bnr_tob_1

2020.07.15SOCIAL

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်)ကို လေ့လာခွင့်ရမယ့် online exhibition

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်) တို့ကို ၇၃ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အတွက် online exhibition အနေနဲ့ ပြသပေးသွားမှာြဖစ်ပါတယ်။

နှစ်စဉ် အာဇာနည်နေ့တွေမှာ ဗိုလ်ချုပ်အောင်ဆန်းြ
ပတိုက်(ရန်ကုန်)နဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့မှာ အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲတွေကို အများပြည်သူလေ့လာနိုင်ဖို့ ဖွင့်လှစ်ပြသပေးခဲ့ပေမယ့် လတ်တလောဖြစ်ပွားနေတဲ့ Covid 19 ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်တဲ့အနေနဲ့ ဖွင့်လှစ်ပြသပေးမှာမဟုတ်ဘဲ online မှသာ ပြသပေးသွားမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ဟာ ဗဟန်းမြို့နယ်၊ ဗိုလ်ချို ၁ ရပ်ကွက် ၊ ဗိုလ်ချုပ်ပြတိုက်လမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ် ြပြီး ဗိုလ်ချုပ်အောင်ဆန်းမှာ မိသားစုနဲ့အတူ ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ဗိုလ်ချုပ်ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက်ပိုင်း ၁၉၅၇ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှာ နိုင်ငံတော်အစိုးရက ဗိုလ်ချုပ်ရဲ့ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ထံမှ ပရိဘောဂပစ္စည်းနဲ့ ဗိုလ်ချုပ်ရဲ့အသုံးအဆောင်ပစ္စည်းတွေကို ပြတိုက်ပစ္စည်းအဖြစ် ပြသထားရှိဖို စုဆောင်းခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်) ကတော့ ဗိုလ်ချုပ်ရဲ့မိဘတွေဖြစ်တဲ့ ဦးဖာ နဲ့ ဒေါ်စု တို့ လက်ထက်ကတည်းက ဆောက်လုပ်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီအိမ်မှာ ၁၉၁၅ ခုနှစ်မှ ၁၉၂၉ ခုနှစ်အထိ နေထိုင်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ် ကွယ်လွန်ပြီးနောက်ပိုင်း ၁၉၇၃ ခုနှစ်မှာ နိုင်ငံတော်ကိုလှူဒါန်းခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ မီးလောင်ခံလိုက်ရတဲ့အတွက် မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွေကို ၂၀၂၀ ခု၊ ဇူလိုင် ၁၉ မှာကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် online exhibition အနေနဲ့ ပြသပေးမှာဖြစ်လို ့ ဝင်ရောက်ကြည့်ရှူ့လိုပါက

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)
htttps://www.nationalmuseumyangon.mm
https://www.facebook.com/nationalmuseumyangon

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)
https://www.generalaungsanmuseum.com
https://www.facebook.com/National-Museum-Nay-Pyi-Taw-809739482451309

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
http://www.moculture.gov.mm
Facebook-MORAC-CultureNews

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန
Facebook-Department of Archaeology and National Museum

အမျိုးသားပြတိုက်(နေပြည်တော်)
Facebook-National Museum Nay Pyi Taw

တို့မှာ ၁၆-၇-၂၀၂၀ ရက်နေ့ကစပြီး တစ်နှစ်ပတ်လုံး ဝင်ရောက်ကြည့်ရှူ့နိုင်မှာ ဖြစ်ပါတယ်။

By : Kyaw Thura Tun

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img