bnr_tob_1

2020.03.05LIFE&TREND

မျက်နှာကိုပြာမသွားဘဲ အေးအေးလေးနဲ့ပြောင်ပြောင်တင်းတင်းလေးဖြစ်စေတဲ့ Bioré Sunscreen

ရာသီဥတုက ပူလောင်ရတဲ့အထဲ လေထုကလည်း ညစ်ညမ်းနေတော့ ကျွန်မတို့ခမျာမှာ ဘယ်နေရာမှာ ရှင်သန်ရပါတော့မလဲ? မည်သို့ပင်ဆိုစေကာမူ အသက်ရှင်နေထိုင်စားသောက်ဖို့အတွက် အလုပ်လုပ်ရမှာဆိုအုံးတော့ ကျွန်မတို့ အပြင်ပိုင်းအသွင်အပြင်အတွက် အကာအကွယ်တွေဆောင်ထားရပါတော့မယ်။ ဒီနေ့အတွက် ကျွန်မပြောပြချင်တဲ့အဆောင်အယောင်ကတော့ Sunscreen/Sun cream ပါ။

နွေရာသီလည်းရောက်လာပါပြီ။ နေအပူရှိန်ကလည်း တစ်ရက်ထက်တစ်ရက်ဆိုးရွားလို့လာပါပြီ။ ခရမ်းလွန်ရောင်ခြည်နဲ့ နေ့တိုင်းထိတွေ့လွန်းရင်ကင်ဆာရောဂါရတဲ့အထိ ဖြစ်နို်င်ပါတယ်။ နေလောင်ဒဏ်ခံလွန်းရင် အသက်ကြီးလာတဲ့အခါ တင်းတိပ်အဖြစ်မြန်ပြီး အသားအရေလျော့ရွဲတာနဲ့ အသားအရေတွန့်ခေါက်တာတွေဖြစ်လာနိုင်ပါတယ်။

ဒီလိုမဖြစ်ချင်ရင်တော့ ကာကွယ်ရမယ့်နည်းလမ်းတစ်နည်းပဲရှိပါတယ်။ ဒါကတော့ suncream လိမ်းပါ။

Suncream လို့ဆိုလိုက်ရင်တော်တော်များများက မျက်နှာပူပြီး အသားအရေပြာသွားတဲ့ Cream လို့လူသိများတယ်။ ဒီလိုပြသနာတွေလုံး၀မဖြစ်တော့တဲ့အပြင် အသားအရေကို အေးအေးလေးဖြစ်သွားစေလောက်အောင် နာမည်ကြီးတဲ့ Suncream တစ်ဘူးနဲ့မိတ်ဆက်ပေးပါရစေ..၊ သူကတော့ တခြားမဟုတ် Bioré ဖြစ်ပါတယ်။  Bioré  ဆိုတာက ဂျပန်မှာလည်း နာမည်ရှိ Brand တစ်ခုဖြစ်သလို နိုင်ငံတကာမှာလည်း တွင်တွင်ကျယ်ကျယ်သုံးနေတာမို့ စိတ်ချယုံကြည်စွာသုံးနိုင်ပါတယ်။

Biore UV Aqua Rich Watery Essence နဲ့ Bioré UV AQUA Rich Watery Gel ဆိုပြီး ၂မျိုးရှိပါတယ်။

Biore UV AQUA Rich Watery Gel ကိုတော့
Oily skin, Combination skin, Normal skin သမားတွေ အသုံးပြုရန်သင့်တော်ပါတယ်။ Dry Skin သမားတွေအသုံးပြုချင်ရင်တော့ heavy ဖြစ်မယ့် moisturizer တစ်ခုခုခံပြီးလိမ်းပေးပါ။ Tone-up effect ပါတယ်။
မိတ်ကပ်မလိမ်းခင်မှာ Base အဖြစ်အသုံးပြုရင် အထူးကောင်းမွန်ပါတယ်။ အချိန်ကြာလာတဲ့အခါ မိတ်ကပ်တွေညိုသွားတာတွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။

Bioré UV AQUA Rich Watery Essence ကိုတော့  Normal skin နှင့် Dry skin သမားများအသုံးပြုရန်သင့်တော်ပါတယ်။ Cooling effect , Soft skin နဲ့ Glowing finish ပါ၀င်ပါတယ်။
အသားအရေ Glow ချင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။

၂ဘူးစလုံးကို အနှစ်ချုပ်ဆိုရမယ်ဆိုရင်တော့

Hyaluronic Acid, Royal Jelly Extract & Citrus ‌ပေါင်းစပ်‌ပါ၀င်လို့ အသားအရေကို ရေဓာတ်ကောင်းစွာဖြည့်တင်းပေးပြီး စေးကပ်ကပ်မဖြစ်စေဘဲ အသားအရေကို စိုစိုလေးဖြစ်ကျန်စေတယ်။

Make up base အဖြစ်လဲ အောက်ခံသုံးနိုင်တယ်။

နောက် ပြီးတော့ ဒီ Sunscreen က Sweat proof , waterproof ပါပါ၀င်လို့
မိတ်ကပ်ပျက်သွားခဲ့ရင်လည်း မိတ်ကပ်ညို မနေဘဲ သပ်သပ်ရပ်ရပ်ကျန်ရှိနေပါတယ်။

လိမ်းထားမှန်းမသိသာစေဘဲ မိမိအသားအရေနဲ့ တသားထဲဖြစ်စေပါတယ်

မျက်နှာအသားအရေကို ပြောင်ပြောင်တင်းတင်းလေးရှိနေစေပါတယ်။

တန်ဖိုးကတော့ ၁၈၀၀၀ နဲ့ ၁၉၀၀၀ ကျပ်အသီးသီးရှိပြီး Beauty Diary နဲ့ Medial Care ဆိုင်များမှာရရှိပါတယ်။

By : Theingi Kyaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img