bnr_tob_1

2020.07.23TRAVEL

မြန်မာပြည်ရဲ့အလှဆုံးဘူတာရုံလေးရှိရာမြို့ဆီသို့

အရမ်းကြိုက်တဲ့ဗျိုက်တောင်ရှေ့ကုန်းကမူလေးကြားကသံလမ်းလေး

ကလောမြို့ကို အခြေတည်ထားတဲ့ ဝတ္ထုလေးဖတ်ရင်းနဲ့ ဒီမြို့လေးအကြောင်း ရေးဖို့ဖြစ်လာတယ်။ လွမ်းမောဖွယ်တောင်တန်းတွေရယ် အနောက်တိုင်းဆန်တဲ့ အငွေ့အသက်တွေရယ် ချမ်းစိမ့်စိမ့်ရာသီဥတုရယ် ရိုးရာအစားအသောက်တွေရယ် အဲဒါတွေကိုခံစားချင်လို့ ကလောမလာချင်တဲ့လူရယ်လို့ မရှိဘူးလို့ထင်တာပဲ။ လူငယ်တွေကြားမှာလည်း အမြဲသွားချင်နေတဲ့ မြို့ဟာ ဘယ်မြို့လဲမေးရင် ကလောလို့ပဲပြောကြမယ်ထင်ပါတယ် ကိုယ်အပါအဝင်ပေါ့။ အခုလည်း ဒီမြို့လေးအကြောင်းကို ရေးရင်းနဲ့ လွမ်းလိုက်တာဆိုမျိုးပေါ့။ ဘယ်လိုသွားရမှာလဲ ကလောသွားချင်ရင်ရန်ကုန်-တောင်ကြီးကားကိုစီးပီး ကလောမှာကျန်ခဲ့ရတာဆိုတော့ တောင်ကြီးရောက်တဲ့ ကားဘယ်ဟာစီးစီးအဆင်ပြေပါတယ်။ကိုယ်ကတော့ JJနဲ့လုမ္ဗီနီပဲအစီးများတယ်။

ပဲပဲ

တည်းခိုစရာနေရာတွေ

ဟိုတယ်တော်တော်ပေါတဲ့မြို့လို့ပြောရမယ်။တည်းဖူးတဲ့ဟိုတယ်လေးခုလောက်တော့ရှိတယ်။တည်းခဲ့တဲ့လေးခုလုံးလည်းကြိုက်တယ်။
Essence Motel-Ride behind the kalaw နဲ့off roadဆိုင်ကယ်စီးတဲ့ tourသွားတော့ သူတို့motelမှာပဲတစ်ခါတည်းစီစဉ်ပေးတော့တည်းဖြစ်တယ်။ motelသာဆိုတာ ဟိုတယ်အတိုင်းပဲ အခန်းတွေအရမ်းကောင်းတယ်။အခု၃၀%disတွေချနေတယ်။

Kalaw Heritage hotelကမရိုက်မဖြစ်နေရာလေး

Kalaw Heritage hotel-ရှေးဆန်တဲ့ဟိုတယ်မှာတည်းဖူးချင်လို့သွားတည်းခဲ့တာ ပေးရတဲ့စျေးတဲ့နေခဲ့ရတဲ့ခံစားမှုနဲ့ကအရမ်းတန်တယ်လို့ထင်တယ်

Hilllock villa-နေရာကျဉ်းကျဉ်းလေးနဲ့ နွေးထွေးမှုကိုခံစားရတဲ့ဟိုတယ်မျိုး။ ဟိုတယ်ဆိုတာထက် ကလောကအသိအိမ်တစ်ခုမှာတည်းရတဲ့ခံစားမှုမျိုးရတယ်။

The hotel Kalaw hill lodge-မြို့ထဲနဲ့ဝေးပေမယ့်အေးအေးဆေးဆေးနေချင်တဲ့သူတွေ မိသားစုလိုက်အနားယူချင်တဲ့သူတွေအတွက်အရမ်းအဆင်ပြေတယ်။ဟိုတယ်အကြောင်းလေးကိုဒီမှာဖတ်လို့ရပါတယ်။

https://www.facebook.com/886399875033908/posts/937474543259774/

ကလောမြို့လေးကိုလွမ်းနေစေမယ့်နေရာလေးတွေ

ကလောဘူတာ

အလှဆုံးဘူတာရုံလေးဆိုတာကိုယ်ပြောတာယုံလိုက်။ကိုလိုနီခေတ်အငွေ့အသက်တွေနဲ့ဒီဘူတာလေးကမြန်မာပြည်မှာဓာတ်ပုံအရိုက်ခံရဆုံးဘူတာဖြစ်မယ်ထင်တယ်။

နှစ်တစ်ရာဘုရားကျောင်း

နှစ်တစ်ရာchurchမှာ

ကလော အထက၂ရှေ့မှာရှိတဲ့ ဒီဘုရားကျောင်းက မြင်နေကျခရစ်ယာန်ဘုရားကျောင်းတွေလို အနီရောင်တော့မဟုတ်ဘူး အဖြူရောင်လေး။

Cafe kalawမှာ

ကလောနာရီစင်နဲ့မောမြေဦးပန်းခြံ

ထင်းရှူးတွေနဲ့ဓာတ်ပုံရိုက်ချင်ရင်မောမြေဦးပန်းခြံထဲမှာစိတ်ကြိုက်သွားရိုက်လို့ရတယ်။ကလောဘူတာနဲ့တည့်တည့်လမ်းထိပ်မှာနာရီစင်ကြီးရှိပါတယ်။အဲဘေးကမောမြေဦးပန်းခြံပါပဲ။

ကလောဗျူးပွိုင့်

မြို့ထဲနဲ့တော့ဝေးတယ်ဆိုသော်လည်းအခုချိန်မှာတော့သူကကလောရဲ့အမိုက်ဆုံးနေရာပါပဲ။ဗျူးပွင့်မှာနေရာတွေအသစ်ထပ်လုပ်ထားတာတွေ့တယ်။နှီးဘုရားနားကနေသွားရတယ်။အဲမှာနွားနို့နဲ့ချာပါတီကောင်းတယ်။

ဗျိုက်တောင်

ဗျိုက်တောင်ရှုခင်းအသေမိုက်

ကလောမြို့အထွက် လွိုင်ကော်သွားတဲ့လမ်းမှာရှိတာပါ။ ဗျိုက်ကြော်ငြာရိုက်သွားတာမို့ ဗျိုက်တောင်လို့ပဲခေါ်ကြတယ်။ ဗျိုက်တောင်အရှေ့ကကုန်းကမူလေးရဲ့နောက်မှာ ရထားသံလမ်းလေးရှိတယ်။တောင်နှစ်ခုကြားမှာရထားသံလေးလေးရှိတာ အရမ်းလှတယ်။အဲဒီကုန်းလေးပေါ်ကနေမြင်ရတဲ့လမ်းနဲ့ ဗျိုက်တောင်ရှုခင်းကိုတော့ အရမ်းကြိုက်တယ်။

နှီးဘုရား

ကလောနှီးဘုရားကတော့မရောက်ဖူးကြပေမယ့်အမြဲကြားဖူးကြမှာပါ။အရင်က ကလောမှာခရီးသွားလုပ်ငန်းခေတ်မစားခင်ကဆိုရင် ရှမ်းပြည်ဘက်ခရီးသွားကြတဲ့သူတွေက ကလောကနှီးဘုရားကိုတော့ဝင်ဖူူကြတာချည်းပါပဲ။နှီးဘုရားနားမှာပဲနာမည်ကျော်cafe kalawရှိပါတယ်။

သိမ်တောင်

ကလောမြို့ကိုကားဆိုက်တာနဲ့ကားဂိတ်ရဲ့အရှေ့ဘက်နားလေးမှာသိမ်တောင်ကိုတက်တဲ့မုခ်ဦးရှိတယ်။ချိုင့်ဝှမ်းထဲက ကလောမြို့အလှကိုသိမ်တောင်ပေါ်ကတက်ကြည့်ရင်မြင်ရလိမ့်မယ်။

အိုးစည်တောင်

အိုးစည်တောင်မှာနေထွက်ချိန်သွားကြည့်တာ

အိုးစည်တောင်ကကျတော့သိမ်တောင်ထက်ပိုမြင့်တယ်။ဆောင်းတွင်းဆိုရင်တိမ်ပင်လယ်အဲပေါ်ကတက်ကြည့်လို့ရတယ်။အဲအပေါ်ကကြည့်ရင်ကလောမြို့အနီးအနားကရွာတွေရှုခင်းနဲ့ပင်းတယသွားတဲ့လမ်းကတောင်တွေကိုပါမြင်ရတယ်။

တိမ်ပင်လယ်ကိုအိုးစည်တောင်ကနေမြင်ရတာ
Hilllock villaမှာ
ရထားမျှော်တာ
Kalaw Heritage မှာပဲပေး

စားစရာသောက်စရာတွေ

ရှမ်းပြည်လာမှတော့ရှမ်းအစားအသောက်ကမစားမဖြစ်ပေါ့။ရှမ်းစာစားချင်ရင်
-ကလောစျေးထဲမှာမနက်ပိုင်းသွားစားလို့ရတယ်
-ဓာတ်ပုံလှလှလေးရိုက် ရှုခင်းကြည့်ပီးစားချင်ရင်တော့ ကိုယ်အရမ်းသဘောကျတဲ့ Kalaw Farm House ရှိတယ်။ မနက်ဘက်ဆိုရင် ရှမ်းခေါက်ဆွဲ ခေါပုတ်ကြော် အစုံရတယ်။နေ့လည်စာဆိုရင်လည်းရိုးရာတောင်ယာဟင်းတွေရတယ် စိုက်ခင်းထဲကလတ်လတ်ဆတ်ဆတ်ခူးပီးချက်ပေးတာ။
-ပြည်ထောင်စုလမ်းမကြီးပေါ်က ပြည့်ပြည့်မှာလည်းရှမ်းစာတွေရတယ်။တစ်နေ့လုံးရောင်းတာ။
အိန္ဒိယအစားအသောက်
-ကလောမှာမဆလာလက်ဘက်ရည်ရယ် အာလူးပူရီရယ်စားဖြစ်အောင်စားခဲ့ပါ။မဆလာလက်ဘက်ရည်ကလူတိုင်းမကြိုက်လောက်ပေမယ့်မြည်းကြည့်သင့်တယ်။အခြားအိန္ဒိယအစားအစာတွေလည်းအများကြီးရသေးတယ်။Everest Nepali restaurantရယ် Talkie Houseရယ် အဲမှာသွားစားကြည့်ပါ။everestကတော့လူများတော့စောင့်ရတယ်။
မြန်မာထမင်းဆိုင် သုမောင်မှာတော့စားခဲ့တယ်။ အရံဟင်းတွေလည်း အရမ်းစုံပီးစားရအဆင်ပြေတယ်။ Seven sistersမှာတော့ သွားစားတာ လူများလို့ မစောင့်နိုင်ဘဲပြန်လာခဲ့ရတယ်။

စျေးနေ့နဲ့ကြုံခဲ့တော့ မစားဖူးတဲ့အစားအသောက်လေးတွေလျှောက်မြည်းကြည့်တာပေါ့ အောက်ကပုံလေးတွေကစျေးနေ့မှာစားခဲ့တဲ့ဟာလေးတွေ

ပင်စိမ်းသီးသုပ်
ပင်စိမ်းသီးအချဉ်
မုန့်လက်ကောက်
ကရေကရာအတုံးလေးတွေ
View pointက ချာပါတီနဲ့နွားနို့
Talkie houseမှာ
စျေးထဲက ငါးထမင်းနယ်
Everestမှာ

Kalaw Farm House မှာအဲလိုစားလို့ရတယ် တောင်ယာစိုက်ခင်းလေးကြည့်ပီး တောင်ယာဟင်းစားရတဲ့ဖီလင်လေး
Photo-credit

Kalaw Farm Houseကအရမ်းကြိုက်တဲ့နှမ်းထောင်းခေါပုတ်
Photo-credit

ရွာငံကမိန်းမရဲသခင်မတောင်
Essence motelကမြင်ရတဲ့ကလောမြို့လေး
Essence motelရှေ့ကလမ်းလေး
Red House မှာညဘက်ထိုင်လို့ကောင်းတယ်
ဒါကလွန်ခဲ့တဲ့နှစ်နှစ် Ride Behind The Kalawနဲ့ဆိုင်ကယ်စီးတုန်းက
Kalaw Heritage hotelမှာ
Kalaw Heritage Hotelရဲ႕lobby
Talkie House အရင်တုန်းကရုပ်ရှင်ရုံကိုအခုဆိုင်ပြန်လုပ်ထားတာ
ဗျိုက်တောင်နားကတောင်စောင်းလေးမှာရထားဖြတ်သွားတာ
ပန်းနှမ်းတွေဝေတဲ့အချိန်ကလောရောက်ခဲ့တယ်
လွမ်းမောစရာဘူတာရုံလေး
ကလောနောက်ခံဝတ္ထုလေး ဖတ်နေတာဘယ်နှစ်ကြိမ်မှန်းတောင်မသိတော့ဘူး အရမ်းကြိုက်တယ်

ကော်ဖီဆိုင်လေးတွေ

ကလောမှာကော်ဖီဆိုင်လေးတွေ ဘားတွေအများကြီးရှိပေမယ့် ထိုင်ဖြစ်ခဲ့တာက Cafe Kalawရယ် Red House wine barရယ်ပါ။

ကလောမှာအခြေစိုက်ပီးအနီးအနားကမြို့လေးတွေသွားလည်လို့လည်းရတယ်။အသွားများကြတာက ရွာငံ ပင်းတယဘက်ပဲ။ပင်းတယဘက်သွားချင်ရင်အောက်ကlinkမှာဖတ်လို့ရပါတယ်။
https://www.facebook.com/886399875033908/posts/922350794772149/
ကျန်ခဲ့တဲ့နေရာလေးတွေရှိပါသေးတယ်။မရောက်ခဲ့လို့ကျန်ခဲ့ရင်cmtမှာပြောပေးခဲ့ပါနော်။❤️

Credit : https://www.facebook.com/zanflyingsolo

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img