fb_icon

bnr_tob_1

2020.01.27FOOD

အိန္ဒိယအစားအစာတွေ ကြိုက်နှစ်သက်သူများအတွက် ရန်ကုန်မြို့က Bombay Burma

အိန္ဒိယအစားအစာတွေ ကြိုက်နှစ်သက်တယ် Halal လည်းဖြစ် အိန္ဒိယစာဖိုမှူးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးထားပြီး လူမျိုးဘာသာမရွေးစားသောကမတိုင်တဲ့ Bombay Burma ပဲဖြစ်ပါတယ်။

Bombay Burma မှာတော့ ပုဇွန်ဒံပေါက်က နာမည်ကျော် အမယ်တစ်ခုပဲဖြစ်ပါတယ်။ အိန္ဒိယဒံပေါက်စစ်စစ်ကိုမှ စားသုံးလိုသူတွေအတွက် ကွက်တိပါပဲ။ ဒံပေါက်ကိုချက်တဲ့နေရာမှာ မြေအိုးအပေါ်ကို ဂျုံနဲ့ ပိတ်ပြီး မိနစ် ၂၀ ကြာအောင်ချက်ထားပေးတာ တကယ်လတ်ဆတ်ပူနွေးအရသာရှိလှပါတယ်။ ကော့စင်းနေတဲ့ Basamati Rice ဒံပေါက်ကို တွဲစားဖို့ ပုဇွန်အပြင် ကြက်သား ၊ ဆိတ်သား၊ ငါး ၊ ကြက်ဥ နဲ့လည်းရွေးလို့ရပါတယ်။ အချဉ်ကတော့ အိန္ဒိယရိုးရာအတိုင်း ဒိန်ချဉ်အချဉ်မျိုးပေးတာ မို့ မြန်မာပြည်နေပြီ အိန္ဒိယအစားအစာစစ်စစ်ကို စားခွင့်ရတာဖြစ်ပါတယ်နော်။

အန္ဒိယအစားအစာတွေဖြစ်တဲ့ တိုရှည်၊ ပူရီ ၊ချာပါတီ၊ ကြက်ဥတိုရှည်၊ မဆလာတိုရှည် ၊ ထောပတ်နံပြား ၊ ကြက်သွန်ဖြူနံပြား၊ ကြက်နံပြား၊ ဆိတ်နံပြား၊ ပလာတာ အစရှိသဖြင့် အမျိုးစားအစုံအလင်ကို ရနိုင်သလို နာမည်ကျော် ဂျင်းလက်ဖက်ရည်နဲ့ မဆလာ လက်ဖက်ရည်တို့ပါရနိုင်ပါတယ်။

အိန္ဒိယအစားအစာတွေအပြင် တရုတ်ခေါက်ဆွဲကြော် ထမင်းကြော် ကြက်ချိုချဉ် နဲ့ မြန်မာ တခြားဟင်းတွေလည်း ရနိုင်တဲ့ဆိုင်ကောင်းတစ်ဆိုင်ဖြစ်ပါတယ်။

လတ်ဆတ်တဲ့ ဖျော်ရည်မျိုးစုံကိုလည်းရနိုင်ပါသေးတယ်။ Aircon နိုင်ပြီး သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်အပြင်အဆင်နဲ့မို့ တစ်ခါလောက်တော့ သွားစားကြည့်သင့်ပါတယ်နော်။

Menu တွေကို ပြောရမယ်ဆိုရင် အကင် ရော ဟင်းရော Vegetable နဲ့ Non Vegetable ဆိုပြီးခွဲထားပေးပါတယ်။ ပါနာပူရီ/ဒိန်ခဲကင်/ ကြက်ပေါင်ကင် အစရှိတဲ့ဟင်းပွဲတွေက လူကြိုက်များပါတယ်။ ဈေးနှုန်းတွေကလည်းသင့်တင့်မျှတပါတယ်။

Take Away /Door Deliver အိမ်အရောက်ဝန်ဆောင်မူများ အပြင် မွေးနေ့ပွဲညစာစားပွဲ မီသားစု တွေ့ဆုံပွဲ အခြားပါတီပွဲများနှင့် set Menu များကိုလည်း စိတ်တိုင်းကျ စီစဉ်ပေးတယ်လို့သိရပါတယ်။

Bombay Burma Indian Restaurant ရဲ့လိပ်စာကတော့ အမှတ် 177 / 179 ၊ ဗိုလ်မင်းရောင်လမ်းမကြီး ။ မင်္ဂလာတောင်ညွှန့်မြို့နယ် (သိမ်ဖြူလမ်းဘက်က ဝင်ရင်ပိုနီးပြီး ၁၀၃ လမ်းထိပ်တည့်တည့်) မှာတည်ရှိပါတယ်။

အိန္ဒိယအစားအစာတွေ ကြိုက်နှစ်သက်သူများအတွက် ရန်ကုန်မြို့က Bombay Burma Indian Restaurantအကြောင်းကို ပြောပြပေးလိုက်ပါတယ်။

By : TT

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img