောင်းကို လှမ်းမြင်ရတဲ့ viewလေးနဲ့ဆိုတော့ တော်တော်မိုက်တယ်

ကြက်ကြော်ဆိုရင် ကိုရီးယား ဆော့စ်နဲ့ ကြော်ထားတော့အရသာက သူ့ပင်ကို အရသာရှိတယ် Bonchonဆိုင်မှာပထမဆုံး စားဖူးတာဖြစ်ပြီး ရန်ကုန်မှာ ကြက်ကြော်ဆိုင်တွေများပေမဲ့ ဒီဆိုင်က သူ့ရဲ့ Signature အရသာရှိတာကြောင့် စားကြည့်သင့်တဲ့ ဆိုင်ထဲမှာပါတယ် ကြက်ကြော်ချင်းတူရင်တောင် အရသာ ကွဲထွက်နေပြီး သူ့ရဲ့ ပင်ကို အရသာကို ‌ရရှိခံစားစေပါလိမ့်မယ်

နောက်တစ်ချက် ဆိုင်မှာ ကြက်ကြော်အားလုံးလိုလို အချိုနဲ့ အစပ်ဆိုပြီး ရှိပါတယ် ကြက်ကြော်ဆိုလည်း တောင်ပံ၊ Drumsticksလို အရိုးအသားနဲ့ ပြီးတော့ အသားကြီးပဲလည်းရှိတယ် ကောင်းတာက ကိုလာတောင် အကြီး၊ ‌အသေးရှိတယ်

Beerလည်း ရတော့ ညနေဆို တော်တော်မိုက်မယ်ထင်တယ် beer က View ဘက်ထိုင်တဲ့နားမှာရှိတယ် သက်သက်မှာရမှာပါ

Fried Tofu Bibimbap

ထမင်းသုပ်ဆိုရင် fried Tofu ဆို 4400ဖြစ်ပြီး spicy chicken ဆို 5400 ရွေးချယ်လို့ရတယ် ကိုရီးယားထမင်းသုပ် ကောင်းတော့ကောင်းတယ် အပေါ့ဘက်သွားတယ်

Drumsticks

သူကတော့ အသား၊ အရိုးနဲ့ ဒါကို ပိုကြိုက်တယ် အပေါ်က ဆော့စ်နဲ့ ကြော်ထားတာက သူ့ Signature အရသာထွက်တယ် Family ဆို 14900 ခုက Small 3900 ကိုယ်ကတော့ ကောက်ညှင်းပေါင်းနဲ့ စားခဲ့တာ

Chicken Potstic

ကြက်သားဖက်ထုပ်ကြော်က Homemade တဲ့ လုံး၀ Recommended ပါ Small ၃ခုကို 1900 Large ၆ခုဆို 3600ပါ တော်တော်ကောင်းတယ် အထဲက ကြက်သားနဲ့အရသာရှိပြီး ကြွတ်ကြွတ်လေးနဲ့ ဆိမ့်ဆိမ့်လေး

Snack Wings

ကြက်တောင်ပံကတော့ အပေါ့စား စားစရာတွေပါ သူက Family တွေထိဆို 14400ထိ ရှိပြီး Snack ၂ခုလောက်ဆို 1900 ကိုယ် စားမယ့်အပေါ်မူတည်ပြီး အစားစား မှာယူလို့ရတယ်

Cheesy Fries 2000

‌အာလူးကြော်ထားတာကို အချဉ်ရည်‌လည်းပေးပြီး Cheese ရော အာလူးကြော်ထဲ ရောထည့်ပေးသေးတာ ချဉ်ရည်နဲ့ထက် Cheese နဲ့ ပိုမိုက်တယ်

Fried Tofu

ဆိုင်လိပ်စာလေးက

“ Bonchon”

Junction City ၅လွှာ။

By : Nay

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img