fb_icon

bnr_tob_1

2019.07.26LIFE&TREND

ရေမှပေးသော ကျန်းမာခြင်း နှင့် လှပခြင်း

ရေ၏အရေးပါမှုကို လူတိုင်းသိကြသော်လည်း လူတိုင်းလျစ်လျူရှုပီးနေကြပါတယ်။ လိုအပ်တဲ့ရေဓာတ်ပမာဏ ရရှိမယ်ဆိုရင်တော့ ကျန်းမာရေးကိုအထောက်အကူပြုသည့်အပြင် အလှအပရေးရာထိန်းသိမ်းမှုအတွက်လည်း များစွာအကျိုးရှိလှပါတယ်။ ရေဓာတ်ပမာဏမှာ လိုအပ်တာထက်များသွားခဲ့လျှင်လည်း ဆိုးကျိုးများဖြစ်လာတတ်ပါတယ်။ ဆိုးကျိုးမဖြစ်ပေါ်အောင် ရေကိုစနစ်တကျ သောက်တတ်ဖို့လိုအပ်ပါတယ်။

စနစ်တကျ ရေသောက်နည်း
၁။ မနက်အိပ်ရာမှနိုးနိုးခြင်း ရေ(၂)ဖန်ခွက်။
၂။ အစာမစားမီ မိနစ် ၃၀ အလိုတွင် ရေ(၁)ဖန်ခွက်။
၃။ ညအိပ်ရာဝင်ခါနီး ရေ(၁)ဖန်ခွက်။
၄။ တစ်ရေးနိုးထသည့် အချိန်တွင် ရေ(၁)ဖန်ခွက်။
၅။ နေပူထဲမှပြန်လာလျှင် ရေ(၁)ဖန်ခွက်။ (ရေခဲရေဖြစ်လျှင် ချက်ခြင်းမသောက်ဘဲ ခဏနားပီးမှသောက်ပါ။)
၆။ အရိပ်ထဲ(အေးနေသည့်နေရာ) မှ အပူထဲသွားခင် ရိုးရိုးရေ(၁)ဖန်ခွက် သောက်ပီးမှသွားပါ။
၇။ ရေမချိုးခင် မိနစ် ၃၀ အလိုတွင် ရေ(၁)ဖန်ခွက်။

မှတ်ချက် ။ ။ အစာစားနေချိန် နှင့် စားပြီးချက်ချင်း တတ်နိုင်လျှင် ရေမသောက်ပါနဲ့။ ကြားအချိန်များတွင် ရေကိုနည်းနည်းနှင့်မကြာခဏ သောက်ပေးပါ။ လူတစ်ယောက်အတွက် တစ်နေ့ကို ရေသန့်ဘူး(၂)ဘူး (သို့မဟုတ်) ရေ(၈)ဖန်ခွက် အနည်းဆုံးသောက်ပေးရပါမယ်။

ရေနှင့်ကျန်းမာရေး
၁။ မနက်အိပ်ရာမှနိုးနိုးခြင်း ရေသောက်ခြင်းဖြင့် တစ်ညလုံးငြိမ်သက်နေတဲ့ ကိုယ်တွင်းကလီစာများအား နိုးထစေပီး ဝမ်းသွားဖို့အားဖြစ်စေပါတယ်။ ဝမ်းချုပ်တတ်သူများ နှင့် လိပ်ခေါင်းရှိသူများအတွက် အလွန်အကျိုးရှိပါတယ်။
၂။ အစာမစားမီ ရေသောက်ခြင်းကြောင့် အစာကြေလွယ်ပါတယ်။
၃။ ညအိပ်ရာမဝင်ခင် ရေသောက်ခြင်းဖြင့် နှလုံးရောဂါ နှင့် လေဖြတ်ခြင်းကို လျော့နည်းစေပါတယ်။
၄။ တစ်ရေးနိုးထသည့် အချိန်တွင်ရေသောက်ခြင်းဖြင့် အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သား ကြွက်တက်ခြင်းကို မဖြစ်စေပါဘူး။
၅။ နေပူထဲမှ အရိပ်ထဲ(အေးနေသည့်နေရာ) သို့ ဝင်ခြင်း၊ အရိပ်ထဲ(အေးနေသည့်နေရာ) မှ အပူထဲထွက်လျှင် ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးသောကြောင့် အပူရှပ်ခြင်းကို မဖြစ်စေပါဘူး။
၆။ ရေမချိုးခင် ရေသောက်ခြင်းဖြင့် သွေးကျစေပါတယ်။

ရေနှင့်အလှအပရေးရာ
ရေသောက်ခြင်းသည် ကျန်းမာရေးကို အကျိုးပြုရုံသာမက အလှအပအတွက်လည်း ငွေမကုန်ဘဲအကျိုးပြုချက်တွေ များပြားလှပါတယ်။ ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များ ဖယ်ရှားသွားသောကြောင့် အသားအရေမှာကြည်လင်စိုပြေလာပြီး အရွယ်မတိုင်ခင်ပါးရေတွန့်ခြင်းများကို ကာကွယ်ပေးမှုကြောင့် အရွယ်တင်လှပစေပါတယ်။ ရေပုံမှန်သောက်ခြင်းကြောင့် ဝမ်းမှန်စေပြီး ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ကင်းဝေးစေပါတယ်။ ရေသောက်ခြင်းသည် ခန္ဓာကိုယ်ထဲက ကယ်လိုရီလောင်ကျွမ်းမှုကို မြန်ဆန်စေသောကြောင့် ငွေကုန်သက်သာပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဝိတ်ချနည်းလည်း ဖြစ်ပါတယ်။ ရေများများသောက်လျှင် ကျန်းမာသန်စွမ်းတဲ့ ဆံပင်လေးတွေကို ပိုင်ဆိုင်စေပါတယ်။ ရေသောက်နည်းလျှင် ဆံပင်ကျွတ်ခြင်း၊ မွဲခြောက်ခြောက်ဖြစ်ခြင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

အခုလို တုတ်ကွေးရာသီများတွင် ရေများများသောက်ခြင်းဖြင့် ဆီးသွားပြီးအပူကျခြင်း၊ နှာစေးချောင်းဆိုးခြင်းများကိုလည် သက်သာစေပါတယ်။ ရေသောက်လျှင် ဆီးသွားခြင်းကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း နှင့် ကျောက်တည်ခြင်းများကို တားဆီးပေးပါတယ်။ ရေသောက်ခြင်းဖြင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို များစွာအကျိုးပြုစေခြင်းကြောင့် ဘေးရောဂါအပေါင်းကို တိုက်ထုတ်နိုင်ပြီး ကျန်းမာပျော်ရွှင်စေပါတယ်။ ကလေးများကိုလည်း ငယ်ငယ်ကတည်းက ရေများများသောက်တတ်အောင် သင်ပေးထားသင့်ပါတယ်။ ရေသိပ်မသောက်နိုင်တဲ့ သက်ကြီးရွယ်အိုများကိုလည်း သောက်နိုင်သလောက်နည်းနည်းဖြင့် ခဏခဏတိုက်ပေးပါ။ နောက်ပိုင်း ရေကိုတဖြည်းဖြည်းနဲ့ တိုးတိုက်ပေးပါ။ သန့်ရှင်းသောရေကို စနစ်တကျသောက်ပေးခြင်းဖြင့် အရွယ်(၃)ပါး ကျန်းမာအလှတိုးစေပါတယ်။

By : Yathaw

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img