fb_icon

bnr_tob_1

2019.07.15TRAVEL

မိုးရာသီနှင့် ကမ်းခြေခရီး

By ဟေမာန်ညီညီ

မိုးရာသီမှာ ခရီးသွားလို့ရပါ့မလား၊ မိုးတစိုစိုနဲ့ ဘယ်မှသွားလို့ မရရင် ပျော်စရာကောင်းပါ့ မလား၊ စားရေးသောက်ရေးက ကော အဆင်ပြေပါ့မလား စသဖြင့်ခရီးသွားဖို့ စိတ်ပူနေတဲ့ အတွေး တွေရှိရင် အခုပဲ ရပ်တန့်လိုက်ပါ။

တကယ်တော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ မျှော်မှန်းမထား တဲ့ ပျော်ရွှင်မှုတွေ ရနိုင်တယ်ဆို တာ လက်တွေ့ခရီးသွားကြည့်တဲ့ အခါ သိလာပါလိမ့်မယ်။

မိုးရာသီမှာ ပင်လယ်ကမ်း ခြေကို ခရီးသွားတဲ့အခါ ရလာ မယ့် ပျော်ရွှင်ခြင်းတွေကို မျှဝေ ပေးချင်ပါတယ်။

မိုးရာသီမှာ ကမ်းခြေသွားဖို့ ရွေးချယ်မယ်ဆိုရင် သွားလာရ တာ အရမ်းမဝေးတဲ့ ငွေဆောင်၊ ချောင်းသာတို့လို နေရာမျိုးကို ရွေးချယ်တာက ပိုပြီးသင့်လျော်ပါ တယ်။ ခရီးအဝေးကြီးသွားစရာ မလိုဘဲ အနားယူအပန်းဖြေတာ က ပိုကောင်းမယ်လို့ ယူဆလို့ပါ။ ဒါမှမဟုတ် ခရီးသွားချစ်သူ အ ကြိုက်သွားချင်တဲ့ ကမ်းခြေတွေ ရှိရင်လည်း ရွေးချယ်နိုင်ပါတယ်။

သွားချင်တဲ့ ကမ်းခြေကို ရွေး ချယ်ပြီးပြီဆိုရင်တော့ ခရီးသွားဖို့ အတွက် ကားလက်မှတ်နဲ့ တည်း ခိုဖို့ ဟိုတယ်တွေ စုံစမ်းရပါတော့ မယ်။ တချို့ခရီးသွားတွေကတော့ ကရိကထမများချင်တဲ့အတွက် ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ်ဆက် ပြီး သွားတာလည်း ရှိပါတယ်။ ခရီးတစ်ခုလုံးကို မိမိစိတ်ကြိုက်ပဲ ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ် တိုင်စုံစမ်းစီစဉ်ပြီးသွားတာက ပို ကောင်းပါတယ်။

မိုးရာသီမှာ ခရီးသွားနည်းတဲ့ အတွက် မိမိသွားချင်တဲ့ရက်မှာပဲ ကားလက်မှတ် လွယ်လွယ်ကူကူ ရနိုင်ပါတယ်။ မိုးရာသီဖြစ်တာ ကြောင့် ဟိုတယ်ခဈေးနှုန်းတွေ အလွန် သက်သာတာကလည်း အားသာချက်တစ်ခုပါ။ ဟိုတယ် တွေက အခန်းဈေးနှုန်းတွေ အပြိုင်အဆိုင် ချပေးနေတာမို့ မိမိစိတ် တိုင်းကျ ဝန်ဆောင်မှုကောင်းတဲ့ ဟိုတယ်တွေကို စိတ်ကြိုက်ရွေး ချယ်ရုံပါပဲ။

မိမိသွားမယ့် ကမ်းခြေခရီး ကို ဘယ်နှရက် အပန်းဖြေချင်တာ လဲ စဉ်းစားပြီး အခန်းကို ကြိုတင် ဘွတ်ကင်လုပ်ထားပါ။ အားလုံးစီစဉ်ပြီးလို့ ကုန်ကျစရိတ်ကို တွက်ကြည့်တဲ့အခါ ပုံမှန်ခရီးသွားရာသီ မှာ ကုန်ကျတဲ့နှုန်းထက် အများ ကြီးသက်သာနေတာ တွေ့ရပါ မယ်။ ဒါကြောင့် မိုးရာသီမှာ ကုန် ကျစရိတ်နည်းနည်းနဲ့ ခရီးသွားနိုင် တာကလည်း ပျော်ရွှင်ခြင်းတစ်ခု ပဲ မဟုတ်လား။

ရန်ကုန်ကနေ ချောင်းသာ (သို့မဟုတ်) ငွေဆောင်ကို ခြောက် နာရီခန့် ကားစီးပြီးတဲ့နောက်မှာ တော့ တည်းခိုမယ့် ဟိုတယ်ကို ရောက်ပါပြီ။ ရောက်တဲ့အချိန် က မနက်အစောပိုင်းဖြစ်ပေမယ့် Early Checkin လုပ်လို့ရပါ တယ်။ အဲဒီအတွက် ငွေကြေးထပ် ကောက်တာမျိုးလည်း မရှိပါဘူး။ ပုံမှန်ခရီးသွားရာသီဆိုရင်တော့ ဒီလိုအခွင့်အရေးရဖို့ နည်းပါ တယ်။ အခုတော့ ဧည့်သည်ပါးတဲ့ ရာသီဖြစ်တာကြောင့် မိမိတည်းခိုရမယ့်အခန်းမှာ စောစောနားခွင့်ရ တာပါ။

အခန်းမှာ ခဏတစ်ဖြုတ်နား ပြီးရင်တော့ ဟိုတယ်က ရေကူး ကန်မှာ ရေဆော့မလား၊ ကမ်းခြေ ဆင်းပြီး လမ်းလျှောက်မလား၊ ဓာတ်ပုံရိုက်မလား ကြိုက်နှစ် သက်ရာလုပ်လို့ရပါပြီ။ မိုးရာသီ ဖြစ်တဲ့အတွက် ပင်လယ်ထဲဆင်း ပြီး ရေဆော့ခွင့်တော့ သိပ်မမှန်း ပါနဲ့။ အန္တရာယ်ရှိနိုင်တာကြောင့် ခွင့်မပြုထားပါဘူး။ ကမ်းခြေမှာရှိ တဲ့ ဟိုတယ်တွေကလည်း ပင် လယ်ထဲ ရေဆင်းကူးခွင့်ကို ခွင့် မပြုကြောင်း သတိပေးစာတွေ ကပ်ထားတာ တွေ့ရမှာ ဖြစ်ပါ တယ်။ ဟိုတယ်က လုံခြုံရေးတွေ ကတော့ တည်းခိုတဲ့ဧည့်သည်တွေ ဘေးကင်းရေး ကမ်းစပ်မှာ လိုက်လံစောင့်ကြည့်ပေးနေတာ လည်း ရှိပါတယ်။

ပင်လယ်ထဲဆင်းပြီး ရေ ကစားခွင့်မရှိပေမယ့် ကမ်းခြေ ဆင်းပြီး ပင်လယ်လေကို တဝကြီး ရှူရှိုက်တာမျိုး၊ သဲသောင်ပြင် လွလွပေါ်မှာ လမ်းလျှောက်ပြီး ပင်လယ်ရဲ့အလှကို ခံစားတာမျိုး တွေ လုပ်နိုင်ပါတယ်။ သဲသောင် ပြင်စပ်က မြေစိုက်တဲလေးတွေထဲ မှာ သူငယ်ချင်းတွေ၊ မိသားစုနဲ့ ချစ်သူတွေ အတူထိုင်ပြီး အုန်းစိမ်း ရည်ချိုမြမြကို မြည်းစမ်းရင်း ရှေး ဟောင်းနှောင်းဖြစ် ပြောဆိုတာ တွေ လုပ်လို့ရပါတယ်။

ရေကစားမှကို ဖြစ်မယ်ဆိုတဲ့ ကမ်းခြေချစ်သူတွေဆိုရင်တော့ ရေကူးကန်ပါတဲ့ ဟိုတယ်ကို ရွေး တာက ပိုပြီးသင့်လျော်ပါတယ်။ ကမ်းခြေကို သူငယ်ချင်းတွေ အ များကြီးနဲ့ သွားသူတွေဆိုရင် ရေ ကူးကန်ထဲမှာ ဘောလုံးပစ်ကစား လိုက်၊ အဖွဲ့လိုက် ရေကူးလိုက်နဲ့ အချိန်ကုန်လို့ကုန်မှန်းမသိအောင် ပါပဲ။ ဒီလို အမှတ်တရတွေ ဖန် တီးတာက သူငယ်ချင်းတွေကြား မှာ ချစ်ခင်မှုတွေ တိုးလာစေပြီး ဆက်ဆံရေးလည်း ပိုကောင်းလာ မှာ အမှန်ပါ။

လုပ်ငန်းခွင်မှာ နေ့စဉ်ကြုံ တွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ၊ မိသားစုအရေးတွေကို ခဏမေ့ ထားပြီး ပျော်ရွှင်ရတဲ့ အခိုက်အ တန့် တစ်ခုကို ပိုင်ဆိုင်ခဲ့ကြတယ် လို့ဆိုရင်လည်း မမှားပါဘူး။

နောက်တစ်ချက်ကတော့ ဧည့်သည်နည်းတဲ့ ရာသီဖြစ်တာ ကြောင့် ပတ်ဝန်းကျင်က တိတ် ဆိတ်နေတဲ့အတွက် စာအုပ်တွေ စိတ်ကြိုက်ဖတ်ပြီး စိတ်ရောကိုယ် ပါ အနားယူအပန်းဖြေနိုင်တဲ့ အ ခွင့်အရေးလည်း ရှိနေပြန်ပါ တယ်။

မိုးရာသီ ကမ်းခြေသွားတဲ့ အခါ စားရေးသောက်ရေးအ တွက်လည်း စိတ်ပူနေစရာမလိုပါ ဘူး။ မိမိတည်းခိုတဲ့ ဟိုတယ်ကနေ မှာယူလို့ရပါတယ်။ ဒါပေမဲ့ ဟိုတယ်စာ မစားချင်ရင်လည်း ရွာထဲမှာရှိတဲ့ ဒေသခံတွေဆီ ဖုန်း ဆက်ပြီး ပင်လယ်စာတွေ တဝကြီးမှာစားလို့ရပါတယ်။

ဒေသခံတွေက ပင်လယ်စာ တွေကို ပူပူနွေးနွေးချက်ပြုတ်ပြီး တည်းခိုတဲ့ဟိုတယ်ရှေ့အရောက် လာပို့ပေးပါတယ်။ ဟင်းချက်အရ သာက ကောင်းမွန်ပြီး ဈေးနှုန်း တွေကလည်း သင့်တင့်တဲ့အ တွက် ကမ်းခြေသွားရင်း ပင်လယ် စာတွေကို စိတ်ကြိုက်စားခဲ့လို့ ရပါတယ်။ မိမိကြိုက်တဲ့ အစားအ သောက်တွေကို အရသာရှိရှိ စား သုံးရတာကလည်း ပျော်ရွှင်ခြင်း ပါပဲ။ အစားအသောက်က လူနဲ့ တည့်တယ်မဟုတ်လား။

ပင်လယ်ကမ်းခြေဆိုပေ မယ့်လည်း အမြဲတမ်း မိုးရွာနေ တာမျိုးမဟုတ်တဲ့အတွက် နေသာ တဲ့အချိန်တွေ၊ မိုးသားအုံ့ဆိုင်း ဆိုင်းအချိန်တွေမှာ ကမ်းခြေဆင်း ပြီး ဘောလုံးကန်လို့ရပါတယ်။ အခုလို မိုးရာသီမှာ ဟိုတယ်က ထွက်ခွာချိန်ကို နေ့ ၁၁ နာရီ၊၁၂ နာရီလောက်အထိ ပေးထား တတ်တာကြောင့် ပြန်မယ့်နေ့ မနက်မှာ မိမိအထုပ်အပိုးတွေကို အေးအေးဆေးဆေး သိမ်းဆည်း ပြီး မိသားစု၊ မိတ်ဆွေတွေအ တွက် အိမ်အပြန် လက်ဆောင် ပစ္စည်းတွေဝယ်ရင်း ပင်လယ်ကြီး ကို ပျော်ရွှင်စွာ နှုတ်ဆက်ခဲ့လိုက် ပါ။

ကဲ… စာဖတ်သူကော မိုး ရာသီမှာ ခရီးသွားဖို့အတွက် ရွေး ချယ်လိုက်ပြီလား၊ တောင်တန်း တွေဆီကိုလား… ၊ ပင်လယ်ကြီး ဆီကိုလား… ။

Credit : http://7daydaily.com/

rightside_img

アンケート登録

YANGON STYLE ではアンケートモニターを募集しています(無料)。

စစ်တမ်းကောက်ယူမှုအတွက် စာရင်းပေးသွင်းခြင်း

Yangon Style တွင် အွန်လိုင်းစစ်တမ်းကောက်ယူမှုများအတွက် ပါဝင်ဖြေဆိုလိုသူများကို စုဆောင်းလျှက်ရှိပါသည် (အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်)။စာရင်းပေးသွင်းထားပြီး စစ်တမ်းများကို ဖြေဆို၍ လက်ဆောင်ဖုန်းငွေဖြည့်ကတ်နှင့် လဲလှယ်နိုင်သော ပွိုင့်များကို ရယူလိုက်ကြရအောင်.........

登録

メールマガジン登録

YANGON STYLEの最新情報、会員特典情報を随時配信しています(週1回)。フォームから購読が可能です。

အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းခြင်း

Yangon Style မှာ အဖွဲ့ဝင်ပြုလုပ်ခြင်းဖြင့် တစ်ပတ်တစ်ကြိမ် နောက်ဆုံး သတင်းအချက်အလက်များကို သိရှိနိုင်ပါသည်။ အောက်ဖော်ပြပါ Button ကိုနှိပ်၍ အီးမေးလ် မဂ္ဂဇင်းအတွက် စာရင်းပေးသွင်းကာ ဖတ်ရှုနိုင်ပါသည်။

登録

広告掲載について

YANGON STYLE life&trend Mediaに広告掲載しませんか 商品訴求や人材募集など様々なジャンルでの広告主様を募集しています。

ကြော်ငြာကဏ္ဍ

YANGON STYLE life&trend Media ကဏ္ဍတွင် လူကြီးမင်းတို့၏ ကုန်ပစ္စည်းများနှင့် ဝန်ထမ်းခေါ်ယူမှု အစရှိသည့် ကဏ္ဍအမျိုးမျိုးနှင့်သက်ဆိုင်သော ကြော်ငြာများကိုလည်း ဝန်ဆောင်မှုပေးနေပါသည်။

お問い合わせ
feature_img